Showing posts with label အတွေး. Show all posts
Showing posts with label အတွေး. Show all posts

Saturday, June 6, 2009

မှန်မှာ ထောင်ဗျယ် ဖတ်ဖို့ အိပ်ရာထ၀တ္ထု (၃)

ပြောက်ကျားတပ်ထဲကနီတောထဲကို လမ်းလျှောက်ဖြတ်လာပြီးရေအခါ မိုးဂျောက်စွာ ညောင်းညောင်းနန့် တောလမ်းလေးက အပင်ချေ တစ်ပင်မှာ မှေးခနဲ့တရီး အိပ်ဖို့ကြံရေ။ အိပ်မောက မကျသိမ့် တိရိစ္ဆာန်နှစ်ကောင်က ဆူဗျယ်လမ်းလျှောက်လာပြီး သူအိပ်နိန်ရေ အပင်တစ်ဖက်မှာ ငြင်းခုန်နိန်ကတ်တေ။ မိုးဂျောက်က မှတ်တေ ဇာပိုင်ကောင်တိလေးချင့်။ အိပ်ဖို့ကမရ။ သူစိတ်တိုပနာ လိုက်ကြည့်ရေ။ ယား.. ယုန်နန့် လိပ် မနားယေ…
ယုန်နန့်လိပ် ရန်ဖြစ်နိန်ကတ်စွာက တခြားကြောင့်က မဟုတ်…အပြီးပြိုင်ကတ်စွာ ပထမဆုံးပွဲမှာ ယုန်က အိပ်နိန်လို့ရှုံးရေ။ နောက်တစ်ပွဲမှာခါ မအိပ်တေယုန်က နိုင်လားရေ။ မကျေနပ်တေ လိပ်က ရီကို ဖြတ်ပြီး ပြိုင်ခိုင်းခါ လိပ်ရာနိုင်ရေ။ကုန်းလမ်းသပ်သပ် ရီလမ်းသပ်သပ် ကိုယ့်လမ်းနန့်ကိုယ် ပြိုင်ရေအခေါက်မှာတော့ တစ်ကောင်ချင်းရောက်လားရေ ပန်းတိုင်မတူခါ အသူနိုင်မှန်းမသိ။ဆုံးဖြတ်ရ ခက်ပနာ ယင်းပိုင်နန့် ငြင်းနိန်ကတ်တေ။ ယင်းဟင့်ကို မိုးဂျောက်က အကြောင်းစုံ မီးကြည့်ခါမှ သိလားရေ။
“ နိန်ဦးသိမ့် ငါကူညီမေ...” ဆိုပြီး
မိုးဂျောက်စွာ ယုန်နဲ့လိပ်ကို ခေါ်ဗျယ်ပြောရေ။
``မင်းရို့နှစ်ကောင်စွာ တိရိစ္ဆာန်တိ ဖြစ်ကေလေ့.. အငြိမ်မနီ ဟိုပြိုင်ဒေပြိုင်နန့်။ အချေတိမှာလေ့ အလကားနီယင်း သင်ဖို့စာတစ်ပုဒ်တိုးလားရေ… တစ်ခါနန့်လေ့ မကျီ နှစ်ခါနန့်လေ မကျီ အချေတိလေ ခေါင်းရှုပ်နိန်ဗျယ် … ယင်းတွက်နန့် ငါပြောပိုင်လုပ် ”
ဆိုဗျယ်ပြောရေ သူကဗျယ် ဆက်ပနာ
``မင်းရို့နှစ်ကောင်မှာ ...တစ်ကောင်က ယုန်၊ တစ်ကောင်က လိပ်။ မတူရေ ပစ္စည်းနှစ်ခုကို ညီမျှခြင်းချလို့ တစ်ခါလေ့ မကျလို့မှတ်ထား၊ ပန်းသီးနန့် လိမ္မော်သီး ဇာကောင်းလေ မီးကေ၊ အရူးတိရာ တစ်လုံးလုံးကို ရွီးပြီးဖြေကတ်လိမ့်မယ်။ ယကေလေ့ ငါပျင်မေရအောင်`` ဆိုပြီး ပြောရေ။
မိုးဂျောက်က ပထမဆုံး လိပ်နောက်ကုန်းကို ချွတ်ခိုင်းရေ။ ယပြီးကေ လွတ်လွတ်လပ်လပ်ပြီးနီရေ ယုန်မှာ လိပ်နောက်ကုန်းကို တပ်ပနာ နှစ်ကောင်လုံးကို တောလမ်းမှာ ပြီးခိုင်းရေ။ အေတစ်ခေါက်က ယုန်ကလေ့ မအိပ်ပဲ ပြေးရေ။ ယကေလေ့ လိပ်နေက်ကုန်းက လီးရေခါ တဖြည်းဖြည်းရာလားရရေ။ လိပ်ကလေ့ နောက်ကုန်းမပါခါ အယင်ကထက်စာကေ ကောင်း ပေါ့ပေါ့ပါးပေါ့ပါး ပြေးနိုင်ရေ။ ယပိုင်နန့်နှစ်ကောင်လုံး ပြေးနှုန်းတူလားပြီးကေ မိုးဂျောက်စောင့်နိန်ရေ ပန်းတိုင်ကို တတူတူပန်းဝင်လားရေလတ်။
အဟင့် ယကေလေ့ လိပ်စွာ အထွန့်တက်ချင်ရေ ``ကုန်းမှာတော့ခါ တူဗျယ် ရီမှာဆိုကေ ငါနိုင်ချင်နိုင်ဖို့´´ ဆိုပနာ ပြောရေ။
``ယကေ ကောင်းဗျယ် ရီကိုလားမေ ယင်းမှာ ငါပြောပိုင်ဆက်ပြိုင်ဆိုပြီး မိုးဂျောက်က ပြောခါ ယုန်စွာကောင်းမျက်နှာချေ ငယ်လားရေ။ ရီထဲမှာ အေတိုင်း အလွတ်ကူးကေအောင်မနိုင်စွာ။ အခု သူပါးမှာ လိပ်နောက်ကုန်းနန့်၊ လိပ်မှာက ဗလာ၊ လိပ်ရာ နိုင်ဖို့ဆိုဗျယ်စဉ်းစားမိပြီး မျက်နှာချေငယ်လားရေ။ ယကေလေ့ ဒိုင်တင်ထားရေ မိုးဂျောက်ကိုယ်တိုင်က သဘောတူနိန်ခါမပြောသာ။ မိုးဂျောက်ခေါ်လားစော် နေရာကိုရာခေါင်းချေ ငိုက်စိုက်ငိုက်စိုက် နန့်ပါလားရ။ လိပ်ကတော့နောက်ကုန်းလေ့မဟိ သူနိုင်ဗျယ်ဆိုပြီး မြောက်ကြွမြောက်ကြွ ။
သူရို့သုံးယောက်လုံးမြစ်ဆိပ်တစ်နေရာမှာ ရပ်တေ။
``မင်းရို့နှစ်ကောင်အေမှာ စပြီးပြိုင်ရဖို့..´´ ဆိုပြီးကေ အယှိန်နန့်စီးနိန်ရေ ချောင်းမှာ လိပ်နောက်ကုန်းနန့်ယုန်ကို ပက်လက်ရေလတ်။ ယပြီးကေ လိပ်ကိုပါ ရေထဲချပြီး နှစ်ကောင်ကိုပြိုင်ခိုင်းရေ ရီက အယှိန်နဲ့လားနီရေဆိုခါ ယုန်က လိပ်ခွံပက်လက်မှာ ကူးစရာမလိုပဲ အယှိန်နဲ့လားနီရေ။ လိပ်ကလေ့ နောက်ကုန်းခွံမပါပဲ ကူးရေခါကျင့်သားမရကေလေ့ ရေသတ္တ၀ါဖြစ်လို့ ယင်အောင်ကူရေအတွက်နန့် နှစ်ကောင်သား ရီထဲမှာလေ အယင်နှုန်းတူပနာ တတူတူပန်းဝင်လားရေလတ်။
ရီမှာပါ ကုန်းမှာပါ တတူတူပန်းဝင်လားရေ ယုန်နန့်လိပ်လေ့ နောက်တစ်ခါ အပြီးမပြိုင်ဗျယ်ဆိုရေ ဂတိကို ပြုဗျယ် မိုးဂျောက်ကို ကောင်းချီးကျူးကတ်တေလတ်။ ပြဿနာတိပြီးလားလို့ မိုးဂျောက်ပင်ပန်းလာပြီး အိပ်ချင်စိတ်လေ့ ပျောက်လားပနာ လားရဖို့ ခရီးကို ဆက်လားခပါရေ။
အားလုံးကိုကျေးဇူးတင်ပါသည်။
ညီစု(၁၊၃၊၂၀၀၉)

မှန်ထဲမှာထောင်ဗျယ် ဖတ်ဖို့ အိပ်ရာထ၀တ္ထု(၂)

တခါကလေ့ ခြီရှည်ရေ မိုးဂျောက်စွာ ကရင်ပြည်ကို ရောက်လားပါလတ်။ ကားစီးယင်းနန့်လမ်းမှာ ပြောက်ကျားတိနန့်တွိပနာ ယင်းပြောက်ကျားတိက ကားထက်မှာပါရေ ကရင်မဟုတ်တေ လေးယောက်ကို ဖမ်းလာပါရေ။ ယင်းထဲမှာ အင်္ဂလိပ်တစ်ယောက်၊ တရုတ်တစ်ယောက်၊ ကုလားတစ်ယောက်၊ မိုးဂျောက်ကတော့ သိရေအတိုင်း ရခိုင်။
ပြောက်ကျားတပ်ကို ရောက်ရောက်ချင်းပင် ယင်းတပ်က ပြောက်ကျားဗိုလ်စွာ ထမင်းစားပြီးခါစ၊ (ပြောရဖို့သိမ့် ယင်းဗိုလ်စွာကကောင်းဆိုးရေလတ်။) ဖမ်းလာသမျှလူမျိုးခြားကို စိတ်မချင်ကေ မချင်ပိုင် သတ်ပစ်တတ်တော။ ကြောင်က ကြွက်ကို က၀တ်ပိုင် ကစတ်တတ်တေ။
ယပိုင်နန့် ဖမ်းလာစွာ လူလေးယောက်ကိုတွိမှာ ပြောက်ကျားဗိုလ်စွာအကြံရဗျယ်။ လူလေးယောက်ကိုခေါ်ဗျယ် မီးရေလတ်။
``မင်းရို့လေးယောက်ရပ်၊ ယပြီးကေ ငါမီးစွာကိုဖြေ…´´
အားလုံးက အံ့သြပြီးကြောက်လန့်နီကတ်တေ။
ဗိုလ်ကြီးက ပါးစပ်ဟပနာ
``ငါအခုနာကမှ ထမင်းစားပြီးသိမ့် ပါးစပ်က အနံ့ကို အနံ့ခံရဖို့… နံမနံငါ့ကိုပြော`` ဆိုပြီးပြောရေ။
ပထမဆုံးအင်္ဂလိပ်အလှည့် ဖြစ်ချင်စွာက ယင်းအင်္ဂလိပ်က မစဉ်းစား ပြောက်ကျားဗိုလ် ပါးစ ဟသိမ့်..။နံစွာကိုး
``နံရေ..နံရေ´´လို့ ပြောလိုက်တေ…
ဗိုလ်ကြီးက ``အေ အင်္ဂလိပ် ငါ့ကို အားမနာ ပါးမနာ``ဆိုဗျယ် သနတ်တစ်ချက်တည်း ပစ်သတ်ပစ်တေ။ အေတစ်ခါ တရုတ်အလှည့်။ တရုတ်ကလေ့ မစဉ်းစားဗျယ် အမှန်အတိုင်းပြောလေ့ အသတ်ခံရဖို့ဆိုဗျယ် ဗိုလ်ကြီး ပါးစဟမီးရေအခါ
``မွှီးရေ မွှီးရေ ´´ ဆိုပြီးမြောက်တေ။ယေမှာ ဗိုလ်ကြီးက ``အေ တရုတ်ငါ့ကို အချေထင်လာ ယာ လားလီ´´ ဆိုဗျယ် သနတ်နန့်ပစ်သတ်လိုက်ပြန်ရေ..
အခုတစ်ခေါက် ကုလား အလှည့်၊ ကုလားက လူကြည့်ရစွာဂျလည်နန့်တူရေ ဗိုလ်ကြီးကလေ့ တချချေပင်မစောင့် ကုလားကို ထပ်မီးရေ။ ပါးစပ်ကို ဟလိုက်တေ။ ကုလားက မျက်နှာကို တည်ပနာ
``အေ နိန့် နှာစီးနီပါရေ ဗိုလ်ကြီး´´
ယေမှာ ဗိုလ်ကြီးက ဂျလည်ကျချင်ရေ ငါမီစွာကိုမဖြေ ယာလားလီယား အရာတကောင် ဆိုဗျယ် သနတ်နန့်ပစ်သတ်ပြန်ရေ။
အခုနောက်ဆုံး မိုးဂျောက်အလှည့်မှာလေ့ ဗိုလ်ကြီးက ပါးစဟပီးပြန်ရေ မိုးဂျောက်က ပါးစက အနံ့ကို မသျှုခင် စိတ်ပါလက်ပါ ရင်းရင်းနှီးနှီး ဗိုလ်ကြီးကိုပြုံးပြပါရေ…
ယပြီးကေ စကားတိကို တစ်ခွန်းချင်း ပြောချလိုက်တေ..
``ဇာသူပိုင် အနံ့ရှူရပါဖို့လေ ဗိုလ်ကြီး…
``ဗိုလ်ကြီးကို ချစ်သူပိုင်လား…´´
``ဗိုလ်ကြီး ရန်သူပိုင်လား…´´
``ဗိုလ်ကြီုး တပည့်ပိုင်ပါလား…´´
ချစ်တေလူ တစ်ယောက် အနိန်နန့ှ် သျှုခါ ချစ်တေစိတ်နန့် သျှုလို့ ဇာအနံ့ပင်ဖြစ်ဖြစ်မွှီးပါဖို့… မုန်းရေလူတစ်ယောက် အနေနန့် သျှုကေတော့ အနံ့မွှီးမွှီး မမွှီးမွှီး နံပါဖို့… လက်အောင်ငယ်သားပိုင်သျှုရေခါ တော့ကေ.. နံနံမွှီးမွှီးပွင့်ပွင့်လင်းလင်း မပြောရဲလို့ နှာစေးရပါဖို့…
မိုးဂျောက်စကားဆုံးခါ ပြောက်ကျားဗိုလ်ကြီးစွာ ကောင်းကျေနပ်ပနာရယ်ပါရေ။ ယပြီးကေ မိုးဂျောက်ကို ချိုင်ထားရေကြိုးတိကိုဖြီပီးလိုက်ပြီးကေ။ အိမ်ပြန်လက်ဆောင် ဒင်္ဂါးတဆိချေပါ ပီးလိုက်ပါရေ မိုးဂျောက်လေ ပြောက်ကျားဗိုလ်ကို နှုတ်ဆက်ဗျယ် ယင်းတပ်ထဲက လမ်းလျှောက်ယင်းထွက်လားခပါရေ..
အားလုံးကို ကျေးဇူးတင်ပါရေ
ညီစု
(၁၊၃၊၂၀၀၉)

Thursday, June 4, 2009

အမှောင်ကို အရောင်သုတ်ထားရေ အလင်း



“မောင်နီသာ နက်ဖန်ခါ မင်းမျက်လုံးတိအားလုံးကောင်းလားပြီး ကမ္ဘာကြီးကို မင်းမြင်တွိရဖို့ဗျယ်။”
ဆရာဝန်ပြောရေ စကားကိုနားထောင်ယင်း သူကောင်းဝမ်းသာလားသည်။
အဂေါင့်နဂေါင့်ပင် နက်ဖန်ခါသည်သူ့ အတွက်ရင်ခုန်ဖို့ကောင်းနီဗျယ်။နက်ဖန်အယင်ရောက်ပါဖိ…။
……….။……….။………..
နောက်တနိ မိုးထ ဆရာဝန်က မျက်လုံးကို စည်းထားရေ ပတ်တီးတီးတိကို ဖြည်လိုက်ပြီး
တဖြည်းဖြည်း မျက်လုံးဖွင့်ခိုင်းသည်…။
ဆရာဝန် နန့် ဝန်ထမ်းတိပြီးကေ ဒုတိယအကြိမ်မြောက် သူကြည့် မိစွာက သူ့မျက်နှာ။မျက်နှာတစ်ခြမ်းက အမာရွတ်တိနန့် ပြည့်နီသည်။ အချေခါ ရပ်ကွက်မီးမှာ မမြင်းမစမ်းနန့် ပြီးလို့ သူရခရေ ဒဏ်ရာမှန်း တစ်ယောက်လေ့ မပြောပဲ သူသိပါသည်။သို့သော် အေလောက်ဆိုးရွားနီလိမ့်မည်ဟု သူလုံးဝမထင်ထားခ။
သူဆက်ပြီး စိတ်မညစ်ချင် ပတင်းပေါက်အပြင်ကို ရာ မြင်ချင်ဇောနန့် လှမ်းကြည့်လိုက်သည်။
“အိုး…. ပဇောင်လှလိုက်တေ ကမ္ဘာကြီးလဲ….”
သူ့ စိတ်ထဲက အမှတ်တမဲ့ ပြောပြီး အိမ်သားတိမလာခင် အနားယူနီလိုက်သည်။ဆရာဝန် လက်ဆောင်ပီးခရေ နီကာမျက်မှန်တပ်ပြီး ဆရာဝန်မကြည့်ဖို့ တားခရေ TVကိုဖွင့်ခိုင်းဗျယ် TVဇာတ်လမ်းကို စိတ်ဝင်တစား သူကြည့်နီမိသည်။
ဇတ်လမ်းမှာ ရိုက်ပြထားသမျှ အားလုံးက သူ့အတွက် အဆန်းချည်းရာ ဖြစ်သည်။သူဌေးသား သူဌေးသမီး ဘဝကိုပြထားသော ဇတ်လမ်းရာ ဖြစ်သည်။ယင်းဇတ်လမ်းမှာ ပင် သူမျောပါလားခသည်။
……..။……..။………
အိမ်သားတစ်ယောက်၏ အကူညီဖြင့် သူ အိမ်ဟုပြောသော နီရာ ကို ရောက်လာဖြစ်သည်။
“အင်း…အိမ်က အငယ့်ချေ …တစ်အိမ်လုံး ကြပ်ခိုးတိနန့် ညစ်ပတ်နီရေ…ကြည့်ခရရေ ဇတ်လမ်းထဲက အိမ်နန့် တခြားစီ”
သူ့ စိတ်ထဲမှ ရေရွက်ခြင်းဖြစ်သည်။
ညစသားရောက်မှ ဈီးသိမ်းလို့ ပြန်လာရေ မယားလို့ပြောရေ ကောင်မချေရောက်လာသည်။ဆီးရုံမှာ မဲပေါက်ပြီး အခမဲ့(အလကား)မျက်လုံး ခွဲပြီးဆင်းလာရေ လင်ကို လာမကြိုနိုင်လောက် အောင် သူ့ရို့ကမွဲစွာကိုး။သူရုတ်တရက် သတိရလိုက်မိသည်။မယား၏ အိမ်ဝကပင် နုတ်ဆက်သော အသံကိုတော့ မှတ်မိသည်။ရုပ်ကိုသေချာမမြင်ရ။
တန်းခါးကွယ်ရာနောက်ကနီ ဗြုန်းခနဲ့ ပေါ်လာရေ အရုပ် မွဲခြောက်ခြောက် ၊ဆံပင် ပြာနှမ်းနှမ်း ၊မျက်စိကာနာ နန့် ၊အရေးထဲ နှခေါင်းက စုတ်ချွန်းချွန်း၊လုံးဝကြည့်လို့ မကောင်းရေ မမတစ်ယောက်ကို သူဇာဖြစ်လို့ သမတက်ခမှန်း တစ်ယောက်တည်း မီးခွန်းထုတ်မိသည်။
အသံ ဟုတ်တေ အသံကြောင့်ရာမနား။အနီးမှာ လာထိုင်ရေမယားက အားရပါးရရယ်ပြသည်။ ပါးပြင်တစ်ခုလုံး နှမ်းခိုးလား ညှင်းလား မသေချာရေ အစက်အပြောက် တိနန့် ပြည့်လို့ ဆလိပ်ငွေ့တိ ရိုးမြီကျခစားထားရေ နုတ်ခွန်းမည်းမည်းကြားကနီ ကွမ်းစားလို့ နီရဲ ဝါကျင်နီရေ သွားနှစ်ခြီလုံး ပေါ်အောင်မယားကနုတ်ဆက်သည်။ သူ မျက်လုံးကို မှိတ်ပြီး အားယူဗျယ် ပြုံးပြလိုက်သည်။
……..။……..။……..
“စားလေ အကို ကြက်သားကို…ယာ အရိုးမနွှာတတ်လို့ မနား ခါတိုင်းပိုင် နွှာပီးမေခ”
ပြောပြောဆိုဆိုနန့် မယားက ကြက်သားတုန်း ကို ထမင်းစားရေ လက်နန့်ကောက်ကိုင်လိုက်သည်။ ဗရေဂါးဟင်းရည် အစပ်ကို တစ်ယောက်တည်းသောက်ပြီး အပြင်ကို စူးစမ်းဖို့ ထွက်လာသည့် သူမ၏ နှပ်ကို “ရှုးခနဲ့” ဝင်အောင် လုပ်လိုက်သည်။ အတင်း စုတ်ယူလိုက်သော်လည်း လမ်းတစ်ဝက်ထိရာ ဝင်သောနှပ်ကို မယားက ဂရုမစိုက်အား ထမင်းစားရေ လက်တစ်ဖက်က ကောက်ကိုင်ထားရေ ကြက်သားတုန်းကို ထမင်းဝါးလက်စ ပါးစနန့် ကိုက်ပြီး တစ်ဖက်က သူ့သံလောင်ပွန်းကို ကိုင်ပနာ ထွီးထည့်သည်။ အနားစပ်တိ ပေါက်ပြဲနီရေ သံလောင်ပွန်းကို ကြည့်ပြီး သူတွန်းဆွီးကို ရာ တိတ်တိတ်ချေ မျိုချဖြစ်သည်။
……။……။……
ထမင်းစားပြီးသိ ပထမဆုံး အကြိမ်မြောက် သူ့မြင်ရသော အပြည့် သာနီရေ လ ကို တဲပတင်းပေါက်ကနီ သူ အကြာကြီး ငေးနီဖြစ်သည်။
“အကိုး အိပ်ယာဝင်မေဖိ….လာ”
နောက်ကနီ ခေါ်နီရေ အသံပိုင်ချင်၏ အသံမှာ ဆွဲငင်အားကောင်းသည်။ သို့သော်လည်း သူ လှည့်မကြည့်ဖြစ်ပဲ အိပ်ရာထဲကို ဝင်လာလိုက်သည်။ ဖျာကို အသေချာ ခင်းထားသော မွေ့ယာ ညှင်းသိုးသိုး အနံ့သည် သူနန့် လုံးဝမစိမ်း။
သို့သော် လရောင်အောက်မှာ အထင်းသား မြင်နီရသည့် အဖာတရာ နန့် အိပ်ယာဟောင်း လေးခုလောက်ကို စုခြုပ်ထားရေ သူအိပ်ရဖို့ မွေ့ယာကို နောက်ကုန်းပင် ချချင်စိတ်မဟိ။သူ နိခင်းက ဆီးရုံမှာကြည့်ခရေ ဇတ်လမ်းထဲက လူတိ အရောင်အသွီးနန့် သူ့ဘဝ လားလားမှ မဆိုင်။ နောက်ဆုံး အတင်း လှဲချလိုက်မှ ရင်းနှီးဖူးရေ မွေ့ယာ အထိအတွိကြောင့် သူနီသာထိုင်သာ ဟိလားသည်။
နောက်ကနီ တယုတယ ပွတ်သပ်နီရေ မယားကို လှည့်ပင်မကြည့်ဖြစ်။မျက်စိမှိတ်ထားသော်လည်း ပြန်ပြန်မြင်ယောင်လာသည့် မျက်နှာကို လောလောဆယ်တော့ သူမဖျောက်နိုင်။ဈီးရောင်းပြီး ညောင်းလို့ ထင်ရေ သူးမယားလေ့ အိပ်ပါလားပြီး တနားအကြာသူမျက်လုံးကို အတင်းမှိတ်လိုက်ပြီး ကောင်းမကြာလိုက် သူပါ အိပ်ပါလားသည်။
…….။…….။…….
ရိုးသားရေလို့ နာမည်ကြီးသော သူ့ကို အလုပ်ပီးဖို့လူ မယှား။နောက်တနိမိုးလင်းမှာပင် ဆရာဝန်က အနားယူရန် တားခသော်လည်း ဝမ်းရေးအတွက် သူအလုပ်လုပ်ဖြစ်သည်။ အလုပ်လုပ်ရမည့် တအိမ်လုံးတစ်ယောက်လေ့ မဟိ။ အားလုံး အလုပ်နှင့် ကျောင်းသို့ လားခကြပြီး သူတစ်ယောက်တည်းရာ ကျန်ခသည်။ သူလုပ်ရမည့် အလုပ်က အိမ် နှင့် အိမ်ခြံဝင်းတစ်ခုလုံး ယှင်းလင်းရေး။ ကောင်းပင်မကြာလိုက် သူပြီးစီးလားသည်။ အမှန်က သူကိစ္စပြီးလျှင် သူဒေအိမ်မှ ထွက်လားရမည်ဖြစ်သည်။ အဟင့် သူချက်ချင်းတော့ ထွက်မလားချင်။သူမြင်တွိနီရရေ ဒေအိမ်ကို သူဆက်ပြီး တဆိချေ စူးစမ်းချင်သည်။ ဟုတ်တေ။ သူစိတ်ကို တနားချေ သူလွှတ်ထားလိုက်ချင်သည်။ နာရီကလေ့ အခုမှနိခင်းလောက်ရာ ဟိမည်။နီက သူ့ခေါင်းထက်တည့်တည့် မှာ။ အိမ်ယှင်များက ညစသားမှပြန်လာမည် ပြောသည်။ သူတစ်အိမ်လုံး လိုက်ကြည့် မိသည်။ဒေအိမ်က ဇတ်လမ်းထဲကပိုင် မခမ်းနားကေလေ့ သူ့တဲထက် အဆပေါင်းများစွာ သာသည်။ အိပ်ရာများကို ပုံစံကြည့်ချင်၍ သူအိပ်ခန်းတန်းခါးများကို ဖွင်ဖို့ ကြိုးစားသည်။ တောက်လျှောက်တစ်ခန်းမျှ ဖွင့်မရ။ နောက်ဆုံးဖွင့်ဖြစ်သော အိမ် အထက်ထပ်မှ အခန်းက အခန်းချင် lock ချဖို့ မိလားရေ ထင်ပါယင့်။ သူအလွယ်တကူ လှည့်လိုက်ရုံနှင့် အခန်းကပွင့်လားသည်။ အခန်းက ပြင်ထားစွာ ချစ်ဖို့ကောင်းသည်။အိပ်ရာကလေ့ အခန်းချင် မသိမ်းခထင်ယင့်။အင်း…အိမ်ချင်တိလေ့ လာဖို့မဟုတ်သိ။သူ၏ သိစိတ်နှင့် မသိစိတ် သဘောတူညီမှုရပြီး ကန့်ကွက်မဲ သုည နှင့် အိပ်ချင်စဖွယ် ကုတင်ထက်တွင် သူလှဲအိပ်လိုက်သည်။ အိပ်ယာ၏ နူးညံ့မှုအကြောင်းကိုပင် ကြာကြာ မတွေးလိုက်နိုင် ညောင်းညောင်းနှင့် သူအိပ်ပါလားသည်။
…….။…..။…….
“ဂျက်….ဂလောက်….ဂျက်…”
သူ အသံကြောင့်နိုးလာခြင်းဖြစ်သည်။သူနီကို ကြည့်လိုက်သည် ကောင်းတော့ မမှောင်သိ။ဇာအချိန်လောက် အိပ်ပါလားမှန်း သူမသိ။ မျက်စိကန်းနီ၍ နားကောင်းသော သူ အသံကြောင့်ရာ နိုးလာသည်။ ချက်ချင်းသူအိပ်ရာက ထပြီး ကဗျာကရာ အိပ်ရာကို ဟန်မပျက်ချေ ပြန်ထားလိုက်သည်။တော်ပါသိယင့် သူမအိပ်ခင်ကပင် အိပ်ယာက မသိမ်းရသိလို့။ သူ အခန်းပြင်ထွက်ဖို့ တန်းခါးနားအရောက် လှခါးထက်ကို တက်လာသော ခြီသံကြားလိုက်ရသည်။ယေမှ ဒုက္ခ။ ဒေ အခန်းပိုင်ချင်ရာ ဖြစ်မည်ထင်သည်။ ဟူး…သူချက်ချင်းထွက်လို့ မဖြစ်သိ။ အခြေနေ ကြည့်ပြီးမှ သူထွက်ရမည်။ထို့ကြောင့် ဘေးဘီကိုလှည့်ပြီး အခန်း တစ်ခုလုံးကိုလေ့လာလိုက်သည်။ သြော တွိဗျယ်။ သူ့မျက်လုံးကို ပထမအကြိမ်မြောက် ကျေးဇူးတင်လိုက်ပြီး လူတစ်ယောက်စာ ပုံးလို့ရသည့် ကုတင်အောက်ကိုလားမြင်ကာ ဝင်ပုန်းနီလိုက်သည်။
……။……။…….
“……….အီ….”
ဆီမထည့်ဗျယ်ကြာရေ တန်းခါးသံနှင့် တတူ ဝင်လာရေ ခြေဖဝါးချေက မထိရပဲနှင့် အမြင်နှင့်ပင် အလွန်နူးညံနီမည်ဖြစ်ကြောင်း သိသာလှသည်။ကုတင်ထက်သို့ ပစ္စည်းတစ်ခု ဖုတ်ခနဲ့ ပြတ်ကျသည်။ မကြာလိုက် ကုတင်ဘေးက အဝတ်ဗီုကို ဖွင်လိုက်သံသူကြားပြီး ခြီဖဝါးအနုချေ အထက်က ခြီမျက်စိနားကို စကပ်အဖြူချေကွင်းခနဲ့ကျသည်…ယပြီးလျှင် ..ပန်းနုရောင်ဇာတိတပ်ထားရေ သူနှင့် မရင်းနှီးရေ အရာတစ်ခုကျလာသည်။တနားချေပင်မကြာလိုက် သူမှင်သက်မိနီတုန်းမှာပင် ခြီဖဝါးနုချေက ယင်း ပန်းရောင် အရာဝတ္ထုထဲကနီ ကျွမ်းကျင်စွာ အသာယမထွက်လိုက်သည်ကို သူနောက်ဆုံးတွိလိုက်ရသည်။
“အိခနဲ့ ” ကုတင်ထက်မှာ ပစ်လှဲလိုက်သံနှင့် တတူမလိုက်တေ ခြီဖုဝါးချေ တစ်စုံလေ့ပျောက်ဆုံးလားပြီး တစ်ခန်းလုံးပြန်ငြိမ်သက်လား ပြန်သည်။ ခြီဖုဝါးချေ ချက်ချင်းပျောက်လားပုံ ကြည့်ရစွာ ခြီဖုဝါးပိုင်ချင် ညောင်းညောင်းနှင့် ဝင်အိပ်လိုက်ဗျယ်လို့ ထင်သည်။ ယင်းခြီဖုဝါးပိုင်ချင် အိပ်မောကျချိန် တနားချေစောင့်ပြီး သူဒေအခန်းထဲက ထွက်ဖို့ဆုံးဖြတ်ပြီး ကုတင်အောင်မှာ ဆက်ငြိမ်နီလိုက်သည်။
လူရာ အသံမထွက်အောင် သူငြိမ်နီရသည်။ အခုနကမှ မြင်လိုက်ရရေ မြင်ကွင်းကို သူ့မျက်လုံးထဲက ဖျောက်မရ။ သူပြန်မြင်ယောင်မိယင်း နှလုံးခုန်သံပါလျင်လာသည်။တခါလေ့ မမြင်ဖူးခရေ မြင်ကွင်း၏ ရလဒ်က ဆန်းကြယ်သည်။ ဒေလောက်ရင်ခုန်မှုမျိုး သူမကြုံဖူး။ ထောက်ထားရေ လက်ထက်ကို ဇောချွေးက တောက်ခနဲ့ ကျသည်။သူကိုယ်သူနား မလည်ဗျယ်။ အခန်းပိုင်ချင် သိလားမည်ကြောက်၍ ဇောချွေးပြန်လားသည်ဟုသာ သူယူဆလိုက်သည်။
…….။……..။……..
ငြိမ်သက်နီရေ အခန်းထဲမှာ ကုတင်အောက်ကနီ သူတတိမ်းချေ ထွက်လာလိုက်သည်။
ခြီကိုဖွပြီး မတ်တပ်ရပ်လိုက်မှ သူအခန်းတန်းခါးသို့ မလားမှီ ခြီဖုဝါးပိုင်ချင်ကို ဇာပုံစံမှန်း တနားချေလောက်တော့ သူကြည့်လိုက်ချင်သည်။သူမျက်လုံးနှစ်ဘက်လုံးကို ကုတင်ထက်သို ပို့လိုက်သည်။့မြင်ကွင်းက သူထင်မှတ်မထား သည့် မြင်ကွင်း။
ခြောက်သွိနီရေ အာခေါင်ကနီ မဟိရေ တန်းဆွီးကို မျိုချလိုက်သည်။အခုနက ရင်ခုန်သံထက် လျင်သော ရင်ခုန်သံကို သူ့နားနှင့်ပင် ကြားနီရသည်ပိုင် သူထင်လာသည်။ခြီဖုဝါးမှတစ်ဆင့် မွှီးညှင်းနုများပေါက်နီသည့် ခြီသလုံး၊ ပြီးလျှင် ပန်းနုရောင် မျက်နှာသုတ်စကို ကိုယ် ဗလာမှာ ပတ်ထားသော ခန္ဓာ။နောက်ဆုံး ပန်းနုရောင် ထနီသော ပါနုနု၊ သွီးကြောချေတိက ပါးနှစ်ဘက်မှာရာမက မှိတ်ထားသော မျက်ခွံ ထက်မှာပါ။တဖြည်းဖြည်းချင်းစီိ မြင်လိုက်ရသည့် မြင်ကွင်းက သူ့ခြီထောက်တိလှုပ်မရအောင် လုပ်ထားလိုက်ဗျယ်။ ရာသီဥတုကြောင့် ဆံစ မျက်နှာနှင့် ရင်ဘတ်တဝိုက် ကွက်ကျားပြီး စို့နီရေ ချွေးစက်ချေတိကလည်း လှသည်။မပြီတပြီဖြစ်နီရေ မျက်နှာသုတ်အောင်က ကိုယ်ခန္ဓာကလေ့ လှသည်။ သွယ်စင်းနီရေ ပေါင်တံမှာ အပြစ်အနာဆာ မဟိရေအပြင် ဝင်းဝါနီရေ အသားရေကို အေပိုင်မျိုးမြင်လိုက်ရသည့် အတွက် မျက်လုံးတိ အနည်းချေ မှေးစင်းလာပြီး သူမခန္ဓာကို အထက်ကမိုးလိုက်ဗျယ် သူ့လက်နှစ်ဘက်က ကောင်မချေ ပက်ခုံးကို ဆုပ်ကိုင်လိုက်သည်။
သူ့လှုပ်ယှားမှုကြောင့် နိုးကျလားရေကောင်မချေက ရုံန်းသည်။သူကလေ့ မလွတ်အောင် ဆုပ်ကိုင်ယင်း ခါးမတ်လာရေ ကောင်မချေကလေ့ အော်ဖို့ ကြိုးစားသည်။ သူမ မအော်ခင် သူတားမှဖြစ်ဖို့ဆိုရေ အသိကလွှမ်းမိုးလားပြီး အတင်း အားထည့်ဗျယ် လှဲချလိုက်သည့် အတွက် ကုတင်ဘောင်နှင် ကောင်မချေ နောက်စိဆောင့်ကာ နောက်ဆုံး သူမ မိမျောလားသည်။
…..။…..။…..
အမြင်အာရုံက အဓမ ဆွဲခေါ်လာသော ရမ္မက်ကို သူတိုးလွန်နိုင်စွမ်း မဟိရေ အဆုံးမှာ… ကွဲပြားရေ အမြင်ရာဟိပြီး မကွဲပြားမခြားနားရေ အရသာတစ်ခုကို သူ မိုက်မိုက်မဲမဲ ယူလိုက်မိသည်။
သူ အမြင်ကို သာယာခြင်း မှာ ကြာကြာခံစားချိန်မရ လိုက် ပါးလွန်းလှသော နားက ခြံတန်းခါးဖွင့်သံကို ကြားလိုက်ရသည်။ ဒေတစ်ခါ သူကောင်းမစဉ်းစားနိုင် မပြီးသိရေ အရသာတစ်ခု အဆုံးသတ်ဖို့ပင်ကြိုးစားဖို့ အကြံမရလိုက် အန္တာရာယ်ကို ကြိုသိလျက် အခန်းတန်းခါးဝကနီ ခြံနောက်သို့ ခုန်ချလိုက်သည်။
အလောတကြီး ခုန်ချလိုက်တေ အတွက် တိုင်တစ်တိုင်ကို တိုက်မိပြီး မြီပြင်ကိုကျသည်။ပြုတ်အကျတွင် သူ့ခန္ဓာ နှင့် အဝတ်လှမ်းသည့်တိုင် တိုက်မိပြီး တိုင်ပါလဲလားသည်။ အဝတ်လှမ်းရေ ကြိုးက သူ့ မျက်လုံးနှစ်ဘက်စလုံးကို တိုက်တိုက်ဆိုင်ဆိုင်ပင် လာရိုက်ပြီး တနားချေအတွင်း သူ တလောကလုံး၏ အလင်းနှင့် အဝီးဆုံးကိုရောက်လားခလီသည်။
…….။…….။……..
ပြစ်ဒဏ်တစ်ခုကို ပီးဆပ်တေဆိုရေ အချိန်တစ်ခုအတွင်းမှာ သူ့အတွက် အယင် အပြင်က အကန်းဘဝ နှင့် ထောင်တွင်း အကန်းဘဝ၏ ကွဲပြား ခြားနားချက်ဖြစ်တေ လွတ်လပ်မှုမဲ့ခြင်း နှင့် ပင်ပန်းခြင်းကို သူရဟိခသည်။ထောင်မှပြန်လွတ်လာသော တနိ နောက်တကြိမ် မျက်လုံးပြန်ခွဲဖို့လား ဟု မီးလာလျှင် သူ့ထံတွင် အဖြေတစ်တည်း သာဟိသည်။
ယင်းအဖြေသည်ကား…..။


အားလုံးကိုကျေးဇူးတင်ပါရေ….
ညီစု(၂၀၊၀၅၊၂၀၀၉)

Esoteric Stories(စိတ်နုတ်ခြင်း၏ ပုံဆောင်ခဲများ)

စိတ်တစ်ဝမ်းကွဲ

တစ်ဘက်ထရံမှ လူနှစ်ယောက်စကားပြောသံသေ့သေ့ကြားရသည်။

“ယင်းကိစ္စမှာ ကြိုးကိုင်နီရေ လူက ကောင်းတော်ရေ…

ကောင်းပိပိရိရိ ဟိရေ..”

စားလက်စ မုန့်ကိုပင် ဆက်မဝါးဖြစ် သူ ထရံနှင့် နားကို တသားတည်း အပ်လိုက်သည်။

“တော်ဖို့နန်းရာ တစ်သက်လုံး ရုပ်သီးဆွဲစားလာစွာ အေလောက်တော့ ဟိဖို့ပ”

သူ ဇာဆက်လုပ်ရမှန်းမသိ...မပွင့်တပွင့် တချက်ရယ်လိုက်ပြီး တခြားလူမမြင်ခင် ခပ်တည်တည်နှင့် ထွက်လာလိုက်ရသည်။

ပြဒါးဖျောက် မှန်

နဂိုကပင် မာနကြီးရေ ဘရဏီသာဒိုးတစ်ယောက် ကျောင်းက အတန်းဖော် မိုးခြူဆိုရေ ကောင်ချေကို ရည်းစားစာလိုက်ပီးရကောင်းလား ဆိုပြီး ဆတ်ဆတ်နာပြီးပြောရေ

“နင့်ပိုင်လူမျိုးမြင်ရစွာတောင် မျက်စိသနရေ ။ဈီးဖောင်သာပိုင် မြင်လိုက်စွာနန့် အန်ချင်ပါယင့်။… ဖယ်ပါဟေ နင်နန့်ဆို ရွံလို့ နတ်ပြည်လိုက်ပို့တောင် မလိုက်…ဖယ်ဟေး”

ဘရဏီသာဒိုး သူတောင်စားချေတစ်ယောက်က လားရေလမ်းမှာပိတ်ရပ်ပြီးတောင်းရေ ။စိတ်တိုစွာ အရှိန်မပြေသိ ရေ ဘရဏီသာဒိုးကလေ့ ဒေါသလက်ကျန်တိကို သွန်ချပစ်လိုက်တေ…

“လာပန်ဗျယ် ဒေမှာက တစ်မျိုး…ထိုမှာ နင့်အကိုကို အလုပ်လုပ်ခိုင်း ဖေ့သာမတောင်းပဲရအောင်..နင့်ခွက်ချေ လှုပ်နီရုံဗျယ်ယေ..ဖယ် …ဖယ်” ဆိုပြီးထွက်လားရေ။

မိုးခြူဆိုရေကောင်ချေကလည်း မာန်မပါပဲ သူတောင်းစားချေကို ပြုံးပြပြီး ထွက်လားခရေ။

…..။…….။……….

“တစ်ခါတလီ ဘဝက လက်ရာထက်ရေ ဒါရိုက်တာတစ်ယောက် ရိုက်တေကားပိုင် ကြိုမှန်းဆလို့ မရစွာတိ ဖြစ်ပျက်တတ်တေလတ်”

လက်ဖက်ရည်ဆိုင်ကနီ စကားတစ်ခွန်းစိုင်ကျလာရေ…။

လက်ဖက်ရည်ဆိုင် ဘေးမှာ ဖေသာတောင်းမကောင်းလို့ စိတ်ညစ်နီရေ သူတောင်းစားတစ်ယောက် ခွက်ကိုကြည့်ပြီးမှိုင်နီရေ…။

……။……။……….

ကောင်းမကြာလိုက် သူတောင်းစားကခွက်ကို အားရပါးရခေါက်တေ..

သူ့ရှိကဖြတ်လားရေ အသုဘ ကားကိုတွိလို့ လဒ်တက်အောင်သဘောမျိုး ခေါက်စွာ။

“ဘရဏီသာဒိုး ၂၄ နှစ်” လို့ရီးထားစွာကိုတော့ စာမတတ်လို့ သူမဖတ်တတ်လိုက်။ အသုဘကားမောင်းရေ လူကလေ့ သူတနားချေ အကိုတော်ခရရေ ဆယ်တန်းရှုလို့ အသုဘကားမောင်းနီရေ မိုးခြူဆိုရေ လူတစ်ယောက်မှန်းသူမသိလိုက်။

ခေါက်လက်စ ခွက်ကိုနားညီလို့နန့်တူရေ လမ်းလားတစ်ယောက်က မတ်စိ တစ်စိ ပစ်ချလိုက်တေ။

အင်…..သူ့အတွက် တစ်ဘက်ကမ်းက အိမ်ကိုပြန်ဖို့ ကူးတို့ခ ရလားလို့တော်သိယင့်။


နှစ်ကိုယ်စာဘာသာဗေဒ

လင်မယားနှစ်ယောက် စကားပြောနီလာ စကားများနီလာမသေချာ..

မြင်ကွင်းက ခပ်လှမ်းလှမ်းချေ…

ယောင်္ကျားကစပြောရေ။ ယေလေ့ ကြားရတစ်ချက် မကြားရတစ်ချက်….အနီးကိုတော့ ရောက်လာရေ။

“ဒုက္ခကို မီးထွန်းရှာနီစွာမဟုတ် လမ်းမီးတိုင်အောက်ကိုရောက်လာရေ ဒုက္ခကို ငါကလားတွိစွာရာ”

ညကကြည့်လက်စ ဇတ်လမ်းတွဲထဲက ကိုးရီးယားမင်းသား လူဆိုးဘားမှာ ခံလိုက်ရစွာ တွေးပြီး မယားကကိုယ်ချင်းစာရေ သနားရေမျက်လုံးနန့် လင်ကို လှန်းကြည့်ရေ ….။

“အဝင်းကျောင်းနီခရေ ကျောင်းဝင်းထဲမှာ နွားတစ်ကောင်မြင်ခရေ

ကျောင်းသူတစ်ယောက်ကတော့ သူကျောင်းရေနွားမဟုတ်လတ်..

အဓိကက အဂဓိ လိုက်စားလို့ ကျောင်းထဲကို နွားရောက်လာရေနိမိတ်ရာ…

မိုးတွင်းအတွက်ထားရေ ရီတွင်းမိုးရေ အလျှာလေ့ မမြင်ခမြင်ယင့်…

အယူသီးပြီး အသီးယူစွာလေ့ ကျောင်းက သရက်ပင်မှာ အသီးအညှောက်တောင်မကျန်

ဆရာကြီးက အကြီးရာ ဖြစ်နီစွာ

လဒ်စားပြီး စားလဒ်တောင်မရရေ အချေတိလေ့ စာမီးပွဲ ပီးအောင်ရေ”

ဆှိုဗျယ် အလာပသလာပ အခြင်းပြောရေ။

ညစက ဘောလုံးပွဲမှာ ဒိုင်လူကြီးခေါက်ဆွဲစားစွာ သတိရပြီး မယားဘက်က နာရေပုံစံမျိုးနန့်

မယားပြောရေအခြင်းကို လင်သည်က နားထောင်ပြီး ခေါင်းညိတ်တေ။

ယပိုင်နန့် လင်ပခုံးမှာ မယားမှီပြီး မြင်ကွင်းထဲက ညနီခင်းနန့်တတူ တရွိရွိပျောက်ကွယ်လားခရေ။

အမြင်နိယာမ

တစ်ခါလေ့ တစ်ယောက်နန့်တစ်ယောက် အမြင်ကို ညှိမရရေ အငြင်းသန်ရေ လူတစ်အုပ်ဘားကို အချေတစ်ယောက်ရောက်လာလတ်သည်။

“အိုး အခင်ရို့ အေချင့်စွာ ဇာပုံစံလို့ခေါ်ပါလေ..သားကို ယှင်းပြပါ..။”

အချေယူလာစွာက တစ်ရုတ်လုပ် ကမ္ဘာလုံးချေ…။

အကြီးတိလေ့ တစ်ယောက်လက်ကနီ တစ်ယောက် လက်လွှဲယူပြီး ကြည့်ကတ်သည်။

အေတခါတော့ တိုက်တိုက်ဆိုင်ဆိုင် အဖြေကလားတူနီသည်။

“အလုံး”

တစ်သံတည်း ထွက်လာသည်။

အချေက ဝမ်းသာအားရ ယုံလိုက်ပြီး ကမ္ဘာလုံးကို အားရပါးရမြောက်လိုက်မိပြီး ဖြတ်ခနန့်လွတ်ကျကာ သံမံတလင်းထက်တွင် ကမ္ဘာလုံးကွဲလားလီသည်။

ကွဲလားရေ ကမ္ဘာလုံး နှစ်ပိုင်းကွဲလားရေ အကွဲချေကို အချေကကိုင်ပြီး စကားတစ်ခွန်း စိတ်တိုင်းမကျ ဆိုသည်။

“အခင်ရို့ အားလုံးလိမ်ရေ အေမှာ ကမ္ဘာက ရီခွက်ပုံ”

ပကတိ ညီမျှခြင်း

“ထိုကောင်ချေ လမ်းထဲက ဝါဂျီးကိုခေါ်လားခရေဆို…”

“ဟုတ်တေ သီလားရေ ယင်းသူ့ အဖက မှာပခရေလတ် ခေါင်းလေးလုံးဟိရေလူကို ဆည်းပူးပါဆိုလို့ ခေါ်လားရေလို့ပြောယင့်”

“ဟေ….ဇာပိုင် ခေါင်းလေးခေါင်းဟိဖို့လေး ”

“လူခေါင်း ၊ ဒူးခေါင်းနှစ်ခေါင်း ၊ ယပြီးကေ လိပ်ခေါင်းပါ ဟိလို့လတ်”

ဆီးဖက်ဝင်ခြင်း

“……….ဝှီး……….”

“ယား………………….ချွှိ….”

မျက်မမြင် သိုင်းသမားတစ်ယောက်က ဟန်ပါပါနှင့် မျှားကို လမ်းလွှဲ ပစ်လိုက်ပြီး ဝင်ကယ်လိုက်သည်။

“ဖောက်”

မျှားက ဗူဖေါင်းတစ်လုံးမှာ လားစိုက်သည်။

“ဟင့် ….အီးဟီး……..အီဟီး”

“ယာ…ဇာလို့ ငိုနီလေ ဗူဖေါင်းပိုင် ပေါက်လားပြီး ဘဝ ပျက်ချင်လို့လား.. မဟုတ်ကေ ဗူဖေါင်းက မင်းရည်းစားလား”

“ဇာက ဟုတ်ဖိုလေး ငါက မျှားလာစိုက်ဖို့ မျှော်နီရေ ပစ်မှတ်”
 
ဝထ္တုမိတ်ဆက်

အမှောင်ကို အရောင်သုတ်ထားရေ အလင်း
“မောင်နီသာ နက်ဖန်ခါ မင်းမျက်လုံးတိအားလုံးကောင်းလားပြီး ကမ္ဘာကြီးကို မင်းမြင်တွိရဖို့ဗျယ်။”
ဆရာဝန်ပြောရေ စကားကိုနားထောင်ယင်း သူကောင်းဝမ်းသာလားသည်။
အဂေါင့်နဂေါင့်ပင် နက်ဖန်ခါသည်သူ့ အတွက်ရင်ခုန်ဖို့ကောင်းနီဗျယ်။နက်ဖန်အယင်ရောက်ပါဖိ…။

ဆက်လက်ရှုစားရန်

ငါရို့သဘာဝပတ်ဝန်းကျင်

ကမ္ဘာကြီး၏ အနာဂတ်တစ်စိတ်တစ်ပိုင်းသည် မိတ်ဆွေ၏ လက်ထဲတွင်ဟိသည်။


ဝထ္တုမိတ်ဆက်

လှည်းကျိုးနရီ
“အပြစ်မကင်းရေ လူကြီးတိကြောင့် အပြစ်ဖြစ်ခဲ့ရရေအချေ၊ သူ့ဝဋ်ကြွီးတိ ပိသထက် ပိုပိမလာအောင် ကိုယ်သယ်ယူလို့ရယင့်သားနဲ့ မျက်စိမှိတ် နောက်မခိုင်းပါကဲ့ သားချေ…”




ဝထ္တုပြခန်းထဲသို့ ကြွပါ

ပြတိုက်လမ်းညွှန်

ကဗျာမိတ်ဆက်

ရင်နင့်ရွက်ကြွီ
နောင်တဆိုစွာ ကြိုတလို့မရပိုင်
ဘဝဆိုစွာလေ့ ကိုယ်ချင်ပိုင် ဆွဲလို့ရရေ
မျှဉ်းတစ်ကြောင်းကမဟုတ်။
ရလာရေ သင်္ခါန်းစာတိ
ချိတ်ဆွဲလို့ကြည့် ပြန်လေ့
မြိုးလုံးကျွတ်ထွန်းထားရေ
ဝါကျွတ်မီးပုံးတိရာ ဖြစ်လားရေ။

ကဗျာပြခန်းထဲသို့ကြွပါ

ပြတိုက် ဆောင်ပုဒ်

ဘဝရှင်သန်ခြင်း၏ တစ်ခုတည်းသော အဓိပ္ပါယ်သည် စိတ်ကျေနပ်ခြင်းပင်ဖြစ်သည်။


သင်၏ ဖြေသိမ့်နိုင်စွမ်းမှရာ
ထိုစိတ်ကျေနပ်ခြင်းကို ရှာဖွေပါ.....

ညီစု.....






ပြတိုက်အဝင်ဝသို့