Thursday, June 4, 2009

လှည်းကျိုးနရီ


နွီဦးမှာတိုက်သော လီပြေချေတိကလွဲပြီး အခြားအနှောက်အယှက် မရှိခါ “ကန်တော်ကြီး”ဆိုရေ အေကန်ချေက ငြိမ်ငြိမ်သက်သက။်နိုင်ငံခြားမှာ စာသင်နီသည့် ကာလ ၅ နှစ်လုံး လူချင်းမတွိဘဲ ခွဲခွာနေကတ်ရသည့် ချစ်ဦးသူ ငယ်သူငယ်ချင်းမချေကို စောင့်နီသော ကျွန်တော်ကလည်း ခုံတန်းချေထက် ငြိမ်ငြိမ် သက်သက်။ ယင်းကန်ဘောင်ထက်က အပင်အောက်မှာ ကျွန်တော် မိုးထစောစောကပင် လာပြီးထိုင်နီဖြစ်သည်။ အချေခါရီကူးပြီးတိုင်း အကိုက်ခံထားရသမျှ ငါးဒဏ်ရာများကို ဒေအပင်က အရွက်ကိုချိုးပြီး ထွက်လာသော အစီးများကို အနာထက်တွင်လိမ်းယင်း အနာကုနီကျ။ နွီလေပြည်များ၏ အချော့အမြူမှာ ငယ်ဖြစ်များကိုတွေးယင်း ကျွန်တော်မှေးစင်းလားပြီး အပင်အောက်မှာ ကျွန်တော်ကိုယ်တိုင်လည်း ငြိမ်သက်လျက်။

“ဟေး အသစ်”

နွီလီပြေထက်ချိုမြိန်သော ငါးနှစ်တာမျှ တောင့်တမွတ်သိပ်ခဲ့ရသော ဒေအသံကို ကြားမှ ကျွန်တော် မျက်စိနှစ်ဖက်ကို ဖွင့်ဖြစ်သည်။ လီပြေပြင်းချေတစ်ချက် ရုတ်တရက်ဝှေ့ သည်။ထိုလီပြေက ကန်ဘောင်ထက်မှ သစ်ရွက်ခြောက်ကြွီကို ဆွဲယူမွှီ့ယမ်းလျက် ကန်ရီပြင်ထက်သို့ ဆွဲယူလားခသည်။ အခုနကမှ ငြိမ်သက်နီသော ကန်ရီပြင်လည်း သစ်ရွက်ခြောက်ကြွီ အကျတွင် ၀ဲဂယက်များထကာ လှုပ်ယှားအသက်ဝင်လာသည်။

ချစ်လှစွာသော ချစ်ဦးသူကောင်မချေက အမိပီးထားသောနာမေ “လူသစ်”ကို အဖျားဆွတ်ကာ “အသစ်”ဟုခေါ်လေ့ဟိသည်။သူ့ခေါ်သံမကြားဆိုရေ အထင်နှင့် သူမက ထပ်ခေါ်သည်။

“ဟေး အသစ်”

ကျွန်တော်ကန်ရီပြင်ထက်ကို လှည့်ထားသောမျက်နှာကို သူမဟိရာ လှည့်လျက်

“ငါကြားပါရယ်ဟေ”…ကျွန်တော်ကပင်ဆက်ပြီး

“ခိုင် လီဆိပ်ကို ဇာဖြစ်လို့လာမကြိုစွာလဲ..”

ခိုင်က တစ်ခုလေ့ ပြန်မဖြေ..။ကျွန်တော်ပြုံးလိုက်ပြီး

“နင် ကောင်းလှလားရေ ခိုင် ..လွန်ခရေ ငါးနှစ်ကထက် အများကြီးလှလားရေ ခိုင်..”

အမှန်မှာ ခိုင်မျက်နှာက တဆိချေ ညှိုးနွမ်းလျှက်ရှိသည်။ သို့သော်ခွဲခွာပြီး ပြန်တွေ့ကြရသော ချစ်ရသူမမချေ တစ်ယောက်ကို စကားများများစားစား ပြောနီဖို့ ကျွန်တော်က စကားမကြွယ်။ လှလာရေဆိုစွာလောက်ပဲ ပြောတတ်သည်။

သူမက ပြုံးရေဆိုရုံလောက် ပြန်ပြုံးပြယင်း ကျွန်တော်ဟိရာ လျှောက်လာပြီး ဘေး၌ ဝင်လာထိုင်သည်။ ကန်ရေပြင်ဟိရာကို ခိုင်မျက်နှာမူလိုက်ပြီး စကားစပြောသည်။

”နင် ငါ့ကိုထားရေ သဘောထားတိ ပြောင်းလဲလားဗျယ်လာ အသစ်”

ခိုင် ကျွန်တော့်မျက်နှာကို မကြည့်ဖြစ်သည့် အကြောင်းအရင်းကို မစဉ်းစားမိပဲ

“နင့်ကိုချစ်စွာကအစ မပြောင်းလဲသိမ့်ဟေ…” လို့ ကျွန်တော်ရယ်စပ်စပ် ပြန်ဖြေမိသည်။ သူမ တဆိချေငြိမ်လားပြီး ယောင်ယမ်း၍ပင် မမျှော်လင့်ခဖူးသောစကားကို သူမကကျွန်တော့်ကို ပြောပြသည်။

“ငါ့မှာ ကိုယ်ဝန် ၂ လဟိနီဗျယ် အသစ်။ ငါနန့်ဖြစ်ခရေ ငါရည်းစားကမိသားစုနန့်တတူ အမေရိကကို ထွက်လားဗျယ်…သူတာဝန်မယူနိုင်လတ်…”

ခိုင်ကမျက်ရည်များစွာ ၀ဲလျက် မယုံ၍မရသော ပုံပြင်တစ်ပုဒ်ကို ဆက်လက်ပြောပြနီသည်။ ကန္တာရထဲ မိုင်ပေါင်းများစွာ လျှောက်လိုက်ရသကဲ့သို့ ရင်ဘတ်တစ်ခုလုံး ခြောက်ကပ်လျက် သူမပါးမှ စကားများကို ဆက်နားထောင်ရန် အင်အားမဟိချင်။ သူမ၏ အီးစက်နီသော လက်နှစ်ဘက်ကို ဆုပ်ကိုင်လျက် သူမကို ကျွန်တော်မီးသည်။

“ဒေကိစ္စကို အခင်နန့်အရီးဝါ သိပြီးဗျယ်လာ .. ခိုင်”

အသံမထွက်ဘဲ ခေါင်းခါသည်။ပြီးမှ

“သူရို့ သိက်ေရှက်ပြီး သီလားလိမ့်မေ အသစ်.. ငါဇာလုပ်သင့်လေ ငါ့မှာသတ်သီစရာ လမ်းရာ ကျန်ဗျယ်နန့် တူပါရေဟေ…”

စကားဝိုင်းသည် အင်တန်ချေတိတ်ဆိတ်လားခသည်။

အချစ်ဆိုစွာကို စတင်ခံစားမိကတည်းက ချစ်လာခရသော ချစ်ရသူအတွက် နာရီဝက်အတွင်းမှာပင် ကျွန်တော် ဆုံးဖြတ်ချက် ချလိုက်မိသည်။ ခိုင်က အတင်းငြင်းနီသည့် ကြားမှပင် တရားရုံးသို့လား၍ နှစ်ယောက်သဘောတူ လက်မှတ်ထိုးဖြစ်ခသည်။

ယနိအချိန်အထိ ကျွန်တော့်ကို “ချစ်တယ်” လို့ တစ်ခါလေ့ မပြောခဖူးသော ခိုင်က တရားရုံးမှ အထွက် ကျွန်တော့်ကို စကားတစ်ခွန်းဆိုသည်။

“အရာအားလုံးအတွက် ငါ့ဘ၀လက်ကျန်တစ်ခုလုံး နင့်ကို ကျေးဇူးဆပ်ပါရစီ..အသစ်” လတ်။

ကျွန်တော်ပြုံးပြဗျယ် ခိုင့်လက်ကို တင်းတင်းချေ ဆုပ်ကိုင်ပြီး လမ်းလျှောက်ထွက်လာလတ်သည်။

ယင်းအချိန်က ကျွန်တော့် ရင်ဘတ်ထဲမှာ ၀မ်းနည်းခြင်း၊ ၀မ်းသာခြင်း သို့မဟုတ် တစ်စုံတစ်ရာသော ခံစားချက်တစ်ခုခု မဟိခသည်ကတော့ သေချာသည်။

မိဘများစီစဉ်ကျင်းပပီးရေ မင်္ဂလာပွဲက လူများအမြင်မှာ ပျော်ပျော်ရွှင်ရွင် ပြီးလားခသည်။ ကျွန်တော့်အမိ နှင့် အေးမများက ၀မ်းသာမဆုံးကတ်။ အချေခါကပင် ကျွန်တော် ခိုင့်ကို အသည်းအသန် ချစ်လာသမျှ အိမ်ကလူများက နားနှင့် မဆံ့အောင်ကြားနီခရသဖြင့် အခုလက်ထပ်ဖြစ်သည်ကို ကျေနပ်ဝမ်းသာကြသည်။သြစတေးလျမှာ ကျောင်းသွားမတက်ခင် အဖြေတောင်းထားပြီးမှန်းလည်း သူရို့သိကတ်၍ ယခုလက်ထပ်ဖြစ်ခြင်းမှာ မနီနိုင်၍အိမ်မှ လူများမတားခင် လက်ထပ်ခြင်းဖြစ်မည်ဟု အမိရို့ယူဆထားဟန်ဟိသည်။

နှစ်ယောက်စလုံး အထူးမပျော်ရွှင်ကတ်ပိုင် ၀မ်းနည်းခြင်းလည်း ကိုယ်စီမဟိခကတ်။ လူအများ ရှိ့တွင်ပြုံးပြရန် အားယူစရာလည်းမလိုအောင် ပြုံးနိုင်ရယ်နိုင်ခသည်။ မင်္ဂလာဦးညမှစ၍ တစ်ယောက်နှင့်တစ်ယောက် အထိအတွိမဟိ အပူအပင်ကင်းကင်း အိပ်စက်ခကတ်သည်။ မယားဝတ္တရားကို ခိုင့်ဘက်မှ ကျီပွန်ခသလောက် ကျွန်တော့်ဘက်ကလည်း လင်ယောက်ျား တာဝန်ကျီအောင် အတတ်နိုင်ဆုံးနီထိုင်ဖြစ်ခသည်။ သို့သော်လည်း တကယ်တမ်း သူများသွီးသားအား မိမိသွီးသားဟုတာဝန်ယူရသည်မှာ အချစ်တစ်ခုတည်းနှင့် မလုံလောက်မှန်း တဖြည်းဖြည်းသိလာ ရသည်။ ခိုင့် ကို လက်ထပ်ရန်ဆုံးဖြတ်စဉ်က အေလောက်ထိ မတွေးမိနိုင်ခ ။ တနိတခြားပီပြင်လာသော သူများသွီးသားကို ချစ်နိုင်ရန်အင်အားမဟိခ။ ဒေကိုယ်ဝန်ကိစ္စ အတွက် ခိုင့် ကို တစ်ခါလေ့ စကားစရှာ အပြစ်မဆိုခဲ့ပိုင် ခိုင်အားရှိစီဖို့်လည်း အားမပေးဖြစ်ခ။

မမချေးတစ်ယောက်ဖြစလို့ တစ်ခါမှားဖူးသော အမှားအတွက်သူမပီးဆပ်ခပြီး ကျွှန်တော်ပြောစရာ မဟိရလီအောင် ခိုင်က နီထိုင်ပီးခသည်။ ဆီးခန်းလားချိန်များမှ လွဲ၍ ခိုင့် ကိုယ်ဝန်ကိစ္စကို ကျွန်တော်နှင့် ခိုင်က စကားထဲ ထည့်မပြောဖြစ်ခကတ်။ အလွန်ကောင်းကတ်သည့် သူမ၏မိဘများနှင့် ကျွန်တော့်မိဘဆွေမျိုးများကို ခိုင်တဖြည်းဖြည်းကြောက်လာကာ ခိုင်အနီအစား ပျက်လာသည်။ အစားအသောက်အား တာဝန်ဝတ္တရားအရ ခိုင်စားသောက်သည်ကလွဲ၍ အဟာရအထူးတလည် တောင့်တခြင်းမဟိခ။ ကျွန်တော်ဂရုမစိုက်ခမှုများအကြား မိခင်၏စိုးရိမ်စိတ် အားငယ်စိတ်များကြားတွင် ခိုင့်သမီးချေ လူ့လောကသို့ ရောက်ဟိလာလတ်သည်။

မိုးသားများကြည်လင်လျက်ရှိသော ထိုနိက အပြစ်မဲ့သော ခချေတစ်ယောက် လူ့လောကသို့ ချည်းနင်းဝင်ရောက်လာလတ်သည်။ မွီးခန်းပြင်ပမှ စိတ်လှုပ်ယှားလျက်ရှိကတ်သော နှစ်ဖက်မိဘများက အချေကိုရွက်လာသော ဆရာဝန်၏ ခွင့်ပြုချက်ကိုပင်မစောင့်ပဲ အလုအယက် ၀ိုင်းဗျယ်ရွက်ကတ်သည်။ ထိုင်နီရာ ခုံထက်ကမထပဘဲ စိတ်တည်ငြိမ်လွန်းလှသော ကျွန်တော့်ကြောင့်ဘဲလားမသိ အသံဆူညံစွာ ဟိရေ ဆွေမျိုးများစကားသံတဖြည်းဖြည်း တိတ်သွားသည်။ မထူးဆန်းပိုင် စိတ်ထဲအားတင်းပြီး ကျွန်တော်… အချေကိုထကြည့်မိ သည်။

“ဘုရား ဘုရား”

ခိုင်မွေးသော ခိုင့်သမီးချေသည် လူမဆန်စွာပစ်ထားခသည့် သူ့အဖနှင့် ရုပ်ချင်းမှာ အင်တန်ပင်တူလွန်းလှသည်။ငြင်းမရအောင်တူလွန်းသော ခိုင့်သမီးချေကို မြင်လျှင် ခိုင်အကြောင်းကို ကြားဖူးသူတိုင်း အေအချေသည် ကျွန်တော့်အချေ မဟုတ်မှန်း မကြော်ငြာဘဲ သိကြလိမ့်မည်။ ယိုင်းထဲတွင် ထည့်ထားသော ခိုင့်သမီးချေက စူးစူးရဲရဲကြည့်ဗျယ် “ခစ်” ခနဲ မြည်လားအောင်ရယ်သည်။

“သမီးချေက ချစ်စရာချေ ရယ်တောင်နီဗျယ် သားချေ ” ဘေးကနှီ ရပ်ကြည့်နီသော အမိပြောမှ အချေက ကျွန်တော့်ကို လှောင်များရယ်နီလာလို့ တွေးမိဗျယ် ယိုင်းနားမှ ကော်ရစ်တာ ဟိရာသို့ထွက်လာပြီး လမ်းမထက် ကြည့်ငေးနီမိသည်။

ဇာလောက်အချိန်ကြာကြာတွေးနေမိရေမသိ၊ ပုခုံးထက်ကို လက်တစ်ဖက်က နွီးနွီးထွီးထွီးလာဖက်မှ အသိဝင်လာပြီး လှည့်ကြည့်မိရာ တစ်ခြားလူမဟုတ် ကျွန်တော့်အမိ

“လှည်းကျိုးထမ်းဖို့ဆို အသံမမြည်အောင် ထမ်းရရေသားချေ… အသံတကျွီကျွီ မြည်ရေ လှည်းကိုထမ်းမှတော့ ပတ်ဝန်းကျင်က ကြားရေနန်းရာ သား…” လတ်

အမိက အပြစ်လည်းမဆိုဘဲ ခနဲ့ရေ သဘောမဟုတ်ပဲ ပြောမှန်း ကျွန်တော်သဘောပေါက်ပြီး အမိကို စကားတစ်ခွန်းလေ့မပြောဘဲ ပြုံးပြမိသည်။

ကျွန်တော်ပြုံးပြယင်း အမိကို တောင်းပန်ကြည့် ကြည့်နီမိသည်။ သားတစ်ယောက်ရာ မြစ်ဖြစ်ခဖို့ ဆိုလျှင် ထိုမြစ်၏ သဘောသဘာဝ၊ ဖြစ်တည်ရာ၊ ချိုးကွေ့စီးစင်းရာ၊ နောက်ဆုံးပျော်ဝင်ပျောက်ကွယ်ရာ ပင်လယ်အထိ မြေပုံမကြည့်ပဲ အလိုလိုသိနီမည်ဖြစ်သော မိခင်တို့၏သဘောကြောင့်ဘဲလားမသိ။ အမိက ကျွန်တော့်အား နှစ်လိုအားတက်စဖွယ်ပြုံးပြပြီး

“သားမမှားပါကာ သားချေ…အေချင့်စွာ ၀ဋ်ကြွီးလည်းမဟုတ်.. နောက်ဘ၀တိအတွက် ဒေဘ၀မှာ ဖြည့်ပီးရဖို့ ပါရမီကုသိုလ်ရာ ဖြစ်ဖို့ သား…”လတ်

ကျွန်တော်မျက်ရည်များဝိုင်းဗျယ် ကျေးဇူးတင်စကား အသံမထွက်အောင်ပြောမိသည်။ အသံမထွက်သော်ငြားလည်း အမိကြားနိုင်လိမ့်မည်ဟု ကျွန်တော်ယုံကြည်သည်။

ကျွန်တော်နှင့်ပတ်သက်လာလျှင် ဆတ်ဆတ်ထိမခံဖြစ်ခကတ်သော အေးမများအားလုံး နှုတ်ဆိတ်လျက်၊ ခိုင်နှင့်ပတ်သက်ခဖူးသူ အကြောင်းကို သူရို့က ပိုသိနီကတ်သော်လည်း အရာရာကို ထောက်ချင့်ကာ နှုတ်ဆိတ်စွာဖြင့် အိမ်ပြန်လားကတ်သည်။

သတိမိနီရာမှ ပြန်နိုးလာသည့် ခိုင့်လက်ချေကို မင်္ဂလာပွဲအပြီးနောက်ပိုင်း ဒုတိယအကြိမ်မြောက်ဆုပ်ကိုင်ဗျယ် ကျွန်တော်အပီပြင်ဆုံး ပြုံးလျက် အားပီးဖြစ်သည်။

“အားလုံး အီးအီးဆီးဆီးရာ ခိုင်…”

ဒေလောကထဲမရောက်လာခင်ကတည်းက ကံဆိုးခရသော ခိုင့်သမီး ဒေလောကထဲ ရောက်လာပြနကေလည်း ကံမကောင်းနိုင်ဘဲ အကြားအာရုံချို့ယွင်းကာဉာဏ်ရည်မမီ၊ နားမကြားသော အချေတစ်ဦးအဖြစ်ကြီးပြင်းခရသည်။ အချေမမွီးခင် စိတ်ဓါတ်ကျဗျယ် ကိုယ့်ကိုယ်ကိုပါ အချေကိုပါ ဂရုမစိုက်မိပဲ ပေနီခသော ခိုင်တစ်ယောက် အချေမွီးပြီးမှ ပိုရင့်ကျက်လာပြီး တည်ငြိမ်လာသည်။ မမုန်းသော်လည်း မေတ္တာမပီးနိုင်ခသော ကျွန်တော့်ကိုလည်း အပြစ်မဆိုပါပဲ သူ့သမီးကို သူသာလျှင် ပြုစုစောင့်ယှောက်ခရသည်။

နှစ်အချို့ အလိုလိုဟောင်းခသော်လည်း ခိုင့်သမီးချေ မျက်နှာပေါက်သည် ပိုပို၍သာသစ်လာကာ သူ့အဖရင်းနှင့် တူတူလာသည်။ ထို့ကြောင့်ဟု မဆိုစီကာမူ ခိုင်နှင့်ကျွန်တော်သည် လင်မယားအဖြစ် အတူဟိနီကြသော်လည်း သွီးသားချင်း မရင်းနှီးကြသည်မှာ အေနိထက်တိုင်။ လူပျိုဘ၀ကပင် မထိရက်မတို့ရက်ခဲ့သော ခိုင်တစ်ယောက် သွီးသားဆန္ဒမလွန်ဆန်နိုင်၍ ကိုယ်ဝန်ဟိနီသည်ကို သိရပြီးကတည်းက ခိုင်ကို ရင်းနှီးလိုစိတ်မရှိဗျယ်။ မသတီ ဟူသော စကားသုံးရန်အထိလည်း မလို၊ သို့ရာတွင် စိတ်ထဲ၌ ခိုင့်ချစ်သူမျက်နှာကို မိဖျောက်မရ။ အနီနီးသည့်အခါ အတိတ်ကို နောက်ပြန်ရစ်ပိုင် ပြန်မြင်လာမိသည်။ အစွဲအလမ်းကြီးတတ်သော ကျွန်တော့်အပြစ်ပဲဆိုဖိ။ အိမ်ထောင်ကျပြီးကပင် မိန်းမကောင်းဂုဏ်ရည်နှင့်အညီ နီထိုင်ခသည့် ခိုင့်ကို ချစ်သော်လည်း အနီနီးစပ်၍ မရနိုင်။ အချိန်ကြာလာသည်နှင့်အမျှ မောင်နှမသားချင်းပိုင်ရာ ချစ်ခင်ရင်းနှီးလာကြသည်။

သိုနှင့် ခိုင့်သမီးမွီးပြီး နှစ်နှစ်ခန့်အကြာတွင် ကျွန်တော်ကပျင်းသည်ဟုအကြောင်းပြကာ မိဘမဲ့ဂေဟာမှ အမြွှာအချေနှစ်ယောက်ကို မွီးစတ်ခကတ်သည်။ ယောက်ျားချေနှင့် မိန်းကချေဖြစ်၍ “ရွှေမှုန်” နှင့် “ရွှေသား” ဟု ကင်ပွန်းတပ်ခါ ခိုင့်မျက်နှာ မကောင်း။ ခိုင့်သမီးနှင့် တန်းတူပင် ရွှေမှုန် နှင့် ရွှေသား ကို ခိုင် ချစ်သော်လည်း နီရာမရခသည့် ခိုင့်သမီးချေ အတွက်တော့ ခိုင်စိတ်ကောင်းမည် မဟုတ်မှန့်း ရိပ်မိသည်။

ဒေနောက်ပိုင်းမှာတော့ ကျွန်တော့်အိမ်ထောင်ရေး စိုပြေလာသည်ဟု ဆိုရမည်။ ခိုင့်သမီးချေကို ဂရုတစိုက်မရှိသော်လည်း ရွှေမှုန်နှင့် ရွှေသားကို အကြောင်းပြုကာ ခိုင်နှင့်ကျွန်တော် တစစ ပို၍ရင်းနှီးလာသည်။ အလုပ်အားလပ်ရပ်များတွင် အမွှာနှစ်ယောက်နှင့် ကစတ်ကွင်းလားကတ်သည်။ စားသောက်ဆိုင်လားကတ်သည်။ သို့ရာတွင် ခိုင်က သူ့သမီးပါလျှင်တော့ အဘိုး၊အဘောင်မနှင့်သာ သွားတတ်သည်။ အလိုက်သိတတ်သည်ဟု ဆိုရမည်။ ခိုင့်သမီးကျန်းမာရေးကိစ္စမှလွဲ၍ အခြားကိစ္စတွင် ကျွန်တော့်ကို ခေါ်သည်မှာ အလွန်ယှားလှသည်။

ကျွန်တော်ကိုယ်တိုင်လည်း ခိုင့်သမီးကို ချစ်နိုင်ရန် ကြိုးစားခဖူးသည်။သို့သော်လည်း ကျွန်တော့်မိဘ အသိုင်းအ၀ိုင်းတွင် ခိုင့်သမီးကိုလက်မခံနိုင်ကြ။ တစ်ခါကလည်း ညစာပိုင်း အမြွှာနှစ်ယောက်နှင့် လမ်းလျှောက်ထွက်ခါ လမ်းထဲမှ မိတ်ဆွေတစ်ယောက်က လှမ်းပြောသည်။ ရိုးသားစွာပြောခြင်းလား။ ဆန်းပြားစွာပြောခြင်းလားတော့ သူကိုယ်တိုင်ပဲသိလိမ့်မည်။ ကလေးများနှင့် ကျွန်တော့်ကို တွိသောအခါ သူပြောသည့်

“ကိုလူသစ်က သူများအချေ ချစ်တတ်တယ်နန်း ...” ဟူသည့် စကားက အရှိုက်ကိုရာ ခပြင်းပြင်းချေ ရိုက်ထည့်ပိုင် ပြန်တွေးမိတိုင်း ကျဉ်ကနန့် နီအောင်ခံစားရသည်။

ဒေပိုင်နှင့် ပတ်ဝန်းကျင်ကို ဂရုမစိုက်ဗျယ်ဟု ဆိုသည့်ကြားမှ ထိုဒဏ်ကိုလျော့တိလျော့ရဲ ဟန်ဆောင်၍သာ ကျွန်တော်ခံနိုင်တော့သည်။ ပတ်ဝန်းကျင်လီပြည် ဝေ့၀ိုက်ကစားမှုမှာ ကျွန်တော်နှင့် ခိုင့်သမီး ၀ီးသထက်ဝီးလာသည်။ အတ္တကြီးစွာပင် လူမြင်ကွင်းမှာ ပြောစရာမဖြစ်အောင် နီထိုင်ခသလောက် အိမ်တွင်းတွင်လည်း ခိုင့်သမီး လဲကျနီလျှင်တောင် လှည့်မကြည့်နိုင်လောက်အောင် စိမ်းလာခသည်။

ဒုက္ခိတ ခိုင့်သမီးကို ကျွန်တော့်အမိကသနား၍ အိမ်ကိုလာပြီး ကျွန်တော့်အား ယပြတ်ယပြတ် ဆိုပိုင်ဖျောင်းဖျသည်။ နောက်ပိုင်းတွင် အမိကလည်း ကျွန်တော့်အဖြစ်အား အချေတစ်ယောက်ကို ဆီးခါးတစ်ခွက်သောက်ခိုင်ပိုင် မျက်စိစုံမှိတ် သောက်ခိုင်း၍မရသော ကိစ္စမျိုးဖြစ်မှန်း သဘောပေါက်၍လားမသိ လက်လျှော့လိုက်သည်။ ကျွန်တော်ကိုယ်တိုင်လည်း ဒေကိစ္စကို ဆီးခါးတစ်ခွက်ပိုင် မျိုသိပ်သောက်ချ၍မရမှန်း ကျွန်တော့်ကိုယ်ကျွန်တော်ရာ သိသည်။

ဉာဏ်ရည်မမီရသည့်ကြားထဲ နားမကြားသော ခိုင့်သမီးမှာ အသက် ၇ နှစ်ရောက်သည် အထိ စကားမယ်မယ်ရရ တစ်လုံးမှ မတတ်သိမ့်။ ထိုအဖြစ်ကို ကြည့်ပနာ သနား၍ ယပြတ်ယပြတ် ရောက်လာတတ်သော ကျွန်တော့်မိက မှတ်မှတ်ရရ စကားဆိုသည်။

“အပြစ်မကင်းရေ လူကြီးတိကြောင့် အပြစ်ဖြစ်ခဲ့ရရေအချေ၊ သူ့ဝဋ်ကြွီးတိ ပိသထက် ပိုပိမလာအောင် ကိုယ်သယ်ယူလို့ရယင့်သားနဲ့ မျက်စိမှိတ် နောက်မခိုင်းပါကဲ့ သားချေ…”

အချေကို မကြင်နာမှန်း ပတ်ဝန်းကျင်မှ သိမည်စိုးရိမ်၍ အငှားသမတောင် ပီးမငှားခသော ကျွန်တော်ကလည်း ခိုင့်သမီးကိုမြင်လျှင် “အမာရွတ်မြင်လျှင် မင်းမဟော်သတိရ“ ဆိုပိုင် ခိုင့်ရည်းစားကို မိမရနိုင်။ ပတ်ဝန်းကျင်အား ဂရုမစိုက်ဟု နှုတ်မှဆိုနိုင်ခသော်လည်း ပတ်ဝန်းကျင်မှ ရိုက်ခတ်လာသော ဒဏ်ကို မသိစိတ်နှင့် သိစိတ်တစ်ဝက်တွင် ကြာရှည်မခံနိုင်။ “ဆရာအသတ်ခံရသည်ကို တောင့်ခံနီရသော်လည်း ငါအသတ်ခံရစွာ သူ့အတွက်နန့်” ဟူသော အတွေးမျိုးဝင်ကာ မမုန်းသော်လည်း ချစ်ဖို့ရာမဖြစ်နိုင်ခ။

ဒေနိ ရုံးမှ စောစောဆင်းဖြစ်သည်။ ဇာလို့မဟုတ် လမ်းထိပ်တွင် မိုးပျံပူဖေါင်းသည်ကိုတွိ၍ ရွှေမှုန် နှင့် ရွှေသား ကို သတိရပြီး ၀ယ်ယူမိသည်။ ကျွန်တော်ငယ်စဉ်အငယ်ခါကပင် မိုးပျံပူဖေါင်းကို အလွန်သဘောကျ၍ လူပျိုဖြစ်သည်အထိ ၀ယ်ကစတ်တုန်း။ အခု အိမ်ထောင်ကျပြီးဆိုတော့ သားသမီးအတွက်ပေါ့။

ခိုင် ဈီးလားနေသည်ထင့်။ ရွှေမှုန် နှင် ရွှေသားက သူ့အေးမ ခိုင့်သမီးနှင့် ကစတ်နီရင်း ပြီးလာပြီး ပူဖေါင်းကို အပြိုင်အဆိုင် တီတီတာတာနှင့် လုတောင်းကတ်တည်။ ကျွန်တော်ကိုယ်တိုင်ကလည်း ယုံးမှအပြန် စိတ်အပန်းဖြေချင်သည်ဖြစ်ရာ သားနှင့်သမီးကို ချက်ချင်းမပီးပဲ ပတ်ယှောင်နီမိသည်။

“ပါပါ သားကိုပီး ပါပါ ”

“ပါပါ သမီးကိုပီး”

“ပါပါ … ပါပါ...သားကိုအယင်ပီး…”

“ပါပါ သမီးကို အယင်ပီးနန်း… ပါပါ …”

ခါတိုင်းခါပိုင်ထက် အေနိတွင် “ပါပါ.. ပါပါ…”ဟူသော အသံများ ဆူညံလျက် ပျော်စရာကောင်းလွန်းလှသည်။

ကျွန်တော်ယှောင်နီရင်းတန်းလန်းက ရုတ်တရက် တုံ့ဆိုင်းရပ်လားသည်။ ခိုင့်သမီးချေက လက်ချေနှစ်ဖက်မြှောက်ပျယ် ရှိမှ ပိတ်ရပ်နီသည်။ ကျွန်တော့်အားကြည့်နီသော ထိုအချေ၏ မျက်လုံးများကို ကျွန်တော်မျက်နှာလွှဲရန် ကြိုးစားကြည့်သည်။ မရ။ ကျွန်တော်ကိုယ်တိုင်သာမက အားလုံးပင် အံ့သြကြရမည့် အဖြစ်မျိုး

“ပါပါ …”

လက်ချေနှစ်ဖက်က မြှောက်လျက်သား၊ မျက်လုံးချေတိမှ ဖော်ပြနီသော မျှော်လင့်ချက်ချေတိက မြင်ရသူနောက်ခိုင်းလား၍ မရလောက်အောင် ဂရုဏာသက်စရာ ကောင်းလှသည်။ အေသူချေဇာလောက်တောင် ဖခင်မေတ္တာငတ်နီပါလေ။ နားမကြား၍ စကားမပြောတတ်ခသော ခိုင့်သမီးက ရွှေမှုန် နှင့် ရွှေသား နိစဉ်ခေါ်နီသော ပါးစလှုပ်ပုံကို ဇာအချိန်ကပင် ကြည့်ဗျယ် သင်ယူထားသည်မသိ။ ပီပီသသပင် “ပါပါ” ဟု သူခေါ်တတ်ခ၏။ ခိုင့် ကိုပင် “မာမာ” ဟု ပီသအောင် မခေါ်တတ်ခသည့် ခိုင့်သမီးချေသည် စကားလုံးဝ မတတ်သည့်ကြားမှ “ပါပါ” ဟုခေါ်တတ်ခဲ့၏။ ရွှေမှုန် နှင့် ရွှေသားကို အားကျကာ ဖခင်မေတ္တာ ငံ့လင့်ခံယူနီသည်။

ကျွန်တော်ကိုယ်တိုင်လည်း ခိုင့်သမီးမျက်လုံးမှပြောသော စကားများကို ရင်ဘတ်နှင့် ဖတ်မိတတ်လာသည်။ကျွန်တော် ဒူးထောက်ထိုင်ချလိုက်ပျယ် ခိုင့်သမီးချေကို ဖက်ကာ အားရကျေနပ်စွာ

“အေးလေ … သမီးချေအတွက် ပါပါ ၀ယ်လာစွာ ယာ…”

ကျွန်တော် ဒေအသက်အရွယ်အထိ တစ်ခါလေ့ မမြင်ဖူးခသည့် အချေတစ်ယောက်၏ ပျော်ရွှင်ပီတိဖြစ်မှုများစွာနှင့် ခိုင့်သမီးချေက ပူဖေါင်းကိုချိုင်ထားသောကြိုးကို အားရ၀မ်းသာစွာ ဆုပ်ပျယ် အနားကပ်မခံခဖူးသော ကျွန်တော့်အား အတင်းဖက်ထားလေသည်။

“ပါပါ… သားသားဝါ”

“မီးမီးဝါ ပါပါ…”

ရွှေမှုန် နှင့် ရွှေသားက ထပ်တောင်းမှ လက်ထဲက ပူဖေါင်းကို ကြည့်မိခါ နှစ်လုံးကျန်နီသိမ့်သည်။ သြော…ကျွန်တော်ဝယ်လာခါကပင် ပူဖေါင်းသုံးလုံး သတိမထားမိပဲ ၀ယ်လာမိသည်ကိုး ။ အမှန်တကယ်မှာလည်း ကျွန်တော့်မသိစိတ်က ခိုင့်သမီးချေအား မိထားနိုင်ခလိမ့်မည်မဟုတ်။

ပူဖေါင်းချေကိုယ်စီနှင့် ရွှေမှုန်နှင့် ရွှေသားက ပျော်လို့။ ပူဖေါင်းချေကို ကိုင်လျက် ကျွန်တော့်အား တင်းနီအောင်ဖက်ထားသော ခိုင့်သမီးချေကလည်း ပျော်လို့။ ကျွန်တော်လည်း ခိုင့်သမီးကို ပထမဆုံး နွီးနွီးထွီးထွီးဖက်ကာ

“ကျေးဇူးတင်ပါရေ သမီး…သမီးချေ မျှော်လင့်ချက်အပြည့်နှင့် မေတ္တာကို ဆာလောင်နီခတရေ မျက်ဝန်းချေတိနန့် ကမ်းလင့်နီရေလက်နှစ်ဖက်က ပါပါ့ကို လူအမှန်ဖြစ်အောင် သင်ပီးခဗျယ် သမီး…ပတ်ဝန်းကျင်က ပြောခကတ်ပိုင် သမီးစွာ သူများသွီးဖြစ်ခကေလည်း… အပြစ်မဲ့ပြီး မိဘမိခရေ ရွှေမှုန်နန့် ရွှေသားပိုင် အဖမိခရေ မေတ္တာကိုငတ်နီရရေ အချေရာ…ပါပါ့ကို ခွင်လွှတ်ပါသမီး…ဒေနိကစဗျယ် ပါပါစွာ သမီးပါပါရာနန်းရာ…”ဆိုပြီး တစ်ယောက်တည်းတွေးနီမိသည်။

ဈီးမှပြန်လာသော ခိုင်က အဖြစ်အပျက်များတွိ့ကာ အံ့သြလျက်။ အိမ်ထောင်ကျပြီးကပင် သူငယ်ချင်းပိုင်ရာ နီလာခသော ခိုင့်ကိုပုခုံးချေလားခါ ခိုင်က ခေါင်းချေငုံ့လျက်။ ဈီးခြင်းတောင်းချပြီးရေ ခိုင့်ကို ပုခုံးချေဖက်ပြီး အဝတ်လှဲရန် အိပ်ခန်းထဲသို့ လျှောက်လာစဉ် ခိုင့်ကို အခုနက အကြောင်းအရာများ တရစပ်ရှင်းပြမှ ခိုင်က မျက်ရည်စများနှင့် ပြုံးသည်။

အိမ်ပြတင်းပေါက်တွင် ဘယ်ညာချထားသော ကလာကာ နှစ်စ လီတိုက်၍ လှုပ်ခတ်လားပုံက အချင်းချင်ကျီစယ် နီကတ်သည့် လိပ်ပြာနှစ်ကောင်နှင့် တူသည်။ အဖြူရောင်ပန်း ဖေါက်ထားသည့် ပန်းနုရောင်အိပ်ယာ ခင်းထားသော ကုတင်ချေထက် နှစ်ယောက်သားထိုင်ဗျယ် ခိုင့်နားရွက် နားချေကို ကပ်ပြီး ကိုက်မိမတတ် ကျွန်တော်က တိုးတိုးချေပြောသည်။

“အိမ်မှာ ဟိရေ ဆည်းလည်းချေတိ နည်းနီလို့ နောက်ထပ် ဆည်းလည်းချေတိ ထပ်ရှာကတ်မေ…ခိုင်…”

ခိုင်က စကားပြန်မပြော ကျွန်တော့်ရင်ခွင်ထဲသို့ တိုးကပ်ကာ ဆိတ်ငြိမ်လျက်။ ဆုပ်ထားသော ကျွန်တော့်လက်ကိုရာ ပို၍အားတင်းအောင် ဆုပ်ကိုင်ထားလီသည်။ အခုမှ တဖြည်းဖြည်း ချိုမြိန်လာသည့် လှည်းကျိုးနရီချေသည် ခိုင်နှင့် ကျွန်တော့်ကို တသားတည်းဖြစ်သွားအောင် ယနိမှစ၍ ညှို့ယူပျံ့လွင့်နေလီလိမ့်မည်။

No comments:

Post a Comment

 
ဝထ္တုမိတ်ဆက်

အမှောင်ကို အရောင်သုတ်ထားရေ အလင်း
“မောင်နီသာ နက်ဖန်ခါ မင်းမျက်လုံးတိအားလုံးကောင်းလားပြီး ကမ္ဘာကြီးကို မင်းမြင်တွိရဖို့ဗျယ်။”
ဆရာဝန်ပြောရေ စကားကိုနားထောင်ယင်း သူကောင်းဝမ်းသာလားသည်။
အဂေါင့်နဂေါင့်ပင် နက်ဖန်ခါသည်သူ့ အတွက်ရင်ခုန်ဖို့ကောင်းနီဗျယ်။နက်ဖန်အယင်ရောက်ပါဖိ…။

ဆက်လက်ရှုစားရန်

ငါရို့သဘာဝပတ်ဝန်းကျင်

ကမ္ဘာကြီး၏ အနာဂတ်တစ်စိတ်တစ်ပိုင်းသည် မိတ်ဆွေ၏ လက်ထဲတွင်ဟိသည်။


ဝထ္တုမိတ်ဆက်

လှည်းကျိုးနရီ
“အပြစ်မကင်းရေ လူကြီးတိကြောင့် အပြစ်ဖြစ်ခဲ့ရရေအချေ၊ သူ့ဝဋ်ကြွီးတိ ပိသထက် ပိုပိမလာအောင် ကိုယ်သယ်ယူလို့ရယင့်သားနဲ့ မျက်စိမှိတ် နောက်မခိုင်းပါကဲ့ သားချေ…”




ဝထ္တုပြခန်းထဲသို့ ကြွပါ
ကဗျာမိတ်ဆက်

ရင်နင့်ရွက်ကြွီ
နောင်တဆိုစွာ ကြိုတလို့မရပိုင်
ဘဝဆိုစွာလေ့ ကိုယ်ချင်ပိုင် ဆွဲလို့ရရေ
မျှဉ်းတစ်ကြောင်းကမဟုတ်။
ရလာရေ သင်္ခါန်းစာတိ
ချိတ်ဆွဲလို့ကြည့် ပြန်လေ့
မြိုးလုံးကျွတ်ထွန်းထားရေ
ဝါကျွတ်မီးပုံးတိရာ ဖြစ်လားရေ။

ကဗျာပြခန်းထဲသို့ကြွပါ

ပြတိုက် ဆောင်ပုဒ်

ဘဝရှင်သန်ခြင်း၏ တစ်ခုတည်းသော အဓိပ္ပါယ်သည် စိတ်ကျေနပ်ခြင်းပင်ဖြစ်သည်။


သင်၏ ဖြေသိမ့်နိုင်စွမ်းမှရာ
ထိုစိတ်ကျေနပ်ခြင်းကို ရှာဖွေပါ.....

ညီစု.....






ပြတိုက်အဝင်ဝသို့