Showing posts with label ကဗျာ. Show all posts
Showing posts with label ကဗျာ. Show all posts

Monday, July 13, 2009

နွမ်းလျရင်အို

တိမ်မိုးချေစို ညရိပ်အိုနှင့်
သစ်ငုတ်ပျိုထက်
ဆက်ကာမှိုင်တွေး ထိုင်ကာဆွေးလျက်
ပျက်ပြယ်မုတ်သုန် လီအစုန်မှာ
ဆင်သူကင်းလှ မွမ်းကျပ်ခြင်းက
ပန်းသို့အသွင် သက်ပြင်းနှင်၍
ရင်ဝယ်စိတ်ခြွီ တစ်ပွင့်ချင်းကြွီ။

မှီတွယ်ရာမဲ့ နွယ်မျှင်သို့လေ
လီဟာနယ်မှာ ဆက်ရန်မျှော်မှန်း
အမြင်းကန်းကာ တစာစာအော်
အခါခါခေါ် မပျော်သည့်ဖြစ်
ရင်မြစ်ငြိတွယ် မလွယ်ပုစ္ဆာ
အသူကလာ အဖြေရှာမယ်
ဖြေသာမစွန်း ရင်မှာပြည့်မွမ်း
တစ်ကိုယ်တည်းလွမ်း။

ရက်သစ်မဆန်း
သို့လေဆောင်းယွန်း
မြောက်ပြန်လီလမ်း လီရူးအနမ်း
သစ်ရွက်ရို့ကြွီ လွမ်းရက်ရှည်စီ
ရောက်လီနွီလည်း
မပျောက်ပြယ်နိုင်
နွမ်းလျက်ကယ်မှိုင် ရင်ချိုင်သောကြိုး
တိုက်ဆိုင်တိုင်းတိုး
မရိုးဆယ်သက် လွမ်းရက်ဆက်မည်။


အားလုံးကျေးဇူးတင်ပါသည်။
ညီစု(၁၃၊၀၇၊၀၉)

Monday, July 6, 2009

ကြွက်နာတစ်ကောင်၏ ညစာစားပွဲ

ဒဏ်ရာဆိုစွာ
အချေခါကတော့ လူပြောများရေ
တဆီတစ်ကောင်ပါရာ
အခုတော့ခါ ဆီမပါပဲ ကျော်စားလိုက်စွာ
တကြွတ်ကြွတ်မြည်လို့။

နာလွန်းလို့ ကျင်နီရေ ရင်ထက်ကို
ပြုတ်ကျလာရေ ကံဆိုးမှုတိကိုတော့
ပန်ဒိုရာသတ္တာထဲက ကံကောင်းမှု၏
မွီးချင်းအဖြစ် မြည်းစမ်းလိုက်ဗျယ်။

ဦနှောက်ကို ပီးနိုင်လိုက်တေပွဲနောက်ပိုင်း
ညနီရောက်တိုင်း
လိုစွာထက် ပိုမှိုင်းခရေ။

ကပွဲကောင်းကြိုက်ရေ အကျိုးတစ်ကောင်က
စောစောစီးစီး ကာလာကာချခံလိုက်ရရေ
ကကွက်ကို
လွမ်းနီဆဲ။

နှစ်ချို့လာရေ ဝိုင်တစ်ခွက်
မူးတတ်တေ ဆိုပါစီဦး
ဆက်မသောက်ဖို့်တော့ ခက်တေ…
သွန်ချလိုက်ဖို့က ပိုခက်တေ….။

အနံ့ခံမှားခရေ ကြွက်နာတစ်ကောင် အတွက်
ထွက်ပေါက်ဆိုစွာ ထောင်ချောက်များလား
မသေချာခကေလေ့
အစာတင်ထားရေ စားပွဲက ခန်းနားလွန်းသလားလို့။

ငေးကြည့်နီမိရေ ပန်းချီတစ်ချပ်မှာ
အရောင်တိ မှိန်လိုက်လင်းလိုက်နန့်
ဒဏ်ရာတိရာ ရုပ်လုံးပီပြင်လာလေ့
ဒဏ်ရာဆိုစွာ
အချေခါကတော့ လူပြောများရေ
တဆီတစ်ကောင်ပါပဲ
အခုတော့လဲ ဆီမပါပဲ ကျော်စားလိုက်စွာ
တကြွတ်ကြွတ်မြည်လို့။

အားလုံးကိုကျေးဇူးတင်ပါရေ
ညီစု(၀၆၊၀၇၊၀၉)

ငါပေါင်းများစွာ၏ “ငါ”

“ငါ”တိချိတ်ဆွဲထားရေ ပြတိုက်ထဲ
သူတစ်ခန်း ကိုယ်တစ်ခန်း အလုအယက်
အတ္တတိ ခြီသံလုံပုံများ
ချိတ်ထားသမျှ “ငါ”အားလုံးကို
ပုံတူကူးလားရေ…။

ပုံစံမတူရေ “ငါ”တိကြီးကျယ်ခန်းနားခိုက်
ဆန္ဒတိ လူကြားသူကြားရောက်မလာခါ
ကိုယ်ကျင့်တရားက အင်အားဆုတ်ယုတ်ပြီး
တိုက်သမျှ ယှုံးတတ်တေ။

လက်သပ်မွီးထားရေ ဥာဏ်နီဥာဏ်နက်တိ အတွက်
မအံသြလိုက်ပါကေ့
ယင်း“ငါ”တိဝယ်ကတည်းက အပိုလက်ဆောင်ရခစွာကိုး။

ရူပဗေဒသဘောအရ
လောဘနန့် တန်းတူ အချိုးကျရေ ယင်း“ငါ” တိကို
မျှော်လင့်ချက်တိ မွီးဖွားသန့်စင်ဖို့
လူသားတစ်ယောက် အနီနန့်တော့
ကြိုသောက်နီရမြဲ။

တခါတလီကျကေလေ့
“ငါ” က လူကို မောင်းနှင်ရေအခါ
ကမ္ဘာကိုတောင်မှ ဝင်တိုက်ပလိုက်တေ။

ဘုရားသခင်ကို နာမေပြောင်းထားရေ “ငါ”က
အကြိမ်ကြိမ် ရှင်သန်ထမြောက်တတ်လို့
ယင်း“ငါ”ကို ရင်ဖတ်တင်းကုတ်ထဲကနီ ဆွဲထုတ်
ဇက်ကြိုးကိုတစ်ချက်ဆွဲ
ပျော်ရွှင်မှုတိကြဲဖြန့်ထားရေလမ်းမှာ
တတူတူမောင်းနှင်ကတ်မေ။

အားလုံးကိုကျေးဇူးတင်ပါရေ
ညီစု(၀၆၊၀၇၊၀၉)

Friday, July 3, 2009

အမှောင်ထဲ လွင့်မျောခြင်း

အနာမကျက်သိရေ ကောင်းကင်လှောင်ခြိုင့်ထဲက
အကျယ်ချုပ်ကျနီရေ တိမ်တိုက်တိ
ရွာစရာ မတွိ မချင်း
ခရီးဆက်ရဖို့သိ။

အလကားရရေ နိတိကို
အမည်းရောင်းသုတ်လိုက်ခါ ညဖြစ်လာကေလေ့
နက်ဖခါကိုရာ ခြယ်သခွင့်ဟိကေ
ရွှေအိုရောင်တောက်တောက်ချေ
မိုးထသားတစ်ခုလုံးကို
သုတ်လိမ်းလိုက်ချင်ယင့်။

ပင်လယ်တစ်ခု၏ လရောင်တမ်းချင်းကို
ကောင်းကင်နားနန့် နားဆင်လို့မရ
ကမ်းစပ်တစ်ခုလုံး အမွမွကြွီလားခါ
သဲသောင်လို့ ကင်းပွန်းတပ်ခံလိုက်မေ။

သင်္ခန်းစာတစ်ခုလို့ ဆိုကေ
စာမကြီညက်ခရေ သင်္ခန်းစာရာ ထင်ယင့်
အခါခါ ရှုံးနိမ့်ဖို့
သိသိနန့် ကျော်ဖတ်ခရေ သင်္ခန်းစာတစ်ခု
အဂုထထိလေ့ ပြန်လှန်ဖို့ မိနီရေ။

သီအိုရီမဟိရေ ညဖြစ်လို့နီဖို့
မိုးကုတ်စက်ဝိုင်းအပြင်ဘက်ထိ
ဒိုင်ယာရီက လွင့်မျော
နောက်ဆုံးစာမျက်နှာထိ
မပြောင်းလဲနိုင်ရေ သင်္ကေတတိဖုံး
ကျဆုံးနီရေ လူတစ်ယောက်ဇာတ်လမ်းက
အရယ်သန်ရေလူတိ
ဝမ်းနည်းရလောက်အောင် အရောင်ရင့်လာရေ။


အားလုံးကိုကျေးဇူးတင်ပါရေ
ညီစု(၀၃၊၀၇၀၉)

Thursday, July 2, 2009

ကျကွဲခြင်း င်္သခန်းစာ

မခွဲချင်ပါပြောမှ
ဦးတည်ရာက ဆန့်ကျင်ဘက်ဖြစ်နီရေ။
ပစ်ချမလားဖို့ တောင်းဆိုချင်ခါမှ
ရက်လွန်နီရေ။
မထိတထိ စကားက
ဘလိတ်ဓားနန့် သံကြိုးဖြတ်ရေပိုင်
ဟင်းတစ်ခွက်စာ အတွက်
ပင်လယ်ခမ်းအောင်ထိ ဆားချက်ရက်တေ…. သူ
ရင်မနာ နိုင်ခ
ခြီရင်းမှာ ဝပ်းဆင်းခယဖို့ ပှစ်မှတ်ကို ဦးညွှတ်
မြီပြင်ကို ကြွီကျလိုက်တေ မျှားတစ်စင်းပါ။
မပြောမဆို ရွာပစ်လိုက်တေ မိုးမှာ
ထီးမဆောင်တတ်တေလူ
အားလုံးဖရိုဖရဲ
စက္ကန့်တိ မိနစ်တိ ပြိုလဲနီရေ။
ရောင်စုံဇာတ်လမ်းတိုအဆုံးမှာ
အမည်းရောင်ဇာတ်လမ်းရှည် ထပ်စရေ
ဇာတ်ကောင်က တစ်ယောက်တည်း
သခင်လမ်းဖျောက်ထားရေ ခွီးချေတစ်ကောင်သာသာပါပဲ။
လှိုင်းပုတ်ယင်း ကမ်းဝီးနီလို့
လတစ်စင်း မလင်းတစ်ချက် လင်းတစ်ချက်
ဆိုင်းဘုတ်မဟိရေ လမ်းထက်မှာ
ညက မီးမလာတစ်ရက် လာတစ်ရက်
ကန္တာရသဲသောင်မှာ နစ်လို့
မိုးရီက မကျတစ်စက် ကျတစ်စက်
လက်ကျန်ခရီးတစ်ဝက်အတွက်
လက်မှတ်ပျောက်နီရေ။

အားလုံးကို ကျေးဇူးတင်ပါရေ…။
ညီစု(၀၃၊၀၇၊၂၀၀၉)

ကမ္ဘာဦးကျိန်စာ

အချစ်ဆိုဝါ
ကမ္ဘာဦးတည်းက
ငါကျရှုံးဖို့ သတ်မှတ်ထားရေ စစ်မြီပြင်တစ်ခု
အခုထိ ငါက ဝမ်းနည်းယင်း ပက်လက်ဖြစ်နီရေ။
ချစ်သူဖန်ဆင်းရေ နိတိက
ဥပေက္ခာလိမ်းကျံထားကေလေ့ လှနီယင့်။
မာနတိလှည်းကျင်းထားရေ ငါ့ရင်ဘတ်မှာ
နင့်အတ္တကို သိုလှောင်ခွင့်ရှိရေ။
ကြောင်ရှိမှာ လမ်းလျှောက်ကျင့်ရေကြွက်တစ်ကောင်လား
ငါကိုယ့်ကိုငါ မဆမ်းစစ်ခ
နင်ချထားရေ လမ်းကိုရာ
တပ်မက်တတ်တေ။
သက်သီမဟိရေ အမှန်တရားကို ပိုက်လို့
အလင်းတုထုတ်တေ နိရက်တိကိုရာ ဆာလောင်
အမှောင်ထဲမှာ ငါကိုထားပါ။
ဘဝလက်ကျန်တစ်ခုလုံး
အပိုင်စားပီးထားရေ ကြားက
နီရိုးဘုရင်တယောသံနန့်
အိပ်မောကျနီရေ ချစ်သူက
အချစ်နန့် အမုန်းစွာ
စာမျက်နှာနှစ်ဘက်ဟိရေ
စက္ကူတစ်ရွက်ရာလတ်။
ဟုတ်တေ…ယေလေ့….
မင်းအမုန်းနန့် ပတ်သက်ကေ
ငါ့ကို တုံးအခွင့်ပြုပါ။


အားလုံးကိုကျေးဇူးတင်ပါရေ
ညီစု(၀၂၊၀၇၊၀၉)


သံယောဇဉ် ပြဌာန်းချက်


နိခင်းကြောင်တောင် လမ်းလျှောက်ဖို့
မှန်အိမ်ရှာနီစွာ ဖြစ်ကောင်းဖြစ်ဖို့
နီကြတ်ချိန်ကို ကြောက်စွာကိုး။

ပုတ်ဟောင်နီရေ နခွမ်းတိများနီလို့်
အိပ်ချင်ယောင် ဆောင်နီကေ
အားဓမ္မလှုပ်မနိုးပါကေ့။

လှောင်ခြိုင့်ထဲမှာ မွီးလာရေ ငှက်တစ်ကောင်ကို
အတောင်ဖြန်ဖို့ အကြောင်း
အာကာပြင်အကြောင်း
အယင်စလိုနန့်
စာလုံးပေါင်းခိုင်းလို့မရ။

တရားကို မသိခြင်းစွာ
မသိခြင်းတရားဖြစ်မလာဖို့
ကိုယ့်ကိုယ်ကို ရိုးသားဖို့တော့ လိုဗျယ်။

သူများအတွက် ထုတ်တေ မီးခွန်းအတွက်
ကိုယ်တိုင်ဖြေဖူးမှ
ဈီးကွက်ထဲဖြန့်သင့်ရေ…။
သခင်ကို ပြန်ကိုက်တေ ဆုံးမစာတိနန့်
အသိုင်းဝိုင်းတစ်ခုလုံး
ရရောင်းသတ်နီကျ။

နက်ဖခါ နီဟိဖို့ မသေချာ
နက်ဖခါ ရီဟိဖို့ မသေချာ
နက်ဖခါ လီဟိဖို့ မသေချာ
နက်ဖခါ မြီဟိဖို့ မသေချာ
မသေချာမှုတိမျောလွင့်နီရေ ကြားက
သူငယ်ချင်းဖြစ်ခွင့် တစ်ခုကိုတော့
ဖမ်းဆုပ်ထားချင်လို့
မီးခွန်းတိကို မျိုးရိုးပြောင်းပြီးကေ
သော့မခတ်ထားရေ တန်းခါးကနီ
အသံမပီးပဲ အိမ်ထဲကို ဝင်လာခွင့်ဟိပါရေ။


အားလုံးကိုကျေးဇူးတင်ပါရေ
ညီစု(၀၂၊၀ရ၊၀၉)

Sunday, June 28, 2009

အသိမ်းလွန်ဆန္ဒ

လရောင်ကချော့သိပ်
စိတ်ကိုတင်ဆောင်ရေ မိုးသားထက်
အနားသတ်မထားရေ အိမ်မက်
နောက်တရက်မိုးမလင်းခင်
အေနိကို အခွံဆုတ်ထားရေ နက်ဖန်တိကို
အစိမ်းရောင်သုတ်ပီးပါ။

နောက်မဆုတ်တတ်တေ ခြီလှမ်း
အနမ်းတိလက်ဆင့်ကမ်း
ဝမ်းသာတတ်တေ မျက်ဝန်းတိဟိရာ
အလင်းစက်ကျရောက်ယင်း
မျှော်လင့်ချက်တိ လမ်းလျှောက်သင်ပီးပါ။

အရောင်မှိန် အမှန်တရားနောက်
ထိမ်ချန်ထားခံရရေ
ရိုးသားမှုတူးဖော်ဖို့
ပိုးစားပြီး စုန်းပြုထားရေ ရင်ခုန်သံကိုညှိ
ဒဏ်ရာမဟိရေ
ပန်းတိုင်အထိ
ရင်တွင်းအသိနန့် မောင်းနှင်ခွင့်ပြုပါ။

ဆန္ဒဟောင်းအတွက် အလျော်ရထားရေ ဆန္ဒသစ်
တဆစ်ဆစ်ကိုက်နီရေ မြင်ကွင်းတစ်ချို့ကြား
ကြင်းနီရေကျည်ဆံလမ်း
အနီရောင်ဆမ်းသိတိုင်
မျက်ရည်နန့် ဆီးကြော
အပြီးသတ်ထားရေ ဇာတ်ကို
အသစ်တခါ ထပ်မစစီချင်
ပြည်အဝင်ကပင် ပန်းခင်း
ပျော်ရွှင်မှုကို နောက်တကြိမ်ဆင်းသက်ခွင့်ပြုပါ။



အားလုံးကို ကျေးဇူးတင်ပါရေ
ညီစု(၂၉၊၀၆၊၂၀၀၉)

Saturday, June 6, 2009

အမှောင်ကျလားရေမြို့

တားမြစ်ထားရေ အသီးကို
မစားမိဖို့
ဂါထာ တစ်ပုဒ်ပိုင်
အခါခါရွတ်ဆိုနိန်ယင်းက
ဒြပ်မဲ့ရွာချေထဲက
နတ်သမီးထောင်ချောက်မှာ
အမှတ်တမဲ့ ကျွံယင်း
နံရိုးတစ်ချောင်းထပ်ကျိုး
အစိုးမရခ စိတ်ခန္ဓာနန့် ငါ…။

ပြက္ခဒိန် အဟောင်းထဲမှာ
အပွဲပွဲအောင်ခသမျှ
အခုတစ်ခေါက်မှ
စာမေးပွဲ ဝင်မဖြေရဲရေ လူတစ်ယောက်
သြော်…
ငါကြောက်တတ်မှန်း
ယင်းနိန့်ကမှ သိရေ…။

ဆုံးဖြတ်ချက် တစ်ဘက်တစ်ချက်စီက
ငါ နန့် ငါ ရန်ဖြစ်လို့
ဂနာမငြိမ်တတ်တေ စိတ်က
အခုမှ…
အမက်မောဆုံး အပြုံးနန့်
မပျက်မသုံး ပြုံးနိန်ရေ ပုံရိပ်ချေကို
အိပ်ရီးပျက်ခံ စိုက်ကြည့်နိန်တတ်ဗျယ်။

ဒုတိယအကြိမ်
အသစ်ပြန်မက်လာရေ
၁၆နှစ်အရွယ် အိပ်မက်က
အေတစ်ခါ လေးနက်ပြောင်မြောက်လွန်းလို့
ရင်ဘတ် တည်ဆောက်ပုံကို ပုံဖော်ကေ
၂၁ရာစု ရာဇဝင်မှာ
ငါရာ စာတင်ကျန်ခဖို့ ယုံကြည်ယင့်…။

ယင်းရင်ဘတ်ထဲ
ပျို့ထုတ်မရရေ
ဝေဒနာတစ်စက တစ်ဆို့
ငါ့မြို့တစ်ခုလုံး မီးအမှောင်ကျလို့
ညချေပီးဖို့ အလင်းနန့်
အသက်ဆက်ဖို့ လူတစ်ယောက်ကို
အစမ်းသုံးတာဖြစ် သုံးကြည့်ပလင်…ညချေ။

အားလုံးကို ကျေးဇူးတင်ပါရေ။
ညီစု
(၂၄၊၃၊၂၀၀၉)

အိမ်လွှမ်းငှက်တမ်းချင်း

အချိန်တိက တစ်မှုန့်ချင်းကြွီ
မသီသိရေ မျှော်လင့်ချက်နန့်
တမ်းတမှုတိက သူ့ကိုယ်သူ ဆွဲဆန့်နိန်ကတ်တေ။

လွတ်လပ်တေ ပျော်ရွှင်မှုက
မစီးစွာကြာရေ ဖိနပ်ပိုင်
ဂျောင်မှာမှိုင်ဗျယ်
အာဂန္ဓုပိုင် ထိုင်ပနာ ကြည့်နိန်ယင့်။

အတ္တက
ခံယူချက်အဖြစ် ကိုယ်ယောင်ဖျောက်ဝင်ခလို့
မြက်နုကိုစား
ကြည်နိန်ရေ ရီကိုသောက်
လင်းစွာမှောင်စွာတောင် မတူညီဗျယ်။

စိတ်အိပ်အပေါက်နန့်
ကောက်နိန်ရေ ရည်မှန်းချက်တိအတွက်
အတိတ်ကို အလည်ရောက်ဖို့တောင်
လမ်းစရိတ်မရ။

တရပ်တရွာမှာ
မြှပ်ပစ်ခရေ ကတိသစ္စာတိ
လူမသိပဲ ဖုတ်ထားရေ ငပိပိုင်
ပေါင်မုန်နန့် အတွိ့မှာ
ပြာအဖြစ်ပြောင်း
ဟောင်းနွမ်းဆွီးမြိ့
ပြန်တူးဖို့မိဗျယ်။
အိမ်ပြန်စိတ်ကူးကလေ့
စက္ကူပါးချေတိနန့် အတွိ့မှာ
မိုးလင်းတိုင်း သစ်ချခံလိုက်ရရေ မျက်ချီးပိုင်
ပေါ်လာလိုက် ဖျောက်ခံရလိုက်။

အမှန်က
မမက်မမော မက်ခရေအိမ်မက်က
အခုထက်ထိမနိုးအောင်
ကကွက်ဆန်းတိထိုး
တစ်မျိုးပြီး တစ်မျိုးညှို့
ကိုယ့်ကို ချိုင်နိန်ရေ ကြိုးကို
ကိုယ်တိုင်ကျစ်လို့
ဒြပ်မဲ့နွံထဲမှာ
နစ်သထက်နစ်….။
တဆစ်ဆစ်နာလာရေ
ရင်ဘတ်ကို ရှေ့တမ်းတင်
လောဘဆံပင်ကို ကိုက်ဗျယ်
အယင်က အသိုက်ကို သတိတရ
အိမ်ပြန်ရောက်တေနိန့်မှ
အပြုံးထောက်ကြိုရေ မိဘကို
အော်တိုများ ထိုးခိုင်းရဖို့လားဂု။



အားလုံးကိုကျေးဇူးတင်ပါရေ
ညီစု

Thursday, June 4, 2009

တိမ်ခြီရာကောက်သူ

ညခါက ကျကွဲလားရေ ဖန်ခွက်ထဲမှာ
ဝိညာဉ်တစ်ကောင် အပိုပါလားရေ
ဝါကျစသိ ပုဒ်မချခံလိုက်ရဗျယ်
နောက်ဆုံးဆိုရေ ဝေါဟာရကို အမုန်းဆုံး…
လက်ပြနုတ်ဆက်ခြင်းကို မနှစ်သက်ပါ…
ယေလေ့ ပွင့်ရေပန်းတိုင်းဇာမွှီးဖို့လဲ
ပန်းတိုင်းမွှီးဖို့ မျှော်လင့်မိရေအတွက်
ဆန္ဒက ပရုပ်လုံးပိုင် တဖြည်းဖြည်းအငွေ့ပျံ
နက်ဖန်တိုင်းမှာ တတူတူဟိနီချင်ယင့်
ဦးတည်ရာမတူကေ မီးပွိုင့်ရောက်လာမှ
လမ်းခွဲရဖို့ဗျယ်နန်းရာ။
ဖန်ခွက်ချင်းတိုက်လို့
ရယ်သံတိသွန်ကျခရေ နိရက်တိုင်းအတွက်
ကျေးဇူးတင်ပါရေ။
နာရီသံလေးနာ၇ီတီးဗျယ်…
ရထား ဥသြလေ့ဆွဲဗျယ်…
လားရဖို့ဗျယ်ထော…
ဆက်မလိုက်ချင်လို့ ကျန်နီခရေ တိမ်တစ်စင်း
မတူညီရေ လမ်းထက်မှာဖြစ်နီကေလေ့…
ကောင်ကင်တစ်ခုတည်းအောက်မှာဟိနီမှန်းသိကေ
နောက်တစ်ခါ အရောင်မတူလို့ လှမ်းမကိုက်ပါကေ့။
အရောင်ပြောင်းထားရေ ဝိညာဉ်အနံ့ကို ခံလို့
ဘုံကျခရေ အတ္တကိုမှတ်မိကေ
မနွီးထွီးကေတောင် အီးစက်မနီရေလက်ကို
နူတ်ဆက်ချင်ပါရေ။
အချပ်ချပ်လန်နီရေ ပြက္ခဒိန်ထက်မှာ
ကွဲကွာလားရေတိမ်ခြီရာတိ လိုက်ကောက်ဖို့စွာရာ…
စိတ်ကူးယဉ် အိမ်မက်တစ်ခု ဖြစ်ကောင်းဖြစ်ဖို့
မလွယ်ကူရေအရာတိမှာရာ အိမ်မက်ဆိုစွာ ရှင်သန်တတ်လို့
အိမ်မက်ထဲမှာလွင့်မျောပြီး
တိမ်ခြီရာကောက်ဖို့
လမ်းကွဲကျန်ခရေ လူအတွက်
အပြုံးတစ်ခုရာ အမှတ်သား ချန်ပီးခပါ။


အားလုံးကိုကျေးဇူးတင်ပါရေ….
ညီစု
(၁၈၊၀၅၊၂၀၀၉)

ရင်နင့်ရွက်ကြွီ

ဖြုတ်ခနန့် ကြွီကျလားရေ
သစ်ရွက်ကြွီချေ...
နွီကိုရာ အပြစ်တင်ရဖို့လား
လီကိုရာအပြစ်တင်ရဖို့လား
ဆွဲငင်မထားခရေ သစ်ပင်ကိုရာလား
လွဲစင်လားရေ ဇာတ်ညွှန်းကို
ပျင်ဆင်ချိန်မရ
လှိုင်းသတ်လားရေ သဲမြို့ပိုင်
ဘဝက ရရောင်းခတ်ကျန်ခရေ။
နိုင်းမပြတတ်တောင်
ပျဉ်ဖိုးနားမလည်တတ်လို့
နောက်တစ်ခါဆိုလည်း
ဝပ်ဆင်းခယချင်ပါယင့်။

အာကာကိုထောင်ပစ်ရေ
မျှားတစ်စင်းအဖြစ်က
စိုက်ဖို့ ပစ်မှတ်မဟိမှန်းသိချိန်
အရာရာနောက်ကျလို့
မြီပြင်ကို အလဲလဲပြိုဆင်းခရလည်း
တခါက ဆိုစွာ တစ်ခါက ရာ
ဖြစ်လားမနားယေ။

သစ္စာခြောက်ခမ်းနီရေ သူ့ရင်မှာ
မြီသြဇာမဟိဘဲ ပေါက်လာရေ
ကတိ တိ အသီးမအောင်ခါမှ
ရွှေယုန်နန့်ရွှေကျား ဝတ္ထုထဲက
ရွှေကျားကို အထင်သေးမိရေအတွက်
နောင်တရမိပါယင့်။

နောင်တဆိုစွာ ကြိုတလို့မရပိုင်
ဘဝဆိုစွာလေ့ ကိုယ်ချင်ပိုင် ဆွဲလို့ရရေ
မျှဉ်းတစ်ကြောင်းကမဟုတ်။
ရလာရေ သင်္ခါန်းစာတိ
ချိတ်ဆွဲလို့ကြည့် ပြန်လေ့
မြိုးလုံးကျွတ်ထွန်းထားရေ
ဝါကျွတ်မီးပုံးတိရာ ဖြစ်လားရေ။

အင်...
တစ်ယောက်တည်း လှန်ပြီးထောင်းပလိုက်စွာ
ကိုယ့်ပေါင်တောင် အမှုန့်မှုန့် ကြွီပါလားဗျယ်။

ယေတောင်..
ခြွင်းချက်အတွက်
အရောင်မစွန်းခရေ စိတ်က
ညစာက နူတ်ဆက်လားရေ နီကို
ပြန်ထွက်လာနိုးနိုးနန့် မျှော်လင့်ယင်း
နီဝင်လားရေ အနောက်ဖက်ကိုရာ
စောင့်မျှော် ကြည့်ငေးနီမိရေ...။






အားလုံးကိုကျေးဇူးတင်ပါရေ
ညီစု (၀၅၊၀၅၊၂၀၀၉)

နောက်ကုန်းမှာဟိရေ...မှင်

မင်းအသက် တစ်ခါလွှတ်
ငါ့ အသက် ဆယ်ခါလွှတ်က
စလိုက်တေ ဇာတ်လမ်းစွာ
အောက်ဆီဂျင်နန့် ပေါက်ကွဲရေ ဗုံးပိုင်
တဖြည်းဖြည်းကြီးလို့ရာလာရေ...။

နာမ်စားချေတစ်ခုရာ
ယေလေ့
ကမ္ဘာက အခါခါ လဲပြိုခရဗျယ်။
အရောင်ဟိပြီးသား မြီကို
အနီရောင်သုတ်ဖို့
ယင်းနာမ်စားကပင်
ယပတ်ယပတ် ကြိုးစားတတ်တေ။

တစ်သက်လုံး ပိုးမွီးပိုင် မွီးလာလေ့
သခင်ကိုတောင် ပြန်ကိုက်တတ်တေ
ယင်းပိုင် သဆီတစ်ကောင်ကို
နွီးနွီးထွီးထွီး ရင်ခွင်မှာ ပိုက်လို့
သြော်...ရီးချိုး၊ထမင်းစား၊အိပ်ချိန်တောင်
မလွှတ်ချနိုင်ကတ်...။

မြင်မြင်သမျှ သူကပေါက်ရောက်လို့
ကုန်းကောက်ဖို့ မဟိရေ
ဆင်းရဲသားမှာတောင် ရီတွက်မရအောင်ပိုင်ရေ..

ပတ်ဝန်းကျင်ကို တစ်ချက်ချေလောက်
ဝှေ့ကြည့်လိုက်ကေလေ့
ထောပတ်သုတ်ထားရေ
ပေါင်မုန့် အသိုးကိုထုတ်ကျွေးတတ်တေ ဆရာတော်၊
အပေါစား ရောင်သုတ်ထားရေ
သက်တန်းအတုကို ဆောင်ခိုင်းတတ်ရေ ဆရာ၊
ရီမွှီးဆွတ်ထားရေ ငပိအိုးကို လက်ဆောင်ပီးတတ်ရေ သူငယ်ချင်း၊
မျက်နှာဖုံးကောင်းကြိုက်တေ ရည်းစား၊
ကိုယ့်ကိုယ်ကို မျက်လှည့်ပြ ကစတ်တေ
ငါ့ကိုယ်ငါ၊
အားလုံး အားလုံး နောက်ကုန်းမှာ
အချိန်က
တယုတယ ထိုးပီးထားရေ...မှင်ဟိရေ။

အနီးဆုံးမှာထားပနာ
အသေအချာမြင်ဖို့ မကြိုးစားခရေ
ယင်းမှင်ရုပ်ကို...
”အတ္တ”လို့ ခေါ်မှန်း..
ငါဇာခါ တိတိကျကျ
သဘောပေါက်နားလည်ဖို့လည်းဂု.....။




အားလုံးကိုကျေးဇူးတင်ပါရေ..
ညီစု
(၀၄၊၀၅၊၂၀၀၉)

စိတ်ဖန်အိမ်

အမူအကျင့်မှာတော့
ပစ်စလက်ခတ် သင်းကွဲနီရေကောင်
ပရိဒေဝ မှန်ကွဲပြတ်ထားလို့
အဝါရောင်ဧပြီအပျိုမ ပီးရေ
ပိတောက်လက်ဆောင်ကိုတောင် ငြင်းမိရေ။

ညချေ…
မင်းလက်ညှိုးတစ်ထောက်စာရာ
ယကေလည်း
ပြုတ်ကျလားရေ စိတ်ဖန်အိမ်ချေအတွက်
ချောက်စွန်မှာ ရပ်မိရေ ဒေလူမှာရာ အပြစ်…
အချစ်လို့ ရိုးရိုးချေပြောမေ။

သစ်ရွက်လှုပ်တိုင်း စာမစီတတ်တေ
အတ္တရင့် ဗဟုသုတတိက
ညချေဖတ်နီကျ
ပန်းနုရောင် ဘာသာဗေဒကိုဖတ်ဖို့
မျက်မှန်တပ်ရဖို့ဗျယ် ထင်ယင့်။

တတားချေရာဟိရေ ဆက်သွယ်မှုတိ
သင်္ခါရရီစီးထဲ
မျောပါမလားဖို့ ဆုတောင်းရာ
ဘယ်သန်ရင်ဘတ်ထဲမှာ
အမြတ်ကျန်ခရေ။

ဝိုင်းပြီး စောင်းတီး နားချနီကတ်တေကြားက
ညချေထုတ်ဝတ်ဖို့ အနီရောင်အောက်မှာ
ဝတ်တွားခယဖို့ ကျွှဲတစ်ကောင်ရာ…။

အခုတော့ခါ
တိမ်ဖဲကြိုးတပ်ထားရေ
အိမ်မွီးညနီခင်းချေတိလည်း မလှ…။

သက်တန်းကလကာချထားရေ
မိုးစဲနာရီချေတိလည်း မလှ…။

နတ်သမီးဖျော်တိုက်တေ
ကော်ဖီလည်းမကောင်း…။

နီမင်းကိုယ်တိုင် ထကြိုရေ
မိုးထက်သားတောင် မှိုစော်နံလို့…
ပတ်ဝန်းကျင်တစ်ခုလုံး ဖုန်တက်လို့…
Vista window တစ်ခုလုံး မွဲခြောက်လို့…။

လူတိကျပ်သိပ်နီရေကြားက
နိခင်းဓာတ်မီးတိုင်ချေ ငါ့ကို
အခုမှ ရင်းနှီးလာရေ သက်ပြင်းတိက
အနီးကတ်အားပီးယင်း
စက္ကန့်တိက တငွေ့ငွေ့
အသက်ငင်နီရေအချိန်
လတ်လတ်ဆတ်ဆတ် ကျကွဲထားရေ
စိတ်ဖန်အိမ်ကွဲချေတိပိုင်ဗျယ်…
ဒေလူ…
ဒေလူလေ့…
တစ်မှုန့်ချင်း ကြွီဆင်းနီရေ..ညချေ။


အားလုံးကိုကျေးဇူးတင်ပါရေ...
ညီစု
(၂၇၊၃၊၂၀၀၉)
 
ဝထ္တုမိတ်ဆက်

အမှောင်ကို အရောင်သုတ်ထားရေ အလင်း
“မောင်နီသာ နက်ဖန်ခါ မင်းမျက်လုံးတိအားလုံးကောင်းလားပြီး ကမ္ဘာကြီးကို မင်းမြင်တွိရဖို့ဗျယ်။”
ဆရာဝန်ပြောရေ စကားကိုနားထောင်ယင်း သူကောင်းဝမ်းသာလားသည်။
အဂေါင့်နဂေါင့်ပင် နက်ဖန်ခါသည်သူ့ အတွက်ရင်ခုန်ဖို့ကောင်းနီဗျယ်။နက်ဖန်အယင်ရောက်ပါဖိ…။

ဆက်လက်ရှုစားရန်

ငါရို့သဘာဝပတ်ဝန်းကျင်

ကမ္ဘာကြီး၏ အနာဂတ်တစ်စိတ်တစ်ပိုင်းသည် မိတ်ဆွေ၏ လက်ထဲတွင်ဟိသည်။


ဝထ္တုမိတ်ဆက်

လှည်းကျိုးနရီ
“အပြစ်မကင်းရေ လူကြီးတိကြောင့် အပြစ်ဖြစ်ခဲ့ရရေအချေ၊ သူ့ဝဋ်ကြွီးတိ ပိသထက် ပိုပိမလာအောင် ကိုယ်သယ်ယူလို့ရယင့်သားနဲ့ မျက်စိမှိတ် နောက်မခိုင်းပါကဲ့ သားချေ…”




ဝထ္တုပြခန်းထဲသို့ ကြွပါ

ပြတိုက်လမ်းညွှန်

ကဗျာမိတ်ဆက်

ရင်နင့်ရွက်ကြွီ
နောင်တဆိုစွာ ကြိုတလို့မရပိုင်
ဘဝဆိုစွာလေ့ ကိုယ်ချင်ပိုင် ဆွဲလို့ရရေ
မျှဉ်းတစ်ကြောင်းကမဟုတ်။
ရလာရေ သင်္ခါန်းစာတိ
ချိတ်ဆွဲလို့ကြည့် ပြန်လေ့
မြိုးလုံးကျွတ်ထွန်းထားရေ
ဝါကျွတ်မီးပုံးတိရာ ဖြစ်လားရေ။

ကဗျာပြခန်းထဲသို့ကြွပါ

ပြတိုက် ဆောင်ပုဒ်

ဘဝရှင်သန်ခြင်း၏ တစ်ခုတည်းသော အဓိပ္ပါယ်သည် စိတ်ကျေနပ်ခြင်းပင်ဖြစ်သည်။


သင်၏ ဖြေသိမ့်နိုင်စွမ်းမှရာ
ထိုစိတ်ကျေနပ်ခြင်းကို ရှာဖွေပါ.....

ညီစု.....






ပြတိုက်အဝင်ဝသို့