Tuesday, June 30, 2009

scenery

Light Splitting Eve



Revitalizing



How am I Creative





Monday, June 29, 2009

ကြည့်မှန်ထဲက ဆားခတ်ထားရေ မြစ်

ထော..ထိုမှာ ကြည့်လိုက်
ငံကျိက်ျိမျဉ်းတစ်ကြောင်း
နှလုံးသားကမြစ်ဖျားခံပြီး
မျက်ဝန်းမှာ တာကျိုးလာစွာယေ။
လူသိမခံရဲရေ ယင်းမျဉ်းချေတစ်ကြောင်း
ပုန်းသျှိုးကွယ်သျှိုးနန့်
သူ့ရင်ဘတ်ထဲမှာ ဇာလောင်ညောင်းနီဖို့လဲ
အရိပ်မထွက်ပဲ အကောင်မြင်နီရစွာ ခက်တေ။
တစ်ခုကိုလေ့ လွတ်လပ်ခွင့် မပီး
ထွက်ပေါက်မှန်သမျှ သော့ခတ်ထားပြီး
မီးဆွဲဘူးငယ်ချေထဲ သွပ်သိပ်ထည့်ထားရေ
စိတ်အသိက
ကျော့ကွင်းမိရေ ငှက်တစ်ကောင်ပိုင်
အတောင်တိ မီးလောင်လားရေအထိ
ရုန်းထွက်လိုက်ချင်ပါယင့်။
အရာတစ်ခုတည်းကိုရာ
မွတ်သိပ်ခြင်း၊ခါးသီးခြင်းတိအပြည့်
အပူတစ်လှည့် အအီးတစ်လှည့်နန့်
ရင်ဘတ်ဖန်ရုပ်ချေက
လွင့်စိုင်လားစွာ….
ထော…ထိုမှာ ကြည့်လိုက်
ဖန်မှုန့်အငံချေတိ မျက်ဝန်းကတစ်ဆင့်
တစ်မှုန့်ချင်းကြွီလို့……..။

အားလုံးကိုကျေးဇူးတင်ပါရေ
ညီစု

Sunday, June 28, 2009

အသိမ်းလွန်ဆန္ဒ

လရောင်ကချော့သိပ်
စိတ်ကိုတင်ဆောင်ရေ မိုးသားထက်
အနားသတ်မထားရေ အိမ်မက်
နောက်တရက်မိုးမလင်းခင်
အေနိကို အခွံဆုတ်ထားရေ နက်ဖန်တိကို
အစိမ်းရောင်သုတ်ပီးပါ။

နောက်မဆုတ်တတ်တေ ခြီလှမ်း
အနမ်းတိလက်ဆင့်ကမ်း
ဝမ်းသာတတ်တေ မျက်ဝန်းတိဟိရာ
အလင်းစက်ကျရောက်ယင်း
မျှော်လင့်ချက်တိ လမ်းလျှောက်သင်ပီးပါ။

အရောင်မှိန် အမှန်တရားနောက်
ထိမ်ချန်ထားခံရရေ
ရိုးသားမှုတူးဖော်ဖို့
ပိုးစားပြီး စုန်းပြုထားရေ ရင်ခုန်သံကိုညှိ
ဒဏ်ရာမဟိရေ
ပန်းတိုင်အထိ
ရင်တွင်းအသိနန့် မောင်းနှင်ခွင့်ပြုပါ။

ဆန္ဒဟောင်းအတွက် အလျော်ရထားရေ ဆန္ဒသစ်
တဆစ်ဆစ်ကိုက်နီရေ မြင်ကွင်းတစ်ချို့ကြား
ကြင်းနီရေကျည်ဆံလမ်း
အနီရောင်ဆမ်းသိတိုင်
မျက်ရည်နန့် ဆီးကြော
အပြီးသတ်ထားရေ ဇာတ်ကို
အသစ်တခါ ထပ်မစစီချင်
ပြည်အဝင်ကပင် ပန်းခင်း
ပျော်ရွှင်မှုကို နောက်တကြိမ်ဆင်းသက်ခွင့်ပြုပါ။



အားလုံးကို ကျေးဇူးတင်ပါရေ
ညီစု(၂၉၊၀၆၊၂၀၀၉)

Close Shot II








Close Shot







Tuesday, June 9, 2009

Saturday, June 6, 2009

အမှောင်ကျလားရေမြို့

တားမြစ်ထားရေ အသီးကို
မစားမိဖို့
ဂါထာ တစ်ပုဒ်ပိုင်
အခါခါရွတ်ဆိုနိန်ယင်းက
ဒြပ်မဲ့ရွာချေထဲက
နတ်သမီးထောင်ချောက်မှာ
အမှတ်တမဲ့ ကျွံယင်း
နံရိုးတစ်ချောင်းထပ်ကျိုး
အစိုးမရခ စိတ်ခန္ဓာနန့် ငါ…။

ပြက္ခဒိန် အဟောင်းထဲမှာ
အပွဲပွဲအောင်ခသမျှ
အခုတစ်ခေါက်မှ
စာမေးပွဲ ဝင်မဖြေရဲရေ လူတစ်ယောက်
သြော်…
ငါကြောက်တတ်မှန်း
ယင်းနိန့်ကမှ သိရေ…။

ဆုံးဖြတ်ချက် တစ်ဘက်တစ်ချက်စီက
ငါ နန့် ငါ ရန်ဖြစ်လို့
ဂနာမငြိမ်တတ်တေ စိတ်က
အခုမှ…
အမက်မောဆုံး အပြုံးနန့်
မပျက်မသုံး ပြုံးနိန်ရေ ပုံရိပ်ချေကို
အိပ်ရီးပျက်ခံ စိုက်ကြည့်နိန်တတ်ဗျယ်။

ဒုတိယအကြိမ်
အသစ်ပြန်မက်လာရေ
၁၆နှစ်အရွယ် အိပ်မက်က
အေတစ်ခါ လေးနက်ပြောင်မြောက်လွန်းလို့
ရင်ဘတ် တည်ဆောက်ပုံကို ပုံဖော်ကေ
၂၁ရာစု ရာဇဝင်မှာ
ငါရာ စာတင်ကျန်ခဖို့ ယုံကြည်ယင့်…။

ယင်းရင်ဘတ်ထဲ
ပျို့ထုတ်မရရေ
ဝေဒနာတစ်စက တစ်ဆို့
ငါ့မြို့တစ်ခုလုံး မီးအမှောင်ကျလို့
ညချေပီးဖို့ အလင်းနန့်
အသက်ဆက်ဖို့ လူတစ်ယောက်ကို
အစမ်းသုံးတာဖြစ် သုံးကြည့်ပလင်…ညချေ။

အားလုံးကို ကျေးဇူးတင်ပါရေ။
ညီစု
(၂၄၊၃၊၂၀၀၉)

အိမ်လွှမ်းငှက်တမ်းချင်း

အချိန်တိက တစ်မှုန့်ချင်းကြွီ
မသီသိရေ မျှော်လင့်ချက်နန့်
တမ်းတမှုတိက သူ့ကိုယ်သူ ဆွဲဆန့်နိန်ကတ်တေ။

လွတ်လပ်တေ ပျော်ရွှင်မှုက
မစီးစွာကြာရေ ဖိနပ်ပိုင်
ဂျောင်မှာမှိုင်ဗျယ်
အာဂန္ဓုပိုင် ထိုင်ပနာ ကြည့်နိန်ယင့်။

အတ္တက
ခံယူချက်အဖြစ် ကိုယ်ယောင်ဖျောက်ဝင်ခလို့
မြက်နုကိုစား
ကြည်နိန်ရေ ရီကိုသောက်
လင်းစွာမှောင်စွာတောင် မတူညီဗျယ်။

စိတ်အိပ်အပေါက်နန့်
ကောက်နိန်ရေ ရည်မှန်းချက်တိအတွက်
အတိတ်ကို အလည်ရောက်ဖို့တောင်
လမ်းစရိတ်မရ။

တရပ်တရွာမှာ
မြှပ်ပစ်ခရေ ကတိသစ္စာတိ
လူမသိပဲ ဖုတ်ထားရေ ငပိပိုင်
ပေါင်မုန်နန့် အတွိ့မှာ
ပြာအဖြစ်ပြောင်း
ဟောင်းနွမ်းဆွီးမြိ့
ပြန်တူးဖို့မိဗျယ်။
အိမ်ပြန်စိတ်ကူးကလေ့
စက္ကူပါးချေတိနန့် အတွိ့မှာ
မိုးလင်းတိုင်း သစ်ချခံလိုက်ရရေ မျက်ချီးပိုင်
ပေါ်လာလိုက် ဖျောက်ခံရလိုက်။

အမှန်က
မမက်မမော မက်ခရေအိမ်မက်က
အခုထက်ထိမနိုးအောင်
ကကွက်ဆန်းတိထိုး
တစ်မျိုးပြီး တစ်မျိုးညှို့
ကိုယ့်ကို ချိုင်နိန်ရေ ကြိုးကို
ကိုယ်တိုင်ကျစ်လို့
ဒြပ်မဲ့နွံထဲမှာ
နစ်သထက်နစ်….။
တဆစ်ဆစ်နာလာရေ
ရင်ဘတ်ကို ရှေ့တမ်းတင်
လောဘဆံပင်ကို ကိုက်ဗျယ်
အယင်က အသိုက်ကို သတိတရ
အိမ်ပြန်ရောက်တေနိန့်မှ
အပြုံးထောက်ကြိုရေ မိဘကို
အော်တိုများ ထိုးခိုင်းရဖို့လားဂု။



အားလုံးကိုကျေးဇူးတင်ပါရေ
ညီစု

မှန်မှာ ထောင်ဗျယ် ဖတ်ဖို့ အိပ်ရာထ၀တ္ထု (၃)

ပြောက်ကျားတပ်ထဲကနီတောထဲကို လမ်းလျှောက်ဖြတ်လာပြီးရေအခါ မိုးဂျောက်စွာ ညောင်းညောင်းနန့် တောလမ်းလေးက အပင်ချေ တစ်ပင်မှာ မှေးခနဲ့တရီး အိပ်ဖို့ကြံရေ။ အိပ်မောက မကျသိမ့် တိရိစ္ဆာန်နှစ်ကောင်က ဆူဗျယ်လမ်းလျှောက်လာပြီး သူအိပ်နိန်ရေ အပင်တစ်ဖက်မှာ ငြင်းခုန်နိန်ကတ်တေ။ မိုးဂျောက်က မှတ်တေ ဇာပိုင်ကောင်တိလေးချင့်။ အိပ်ဖို့ကမရ။ သူစိတ်တိုပနာ လိုက်ကြည့်ရေ။ ယား.. ယုန်နန့် လိပ် မနားယေ…
ယုန်နန့်လိပ် ရန်ဖြစ်နိန်ကတ်စွာက တခြားကြောင့်က မဟုတ်…အပြီးပြိုင်ကတ်စွာ ပထမဆုံးပွဲမှာ ယုန်က အိပ်နိန်လို့ရှုံးရေ။ နောက်တစ်ပွဲမှာခါ မအိပ်တေယုန်က နိုင်လားရေ။ မကျေနပ်တေ လိပ်က ရီကို ဖြတ်ပြီး ပြိုင်ခိုင်းခါ လိပ်ရာနိုင်ရေ။ကုန်းလမ်းသပ်သပ် ရီလမ်းသပ်သပ် ကိုယ့်လမ်းနန့်ကိုယ် ပြိုင်ရေအခေါက်မှာတော့ တစ်ကောင်ချင်းရောက်လားရေ ပန်းတိုင်မတူခါ အသူနိုင်မှန်းမသိ။ဆုံးဖြတ်ရ ခက်ပနာ ယင်းပိုင်နန့် ငြင်းနိန်ကတ်တေ။ ယင်းဟင့်ကို မိုးဂျောက်က အကြောင်းစုံ မီးကြည့်ခါမှ သိလားရေ။
“ နိန်ဦးသိမ့် ငါကူညီမေ...” ဆိုပြီး
မိုးဂျောက်စွာ ယုန်နဲ့လိပ်ကို ခေါ်ဗျယ်ပြောရေ။
``မင်းရို့နှစ်ကောင်စွာ တိရိစ္ဆာန်တိ ဖြစ်ကေလေ့.. အငြိမ်မနီ ဟိုပြိုင်ဒေပြိုင်နန့်။ အချေတိမှာလေ့ အလကားနီယင်း သင်ဖို့စာတစ်ပုဒ်တိုးလားရေ… တစ်ခါနန့်လေ့ မကျီ နှစ်ခါနန့်လေ မကျီ အချေတိလေ ခေါင်းရှုပ်နိန်ဗျယ် … ယင်းတွက်နန့် ငါပြောပိုင်လုပ် ”
ဆိုဗျယ်ပြောရေ သူကဗျယ် ဆက်ပနာ
``မင်းရို့နှစ်ကောင်မှာ ...တစ်ကောင်က ယုန်၊ တစ်ကောင်က လိပ်။ မတူရေ ပစ္စည်းနှစ်ခုကို ညီမျှခြင်းချလို့ တစ်ခါလေ့ မကျလို့မှတ်ထား၊ ပန်းသီးနန့် လိမ္မော်သီး ဇာကောင်းလေ မီးကေ၊ အရူးတိရာ တစ်လုံးလုံးကို ရွီးပြီးဖြေကတ်လိမ့်မယ်။ ယကေလေ့ ငါပျင်မေရအောင်`` ဆိုပြီး ပြောရေ။
မိုးဂျောက်က ပထမဆုံး လိပ်နောက်ကုန်းကို ချွတ်ခိုင်းရေ။ ယပြီးကေ လွတ်လွတ်လပ်လပ်ပြီးနီရေ ယုန်မှာ လိပ်နောက်ကုန်းကို တပ်ပနာ နှစ်ကောင်လုံးကို တောလမ်းမှာ ပြီးခိုင်းရေ။ အေတစ်ခေါက်က ယုန်ကလေ့ မအိပ်ပဲ ပြေးရေ။ ယကေလေ့ လိပ်နေက်ကုန်းက လီးရေခါ တဖြည်းဖြည်းရာလားရရေ။ လိပ်ကလေ့ နောက်ကုန်းမပါခါ အယင်ကထက်စာကေ ကောင်း ပေါ့ပေါ့ပါးပေါ့ပါး ပြေးနိုင်ရေ။ ယပိုင်နန့်နှစ်ကောင်လုံး ပြေးနှုန်းတူလားပြီးကေ မိုးဂျောက်စောင့်နိန်ရေ ပန်းတိုင်ကို တတူတူပန်းဝင်လားရေလတ်။
အဟင့် ယကေလေ့ လိပ်စွာ အထွန့်တက်ချင်ရေ ``ကုန်းမှာတော့ခါ တူဗျယ် ရီမှာဆိုကေ ငါနိုင်ချင်နိုင်ဖို့´´ ဆိုပနာ ပြောရေ။
``ယကေ ကောင်းဗျယ် ရီကိုလားမေ ယင်းမှာ ငါပြောပိုင်ဆက်ပြိုင်ဆိုပြီး မိုးဂျောက်က ပြောခါ ယုန်စွာကောင်းမျက်နှာချေ ငယ်လားရေ။ ရီထဲမှာ အေတိုင်း အလွတ်ကူးကေအောင်မနိုင်စွာ။ အခု သူပါးမှာ လိပ်နောက်ကုန်းနန့်၊ လိပ်မှာက ဗလာ၊ လိပ်ရာ နိုင်ဖို့ဆိုဗျယ်စဉ်းစားမိပြီး မျက်နှာချေငယ်လားရေ။ ယကေလေ့ ဒိုင်တင်ထားရေ မိုးဂျောက်ကိုယ်တိုင်က သဘောတူနိန်ခါမပြောသာ။ မိုးဂျောက်ခေါ်လားစော် နေရာကိုရာခေါင်းချေ ငိုက်စိုက်ငိုက်စိုက် နန့်ပါလားရ။ လိပ်ကတော့နောက်ကုန်းလေ့မဟိ သူနိုင်ဗျယ်ဆိုပြီး မြောက်ကြွမြောက်ကြွ ။
သူရို့သုံးယောက်လုံးမြစ်ဆိပ်တစ်နေရာမှာ ရပ်တေ။
``မင်းရို့နှစ်ကောင်အေမှာ စပြီးပြိုင်ရဖို့..´´ ဆိုပြီးကေ အယှိန်နန့်စီးနိန်ရေ ချောင်းမှာ လိပ်နောက်ကုန်းနန့်ယုန်ကို ပက်လက်ရေလတ်။ ယပြီးကေ လိပ်ကိုပါ ရေထဲချပြီး နှစ်ကောင်ကိုပြိုင်ခိုင်းရေ ရီက အယှိန်နဲ့လားနီရေဆိုခါ ယုန်က လိပ်ခွံပက်လက်မှာ ကူးစရာမလိုပဲ အယှိန်နဲ့လားနီရေ။ လိပ်ကလေ့ နောက်ကုန်းခွံမပါပဲ ကူးရေခါကျင့်သားမရကေလေ့ ရေသတ္တ၀ါဖြစ်လို့ ယင်အောင်ကူရေအတွက်နန့် နှစ်ကောင်သား ရီထဲမှာလေ အယင်နှုန်းတူပနာ တတူတူပန်းဝင်လားရေလတ်။
ရီမှာပါ ကုန်းမှာပါ တတူတူပန်းဝင်လားရေ ယုန်နန့်လိပ်လေ့ နောက်တစ်ခါ အပြီးမပြိုင်ဗျယ်ဆိုရေ ဂတိကို ပြုဗျယ် မိုးဂျောက်ကို ကောင်းချီးကျူးကတ်တေလတ်။ ပြဿနာတိပြီးလားလို့ မိုးဂျောက်ပင်ပန်းလာပြီး အိပ်ချင်စိတ်လေ့ ပျောက်လားပနာ လားရဖို့ ခရီးကို ဆက်လားခပါရေ။
အားလုံးကိုကျေးဇူးတင်ပါသည်။
ညီစု(၁၊၃၊၂၀၀၉)

မှန်ထဲမှာထောင်ဗျယ် ဖတ်ဖို့ အိပ်ရာထ၀တ္ထု(၂)

တခါကလေ့ ခြီရှည်ရေ မိုးဂျောက်စွာ ကရင်ပြည်ကို ရောက်လားပါလတ်။ ကားစီးယင်းနန့်လမ်းမှာ ပြောက်ကျားတိနန့်တွိပနာ ယင်းပြောက်ကျားတိက ကားထက်မှာပါရေ ကရင်မဟုတ်တေ လေးယောက်ကို ဖမ်းလာပါရေ။ ယင်းထဲမှာ အင်္ဂလိပ်တစ်ယောက်၊ တရုတ်တစ်ယောက်၊ ကုလားတစ်ယောက်၊ မိုးဂျောက်ကတော့ သိရေအတိုင်း ရခိုင်။
ပြောက်ကျားတပ်ကို ရောက်ရောက်ချင်းပင် ယင်းတပ်က ပြောက်ကျားဗိုလ်စွာ ထမင်းစားပြီးခါစ၊ (ပြောရဖို့သိမ့် ယင်းဗိုလ်စွာကကောင်းဆိုးရေလတ်။) ဖမ်းလာသမျှလူမျိုးခြားကို စိတ်မချင်ကေ မချင်ပိုင် သတ်ပစ်တတ်တော။ ကြောင်က ကြွက်ကို က၀တ်ပိုင် ကစတ်တတ်တေ။
ယပိုင်နန့် ဖမ်းလာစွာ လူလေးယောက်ကိုတွိမှာ ပြောက်ကျားဗိုလ်စွာအကြံရဗျယ်။ လူလေးယောက်ကိုခေါ်ဗျယ် မီးရေလတ်။
``မင်းရို့လေးယောက်ရပ်၊ ယပြီးကေ ငါမီးစွာကိုဖြေ…´´
အားလုံးက အံ့သြပြီးကြောက်လန့်နီကတ်တေ။
ဗိုလ်ကြီးက ပါးစပ်ဟပနာ
``ငါအခုနာကမှ ထမင်းစားပြီးသိမ့် ပါးစပ်က အနံ့ကို အနံ့ခံရဖို့… နံမနံငါ့ကိုပြော`` ဆိုပြီးပြောရေ။
ပထမဆုံးအင်္ဂလိပ်အလှည့် ဖြစ်ချင်စွာက ယင်းအင်္ဂလိပ်က မစဉ်းစား ပြောက်ကျားဗိုလ် ပါးစ ဟသိမ့်..။နံစွာကိုး
``နံရေ..နံရေ´´လို့ ပြောလိုက်တေ…
ဗိုလ်ကြီးက ``အေ အင်္ဂလိပ် ငါ့ကို အားမနာ ပါးမနာ``ဆိုဗျယ် သနတ်တစ်ချက်တည်း ပစ်သတ်ပစ်တေ။ အေတစ်ခါ တရုတ်အလှည့်။ တရုတ်ကလေ့ မစဉ်းစားဗျယ် အမှန်အတိုင်းပြောလေ့ အသတ်ခံရဖို့ဆိုဗျယ် ဗိုလ်ကြီး ပါးစဟမီးရေအခါ
``မွှီးရေ မွှီးရေ ´´ ဆိုပြီးမြောက်တေ။ယေမှာ ဗိုလ်ကြီးက ``အေ တရုတ်ငါ့ကို အချေထင်လာ ယာ လားလီ´´ ဆိုဗျယ် သနတ်နန့်ပစ်သတ်လိုက်ပြန်ရေ..
အခုတစ်ခေါက် ကုလား အလှည့်၊ ကုလားက လူကြည့်ရစွာဂျလည်နန့်တူရေ ဗိုလ်ကြီးကလေ့ တချချေပင်မစောင့် ကုလားကို ထပ်မီးရေ။ ပါးစပ်ကို ဟလိုက်တေ။ ကုလားက မျက်နှာကို တည်ပနာ
``အေ နိန့် နှာစီးနီပါရေ ဗိုလ်ကြီး´´
ယေမှာ ဗိုလ်ကြီးက ဂျလည်ကျချင်ရေ ငါမီစွာကိုမဖြေ ယာလားလီယား အရာတကောင် ဆိုဗျယ် သနတ်နန့်ပစ်သတ်ပြန်ရေ။
အခုနောက်ဆုံး မိုးဂျောက်အလှည့်မှာလေ့ ဗိုလ်ကြီးက ပါးစဟပီးပြန်ရေ မိုးဂျောက်က ပါးစက အနံ့ကို မသျှုခင် စိတ်ပါလက်ပါ ရင်းရင်းနှီးနှီး ဗိုလ်ကြီးကိုပြုံးပြပါရေ…
ယပြီးကေ စကားတိကို တစ်ခွန်းချင်း ပြောချလိုက်တေ..
``ဇာသူပိုင် အနံ့ရှူရပါဖို့လေ ဗိုလ်ကြီး…
``ဗိုလ်ကြီးကို ချစ်သူပိုင်လား…´´
``ဗိုလ်ကြီး ရန်သူပိုင်လား…´´
``ဗိုလ်ကြီုး တပည့်ပိုင်ပါလား…´´
ချစ်တေလူ တစ်ယောက် အနိန်နန့ှ် သျှုခါ ချစ်တေစိတ်နန့် သျှုလို့ ဇာအနံ့ပင်ဖြစ်ဖြစ်မွှီးပါဖို့… မုန်းရေလူတစ်ယောက် အနေနန့် သျှုကေတော့ အနံ့မွှီးမွှီး မမွှီးမွှီး နံပါဖို့… လက်အောင်ငယ်သားပိုင်သျှုရေခါ တော့ကေ.. နံနံမွှီးမွှီးပွင့်ပွင့်လင်းလင်း မပြောရဲလို့ နှာစေးရပါဖို့…
မိုးဂျောက်စကားဆုံးခါ ပြောက်ကျားဗိုလ်ကြီးစွာ ကောင်းကျေနပ်ပနာရယ်ပါရေ။ ယပြီးကေ မိုးဂျောက်ကို ချိုင်ထားရေကြိုးတိကိုဖြီပီးလိုက်ပြီးကေ။ အိမ်ပြန်လက်ဆောင် ဒင်္ဂါးတဆိချေပါ ပီးလိုက်ပါရေ မိုးဂျောက်လေ ပြောက်ကျားဗိုလ်ကို နှုတ်ဆက်ဗျယ် ယင်းတပ်ထဲက လမ်းလျှောက်ယင်းထွက်လားခပါရေ..
အားလုံးကို ကျေးဇူးတင်ပါရေ
ညီစု
(၁၊၃၊၂၀၀၉)

မှန်မာ ထောင်ဗျယ် ဖတ်ဖို့ အိပ်ရာထ၀တ္ထု (၁)

တခါကခါ ရခိုင်ပြည်မှာ မိုးဂျောက်လို့ခေါ်ရေ ကလေချေတစ်ယောက်ရှိပါရေလတ်။ မိုးဂျောက်ဆိုစွာ သူ့နာမေ အရင်းတော့ခါမဟုတ်ပါ၊ ဖြစ်စွာကအေပိုင် သူက လူများက အရဆှို၊ သူကတောင်၊ သူများကမြောက်ဆိုကေ သူက အနောက်၊ သူများက ထိုင်ကေ သူကပြီးရေ သူများကပြီးကေ သူက လဲနီရေ။ သူက လူများနဲ့ ဆန့်ကျင်နီစွာတော့ခါမဟုတ် ကန့်လန့်တိုက်လွန်းပိုင်ဖြစ်အားကြီးလို့ မိုးဂျောက်ဆိုပြီး ခေါ်ခံရစွာ။
တစ်နေ့သူစွာ ဗမာပြည်ကို အလည်လားပါရေလတ်။ အလုပ်ရှာယင်း ရှာယင်းနန့် ဖေ့သာတိ ပါသမျှ အားလုံးကုန်လားခါ ဗမာပြည်က စကားတောင်စား အလုပ်လုပ်ခရေ သူဌေးပါ့မာလားပြီး အမှုထမ်း ဝင်လုပ်ဖို့ ဆိုပနာ ၀င်လုပ်ပါရေ။ ယင်းသူဌေးအိမ်မှာ ကောင်းကောင်းကြိုးစား အလုပ်လုပ်ခါ သူဌေးက ကောင်းသဘောကျရေ။
တစ်နိန့် မိုးဂျောက်လေ့ညီးငွေ့ပြီး အလုပ်ထွက်ချင်ခါ ပီးမထွက်ဗျယ်။ ကြိုးစားရေ မိုးဂျောက်ကို အလုပ်မထွက်စီချင်ခါ သူဌေးစွာ ညစ်ဖို့ကြိုးစားပါဗျယ်။ အယင်စာရေးနောက်လိုက် စကားတောင်စားက သူအလုပ်မထွက်ချင်ရေခါက ပြောခရေအတိုင်းအလုပ်ရဖို့ဆိုပြီး အကြံရရေဗျယ် ချက်ချင်းမိုးဂျောက်ကို ခေါ်ပြီးပြောပါရေလတ်။
``ဝေး လူမောင်… အာကာမှာ လနှစ်စင်း တွိမှ မင်းကို အလုပ်ထွက်ခွင့်ပီးဖို့…´´
သူကပင်ဆက်ပြီးကေပြောရေ
``ယကေလေ့ စကားတောင်စားကို ငါပြခရေပိုင် ရီခွက်ထဲက လကို ပြလို့မရနန်း´´ဆိုပနာ ကောင်းကျေနပ်ဗျယ် အားရပါးရပြောရေ။ သူ့အကြံမှာ မိုးဂျောက်မကြံနိုင်ဗျယ် သူ့ပါ့မှာ အလုပ်ဆက်လို့ လုပ်ကိုလုပ်ရဖို့ဗျယ်ဆိုပြီး သူ့ကိုသူကောင်းကျေနပ်နီပါရေ။
ယေခါ မိုးဂျောက်က မတုန်လှုပ်ပဲ ပြောပါရေ
``သူဌေး ယကေ ညခါဖက်လာလတ်မေ…´´
အခုလား လားအိပ်လိုက်ပါဦးမေပြောဗျယ် တွက်ထားခရေ။
ညဖက်ခါ ရောက်ခါ သူ့ကိုယ်သူကောင်းကျေနပ်နီရေ သူဌေးစွာ ကွပ်ပျစ်မှာ ထိုင်ပနာ ရီနွိးသောက်နီရေ။ ယင်းအချိန် မိုးဂျောက် ရောက်လာခါရေ။ အထုပ်တိပါ တပါတည်းပါလတ်တေ။ သူဌေးက အံသြတကြီးနန့်
``သူဌေး ကျွန်တော်လားဖို့ဗျယ်…´´
``ဇာမှာလေ လနှစ်စင်းဝါ…´´
မိုးဂျောက်က မသိမသာချေ ပြုံးဗျယ် သူ့လက်ညှိုးကို သူဌေးနှစ်ခေါင်းရှိတည့်တည့် မျက်စိနှစ်လုံးကြားမှ ထားပြီး
``သူဌေး လက်ညှိုးကို ကြည့်ပါ။ လက်ညှိုးမှာ မျက်စိထားပြီး သာနီရေ လ ကိုမသိမသာကြည့် ဇာတွေလေ…´´
သူဌေးလေ့ ဂျီဝိဂျီဝါဖြစ်ဗျယ်လုက်ကြည့်ရေ မိုးဂျောက်ပြောရေအတိုင်းလုပ်မှ အာကာမှာ လနှစ်စင်းသာနီစွာ သူတွေ့လားရေ။
သူဌေးလေ့ မိုင်လားပြီး ခါးပိုက်အိတ်ထဲက ဒင်္ဂါးတိထုတ်ဗျယ် မိုးဂျောက်ကို ပီးလိုက်ရေလတ်။ မိုးဂျောက်လေ့ သူဌေးပီးစွာကိုယူ၊ သူဌေးကို နှုတ်ဆက်ဗျယ် ယင်းမှာက ထွက်လာခရေလတ်။
အားလုံးကို ကျေးဇူးတင်ပါရေ
ညီစု
(၁၊၃၊၂၀၀၉)

Thursday, June 4, 2009

အမှောင်ကို အရောင်သုတ်ထားရေ အလင်း



“မောင်နီသာ နက်ဖန်ခါ မင်းမျက်လုံးတိအားလုံးကောင်းလားပြီး ကမ္ဘာကြီးကို မင်းမြင်တွိရဖို့ဗျယ်။”
ဆရာဝန်ပြောရေ စကားကိုနားထောင်ယင်း သူကောင်းဝမ်းသာလားသည်။
အဂေါင့်နဂေါင့်ပင် နက်ဖန်ခါသည်သူ့ အတွက်ရင်ခုန်ဖို့ကောင်းနီဗျယ်။နက်ဖန်အယင်ရောက်ပါဖိ…။
……….။……….။………..
နောက်တနိ မိုးထ ဆရာဝန်က မျက်လုံးကို စည်းထားရေ ပတ်တီးတီးတိကို ဖြည်လိုက်ပြီး
တဖြည်းဖြည်း မျက်လုံးဖွင့်ခိုင်းသည်…။
ဆရာဝန် နန့် ဝန်ထမ်းတိပြီးကေ ဒုတိယအကြိမ်မြောက် သူကြည့် မိစွာက သူ့မျက်နှာ။မျက်နှာတစ်ခြမ်းက အမာရွတ်တိနန့် ပြည့်နီသည်။ အချေခါ ရပ်ကွက်မီးမှာ မမြင်းမစမ်းနန့် ပြီးလို့ သူရခရေ ဒဏ်ရာမှန်း တစ်ယောက်လေ့ မပြောပဲ သူသိပါသည်။သို့သော် အေလောက်ဆိုးရွားနီလိမ့်မည်ဟု သူလုံးဝမထင်ထားခ။
သူဆက်ပြီး စိတ်မညစ်ချင် ပတင်းပေါက်အပြင်ကို ရာ မြင်ချင်ဇောနန့် လှမ်းကြည့်လိုက်သည်။
“အိုး…. ပဇောင်လှလိုက်တေ ကမ္ဘာကြီးလဲ….”
သူ့ စိတ်ထဲက အမှတ်တမဲ့ ပြောပြီး အိမ်သားတိမလာခင် အနားယူနီလိုက်သည်။ဆရာဝန် လက်ဆောင်ပီးခရေ နီကာမျက်မှန်တပ်ပြီး ဆရာဝန်မကြည့်ဖို့ တားခရေ TVကိုဖွင့်ခိုင်းဗျယ် TVဇာတ်လမ်းကို စိတ်ဝင်တစား သူကြည့်နီမိသည်။
ဇတ်လမ်းမှာ ရိုက်ပြထားသမျှ အားလုံးက သူ့အတွက် အဆန်းချည်းရာ ဖြစ်သည်။သူဌေးသား သူဌေးသမီး ဘဝကိုပြထားသော ဇတ်လမ်းရာ ဖြစ်သည်။ယင်းဇတ်လမ်းမှာ ပင် သူမျောပါလားခသည်။
……..။……..။………
အိမ်သားတစ်ယောက်၏ အကူညီဖြင့် သူ အိမ်ဟုပြောသော နီရာ ကို ရောက်လာဖြစ်သည်။
“အင်း…အိမ်က အငယ့်ချေ …တစ်အိမ်လုံး ကြပ်ခိုးတိနန့် ညစ်ပတ်နီရေ…ကြည့်ခရရေ ဇတ်လမ်းထဲက အိမ်နန့် တခြားစီ”
သူ့ စိတ်ထဲမှ ရေရွက်ခြင်းဖြစ်သည်။
ညစသားရောက်မှ ဈီးသိမ်းလို့ ပြန်လာရေ မယားလို့ပြောရေ ကောင်မချေရောက်လာသည်။ဆီးရုံမှာ မဲပေါက်ပြီး အခမဲ့(အလကား)မျက်လုံး ခွဲပြီးဆင်းလာရေ လင်ကို လာမကြိုနိုင်လောက် အောင် သူ့ရို့ကမွဲစွာကိုး။သူရုတ်တရက် သတိရလိုက်မိသည်။မယား၏ အိမ်ဝကပင် နုတ်ဆက်သော အသံကိုတော့ မှတ်မိသည်။ရုပ်ကိုသေချာမမြင်ရ။
တန်းခါးကွယ်ရာနောက်ကနီ ဗြုန်းခနဲ့ ပေါ်လာရေ အရုပ် မွဲခြောက်ခြောက် ၊ဆံပင် ပြာနှမ်းနှမ်း ၊မျက်စိကာနာ နန့် ၊အရေးထဲ နှခေါင်းက စုတ်ချွန်းချွန်း၊လုံးဝကြည့်လို့ မကောင်းရေ မမတစ်ယောက်ကို သူဇာဖြစ်လို့ သမတက်ခမှန်း တစ်ယောက်တည်း မီးခွန်းထုတ်မိသည်။
အသံ ဟုတ်တေ အသံကြောင့်ရာမနား။အနီးမှာ လာထိုင်ရေမယားက အားရပါးရရယ်ပြသည်။ ပါးပြင်တစ်ခုလုံး နှမ်းခိုးလား ညှင်းလား မသေချာရေ အစက်အပြောက် တိနန့် ပြည့်လို့ ဆလိပ်ငွေ့တိ ရိုးမြီကျခစားထားရေ နုတ်ခွန်းမည်းမည်းကြားကနီ ကွမ်းစားလို့ နီရဲ ဝါကျင်နီရေ သွားနှစ်ခြီလုံး ပေါ်အောင်မယားကနုတ်ဆက်သည်။ သူ မျက်လုံးကို မှိတ်ပြီး အားယူဗျယ် ပြုံးပြလိုက်သည်။
……..။……..။……..
“စားလေ အကို ကြက်သားကို…ယာ အရိုးမနွှာတတ်လို့ မနား ခါတိုင်းပိုင် နွှာပီးမေခ”
ပြောပြောဆိုဆိုနန့် မယားက ကြက်သားတုန်း ကို ထမင်းစားရေ လက်နန့်ကောက်ကိုင်လိုက်သည်။ ဗရေဂါးဟင်းရည် အစပ်ကို တစ်ယောက်တည်းသောက်ပြီး အပြင်ကို စူးစမ်းဖို့ ထွက်လာသည့် သူမ၏ နှပ်ကို “ရှုးခနဲ့” ဝင်အောင် လုပ်လိုက်သည်။ အတင်း စုတ်ယူလိုက်သော်လည်း လမ်းတစ်ဝက်ထိရာ ဝင်သောနှပ်ကို မယားက ဂရုမစိုက်အား ထမင်းစားရေ လက်တစ်ဖက်က ကောက်ကိုင်ထားရေ ကြက်သားတုန်းကို ထမင်းဝါးလက်စ ပါးစနန့် ကိုက်ပြီး တစ်ဖက်က သူ့သံလောင်ပွန်းကို ကိုင်ပနာ ထွီးထည့်သည်။ အနားစပ်တိ ပေါက်ပြဲနီရေ သံလောင်ပွန်းကို ကြည့်ပြီး သူတွန်းဆွီးကို ရာ တိတ်တိတ်ချေ မျိုချဖြစ်သည်။
……။……။……
ထမင်းစားပြီးသိ ပထမဆုံး အကြိမ်မြောက် သူ့မြင်ရသော အပြည့် သာနီရေ လ ကို တဲပတင်းပေါက်ကနီ သူ အကြာကြီး ငေးနီဖြစ်သည်။
“အကိုး အိပ်ယာဝင်မေဖိ….လာ”
နောက်ကနီ ခေါ်နီရေ အသံပိုင်ချင်၏ အသံမှာ ဆွဲငင်အားကောင်းသည်။ သို့သော်လည်း သူ လှည့်မကြည့်ဖြစ်ပဲ အိပ်ရာထဲကို ဝင်လာလိုက်သည်။ ဖျာကို အသေချာ ခင်းထားသော မွေ့ယာ ညှင်းသိုးသိုး အနံ့သည် သူနန့် လုံးဝမစိမ်း။
သို့သော် လရောင်အောက်မှာ အထင်းသား မြင်နီရသည့် အဖာတရာ နန့် အိပ်ယာဟောင်း လေးခုလောက်ကို စုခြုပ်ထားရေ သူအိပ်ရဖို့ မွေ့ယာကို နောက်ကုန်းပင် ချချင်စိတ်မဟိ။သူ နိခင်းက ဆီးရုံမှာကြည့်ခရေ ဇတ်လမ်းထဲက လူတိ အရောင်အသွီးနန့် သူ့ဘဝ လားလားမှ မဆိုင်။ နောက်ဆုံး အတင်း လှဲချလိုက်မှ ရင်းနှီးဖူးရေ မွေ့ယာ အထိအတွိကြောင့် သူနီသာထိုင်သာ ဟိလားသည်။
နောက်ကနီ တယုတယ ပွတ်သပ်နီရေ မယားကို လှည့်ပင်မကြည့်ဖြစ်။မျက်စိမှိတ်ထားသော်လည်း ပြန်ပြန်မြင်ယောင်လာသည့် မျက်နှာကို လောလောဆယ်တော့ သူမဖျောက်နိုင်။ဈီးရောင်းပြီး ညောင်းလို့ ထင်ရေ သူးမယားလေ့ အိပ်ပါလားပြီး တနားအကြာသူမျက်လုံးကို အတင်းမှိတ်လိုက်ပြီး ကောင်းမကြာလိုက် သူပါ အိပ်ပါလားသည်။
…….။…….။…….
ရိုးသားရေလို့ နာမည်ကြီးသော သူ့ကို အလုပ်ပီးဖို့လူ မယှား။နောက်တနိမိုးလင်းမှာပင် ဆရာဝန်က အနားယူရန် တားခသော်လည်း ဝမ်းရေးအတွက် သူအလုပ်လုပ်ဖြစ်သည်။ အလုပ်လုပ်ရမည့် တအိမ်လုံးတစ်ယောက်လေ့ မဟိ။ အားလုံး အလုပ်နှင့် ကျောင်းသို့ လားခကြပြီး သူတစ်ယောက်တည်းရာ ကျန်ခသည်။ သူလုပ်ရမည့် အလုပ်က အိမ် နှင့် အိမ်ခြံဝင်းတစ်ခုလုံး ယှင်းလင်းရေး။ ကောင်းပင်မကြာလိုက် သူပြီးစီးလားသည်။ အမှန်က သူကိစ္စပြီးလျှင် သူဒေအိမ်မှ ထွက်လားရမည်ဖြစ်သည်။ အဟင့် သူချက်ချင်းတော့ ထွက်မလားချင်။သူမြင်တွိနီရရေ ဒေအိမ်ကို သူဆက်ပြီး တဆိချေ စူးစမ်းချင်သည်။ ဟုတ်တေ။ သူစိတ်ကို တနားချေ သူလွှတ်ထားလိုက်ချင်သည်။ နာရီကလေ့ အခုမှနိခင်းလောက်ရာ ဟိမည်။နီက သူ့ခေါင်းထက်တည့်တည့် မှာ။ အိမ်ယှင်များက ညစသားမှပြန်လာမည် ပြောသည်။ သူတစ်အိမ်လုံး လိုက်ကြည့် မိသည်။ဒေအိမ်က ဇတ်လမ်းထဲကပိုင် မခမ်းနားကေလေ့ သူ့တဲထက် အဆပေါင်းများစွာ သာသည်။ အိပ်ရာများကို ပုံစံကြည့်ချင်၍ သူအိပ်ခန်းတန်းခါးများကို ဖွင်ဖို့ ကြိုးစားသည်။ တောက်လျှောက်တစ်ခန်းမျှ ဖွင့်မရ။ နောက်ဆုံးဖွင့်ဖြစ်သော အိမ် အထက်ထပ်မှ အခန်းက အခန်းချင် lock ချဖို့ မိလားရေ ထင်ပါယင့်။ သူအလွယ်တကူ လှည့်လိုက်ရုံနှင့် အခန်းကပွင့်လားသည်။ အခန်းက ပြင်ထားစွာ ချစ်ဖို့ကောင်းသည်။အိပ်ရာကလေ့ အခန်းချင် မသိမ်းခထင်ယင့်။အင်း…အိမ်ချင်တိလေ့ လာဖို့မဟုတ်သိ။သူ၏ သိစိတ်နှင့် မသိစိတ် သဘောတူညီမှုရပြီး ကန့်ကွက်မဲ သုည နှင့် အိပ်ချင်စဖွယ် ကုတင်ထက်တွင် သူလှဲအိပ်လိုက်သည်။ အိပ်ယာ၏ နူးညံ့မှုအကြောင်းကိုပင် ကြာကြာ မတွေးလိုက်နိုင် ညောင်းညောင်းနှင့် သူအိပ်ပါလားသည်။
…….။…..။…….
“ဂျက်….ဂလောက်….ဂျက်…”
သူ အသံကြောင့်နိုးလာခြင်းဖြစ်သည်။သူနီကို ကြည့်လိုက်သည် ကောင်းတော့ မမှောင်သိ။ဇာအချိန်လောက် အိပ်ပါလားမှန်း သူမသိ။ မျက်စိကန်းနီ၍ နားကောင်းသော သူ အသံကြောင့်ရာ နိုးလာသည်။ ချက်ချင်းသူအိပ်ရာက ထပြီး ကဗျာကရာ အိပ်ရာကို ဟန်မပျက်ချေ ပြန်ထားလိုက်သည်။တော်ပါသိယင့် သူမအိပ်ခင်ကပင် အိပ်ယာက မသိမ်းရသိလို့။ သူ အခန်းပြင်ထွက်ဖို့ တန်းခါးနားအရောက် လှခါးထက်ကို တက်လာသော ခြီသံကြားလိုက်ရသည်။ယေမှ ဒုက္ခ။ ဒေ အခန်းပိုင်ချင်ရာ ဖြစ်မည်ထင်သည်။ ဟူး…သူချက်ချင်းထွက်လို့ မဖြစ်သိ။ အခြေနေ ကြည့်ပြီးမှ သူထွက်ရမည်။ထို့ကြောင့် ဘေးဘီကိုလှည့်ပြီး အခန်း တစ်ခုလုံးကိုလေ့လာလိုက်သည်။ သြော တွိဗျယ်။ သူ့မျက်လုံးကို ပထမအကြိမ်မြောက် ကျေးဇူးတင်လိုက်ပြီး လူတစ်ယောက်စာ ပုံးလို့ရသည့် ကုတင်အောက်ကိုလားမြင်ကာ ဝင်ပုန်းနီလိုက်သည်။
……။……။…….
“……….အီ….”
ဆီမထည့်ဗျယ်ကြာရေ တန်းခါးသံနှင့် တတူ ဝင်လာရေ ခြေဖဝါးချေက မထိရပဲနှင့် အမြင်နှင့်ပင် အလွန်နူးညံနီမည်ဖြစ်ကြောင်း သိသာလှသည်။ကုတင်ထက်သို့ ပစ္စည်းတစ်ခု ဖုတ်ခနဲ့ ပြတ်ကျသည်။ မကြာလိုက် ကုတင်ဘေးက အဝတ်ဗီုကို ဖွင်လိုက်သံသူကြားပြီး ခြီဖဝါးအနုချေ အထက်က ခြီမျက်စိနားကို စကပ်အဖြူချေကွင်းခနဲ့ကျသည်…ယပြီးလျှင် ..ပန်းနုရောင်ဇာတိတပ်ထားရေ သူနှင့် မရင်းနှီးရေ အရာတစ်ခုကျလာသည်။တနားချေပင်မကြာလိုက် သူမှင်သက်မိနီတုန်းမှာပင် ခြီဖဝါးနုချေက ယင်း ပန်းရောင် အရာဝတ္ထုထဲကနီ ကျွမ်းကျင်စွာ အသာယမထွက်လိုက်သည်ကို သူနောက်ဆုံးတွိလိုက်ရသည်။
“အိခနဲ့ ” ကုတင်ထက်မှာ ပစ်လှဲလိုက်သံနှင့် တတူမလိုက်တေ ခြီဖုဝါးချေ တစ်စုံလေ့ပျောက်ဆုံးလားပြီး တစ်ခန်းလုံးပြန်ငြိမ်သက်လား ပြန်သည်။ ခြီဖုဝါးချေ ချက်ချင်းပျောက်လားပုံ ကြည့်ရစွာ ခြီဖုဝါးပိုင်ချင် ညောင်းညောင်းနှင့် ဝင်အိပ်လိုက်ဗျယ်လို့ ထင်သည်။ ယင်းခြီဖုဝါးပိုင်ချင် အိပ်မောကျချိန် တနားချေစောင့်ပြီး သူဒေအခန်းထဲက ထွက်ဖို့ဆုံးဖြတ်ပြီး ကုတင်အောင်မှာ ဆက်ငြိမ်နီလိုက်သည်။
လူရာ အသံမထွက်အောင် သူငြိမ်နီရသည်။ အခုနကမှ မြင်လိုက်ရရေ မြင်ကွင်းကို သူ့မျက်လုံးထဲက ဖျောက်မရ။ သူပြန်မြင်ယောင်မိယင်း နှလုံးခုန်သံပါလျင်လာသည်။တခါလေ့ မမြင်ဖူးခရေ မြင်ကွင်း၏ ရလဒ်က ဆန်းကြယ်သည်။ ဒေလောက်ရင်ခုန်မှုမျိုး သူမကြုံဖူး။ ထောက်ထားရေ လက်ထက်ကို ဇောချွေးက တောက်ခနဲ့ ကျသည်။သူကိုယ်သူနား မလည်ဗျယ်။ အခန်းပိုင်ချင် သိလားမည်ကြောက်၍ ဇောချွေးပြန်လားသည်ဟုသာ သူယူဆလိုက်သည်။
…….။……..။……..
ငြိမ်သက်နီရေ အခန်းထဲမှာ ကုတင်အောက်ကနီ သူတတိမ်းချေ ထွက်လာလိုက်သည်။
ခြီကိုဖွပြီး မတ်တပ်ရပ်လိုက်မှ သူအခန်းတန်းခါးသို့ မလားမှီ ခြီဖုဝါးပိုင်ချင်ကို ဇာပုံစံမှန်း တနားချေလောက်တော့ သူကြည့်လိုက်ချင်သည်။သူမျက်လုံးနှစ်ဘက်လုံးကို ကုတင်ထက်သို ပို့လိုက်သည်။့မြင်ကွင်းက သူထင်မှတ်မထား သည့် မြင်ကွင်း။
ခြောက်သွိနီရေ အာခေါင်ကနီ မဟိရေ တန်းဆွီးကို မျိုချလိုက်သည်။အခုနက ရင်ခုန်သံထက် လျင်သော ရင်ခုန်သံကို သူ့နားနှင့်ပင် ကြားနီရသည်ပိုင် သူထင်လာသည်။ခြီဖုဝါးမှတစ်ဆင့် မွှီးညှင်းနုများပေါက်နီသည့် ခြီသလုံး၊ ပြီးလျှင် ပန်းနုရောင် မျက်နှာသုတ်စကို ကိုယ် ဗလာမှာ ပတ်ထားသော ခန္ဓာ။နောက်ဆုံး ပန်းနုရောင် ထနီသော ပါနုနု၊ သွီးကြောချေတိက ပါးနှစ်ဘက်မှာရာမက မှိတ်ထားသော မျက်ခွံ ထက်မှာပါ။တဖြည်းဖြည်းချင်းစီိ မြင်လိုက်ရသည့် မြင်ကွင်းက သူ့ခြီထောက်တိလှုပ်မရအောင် လုပ်ထားလိုက်ဗျယ်။ ရာသီဥတုကြောင့် ဆံစ မျက်နှာနှင့် ရင်ဘတ်တဝိုက် ကွက်ကျားပြီး စို့နီရေ ချွေးစက်ချေတိကလည်း လှသည်။မပြီတပြီဖြစ်နီရေ မျက်နှာသုတ်အောင်က ကိုယ်ခန္ဓာကလေ့ လှသည်။ သွယ်စင်းနီရေ ပေါင်တံမှာ အပြစ်အနာဆာ မဟိရေအပြင် ဝင်းဝါနီရေ အသားရေကို အေပိုင်မျိုးမြင်လိုက်ရသည့် အတွက် မျက်လုံးတိ အနည်းချေ မှေးစင်းလာပြီး သူမခန္ဓာကို အထက်ကမိုးလိုက်ဗျယ် သူ့လက်နှစ်ဘက်က ကောင်မချေ ပက်ခုံးကို ဆုပ်ကိုင်လိုက်သည်။
သူ့လှုပ်ယှားမှုကြောင့် နိုးကျလားရေကောင်မချေက ရုံန်းသည်။သူကလေ့ မလွတ်အောင် ဆုပ်ကိုင်ယင်း ခါးမတ်လာရေ ကောင်မချေကလေ့ အော်ဖို့ ကြိုးစားသည်။ သူမ မအော်ခင် သူတားမှဖြစ်ဖို့ဆိုရေ အသိကလွှမ်းမိုးလားပြီး အတင်း အားထည့်ဗျယ် လှဲချလိုက်သည့် အတွက် ကုတင်ဘောင်နှင် ကောင်မချေ နောက်စိဆောင့်ကာ နောက်ဆုံး သူမ မိမျောလားသည်။
…..။…..။…..
အမြင်အာရုံက အဓမ ဆွဲခေါ်လာသော ရမ္မက်ကို သူတိုးလွန်နိုင်စွမ်း မဟိရေ အဆုံးမှာ… ကွဲပြားရေ အမြင်ရာဟိပြီး မကွဲပြားမခြားနားရေ အရသာတစ်ခုကို သူ မိုက်မိုက်မဲမဲ ယူလိုက်မိသည်။
သူ အမြင်ကို သာယာခြင်း မှာ ကြာကြာခံစားချိန်မရ လိုက် ပါးလွန်းလှသော နားက ခြံတန်းခါးဖွင့်သံကို ကြားလိုက်ရသည်။ ဒေတစ်ခါ သူကောင်းမစဉ်းစားနိုင် မပြီးသိရေ အရသာတစ်ခု အဆုံးသတ်ဖို့ပင်ကြိုးစားဖို့ အကြံမရလိုက် အန္တာရာယ်ကို ကြိုသိလျက် အခန်းတန်းခါးဝကနီ ခြံနောက်သို့ ခုန်ချလိုက်သည်။
အလောတကြီး ခုန်ချလိုက်တေ အတွက် တိုင်တစ်တိုင်ကို တိုက်မိပြီး မြီပြင်ကိုကျသည်။ပြုတ်အကျတွင် သူ့ခန္ဓာ နှင့် အဝတ်လှမ်းသည့်တိုင် တိုက်မိပြီး တိုင်ပါလဲလားသည်။ အဝတ်လှမ်းရေ ကြိုးက သူ့ မျက်လုံးနှစ်ဘက်စလုံးကို တိုက်တိုက်ဆိုင်ဆိုင်ပင် လာရိုက်ပြီး တနားချေအတွင်း သူ တလောကလုံး၏ အလင်းနှင့် အဝီးဆုံးကိုရောက်လားခလီသည်။
…….။…….။……..
ပြစ်ဒဏ်တစ်ခုကို ပီးဆပ်တေဆိုရေ အချိန်တစ်ခုအတွင်းမှာ သူ့အတွက် အယင် အပြင်က အကန်းဘဝ နှင့် ထောင်တွင်း အကန်းဘဝ၏ ကွဲပြား ခြားနားချက်ဖြစ်တေ လွတ်လပ်မှုမဲ့ခြင်း နှင့် ပင်ပန်းခြင်းကို သူရဟိခသည်။ထောင်မှပြန်လွတ်လာသော တနိ နောက်တကြိမ် မျက်လုံးပြန်ခွဲဖို့လား ဟု မီးလာလျှင် သူ့ထံတွင် အဖြေတစ်တည်း သာဟိသည်။
ယင်းအဖြေသည်ကား…..။


အားလုံးကိုကျေးဇူးတင်ပါရေ….
ညီစု(၂၀၊၀၅၊၂၀၀၉)

Esoteric Stories(စိတ်နုတ်ခြင်း၏ ပုံဆောင်ခဲများ)

စိတ်တစ်ဝမ်းကွဲ

တစ်ဘက်ထရံမှ လူနှစ်ယောက်စကားပြောသံသေ့သေ့ကြားရသည်။

“ယင်းကိစ္စမှာ ကြိုးကိုင်နီရေ လူက ကောင်းတော်ရေ…

ကောင်းပိပိရိရိ ဟိရေ..”

စားလက်စ မုန့်ကိုပင် ဆက်မဝါးဖြစ် သူ ထရံနှင့် နားကို တသားတည်း အပ်လိုက်သည်။

“တော်ဖို့နန်းရာ တစ်သက်လုံး ရုပ်သီးဆွဲစားလာစွာ အေလောက်တော့ ဟိဖို့ပ”

သူ ဇာဆက်လုပ်ရမှန်းမသိ...မပွင့်တပွင့် တချက်ရယ်လိုက်ပြီး တခြားလူမမြင်ခင် ခပ်တည်တည်နှင့် ထွက်လာလိုက်ရသည်။

ပြဒါးဖျောက် မှန်

နဂိုကပင် မာနကြီးရေ ဘရဏီသာဒိုးတစ်ယောက် ကျောင်းက အတန်းဖော် မိုးခြူဆိုရေ ကောင်ချေကို ရည်းစားစာလိုက်ပီးရကောင်းလား ဆိုပြီး ဆတ်ဆတ်နာပြီးပြောရေ

“နင့်ပိုင်လူမျိုးမြင်ရစွာတောင် မျက်စိသနရေ ။ဈီးဖောင်သာပိုင် မြင်လိုက်စွာနန့် အန်ချင်ပါယင့်။… ဖယ်ပါဟေ နင်နန့်ဆို ရွံလို့ နတ်ပြည်လိုက်ပို့တောင် မလိုက်…ဖယ်ဟေး”

ဘရဏီသာဒိုး သူတောင်စားချေတစ်ယောက်က လားရေလမ်းမှာပိတ်ရပ်ပြီးတောင်းရေ ။စိတ်တိုစွာ အရှိန်မပြေသိ ရေ ဘရဏီသာဒိုးကလေ့ ဒေါသလက်ကျန်တိကို သွန်ချပစ်လိုက်တေ…

“လာပန်ဗျယ် ဒေမှာက တစ်မျိုး…ထိုမှာ နင့်အကိုကို အလုပ်လုပ်ခိုင်း ဖေ့သာမတောင်းပဲရအောင်..နင့်ခွက်ချေ လှုပ်နီရုံဗျယ်ယေ..ဖယ် …ဖယ်” ဆိုပြီးထွက်လားရေ။

မိုးခြူဆိုရေကောင်ချေကလည်း မာန်မပါပဲ သူတောင်းစားချေကို ပြုံးပြပြီး ထွက်လားခရေ။

…..။…….။……….

“တစ်ခါတလီ ဘဝက လက်ရာထက်ရေ ဒါရိုက်တာတစ်ယောက် ရိုက်တေကားပိုင် ကြိုမှန်းဆလို့ မရစွာတိ ဖြစ်ပျက်တတ်တေလတ်”

လက်ဖက်ရည်ဆိုင်ကနီ စကားတစ်ခွန်းစိုင်ကျလာရေ…။

လက်ဖက်ရည်ဆိုင် ဘေးမှာ ဖေသာတောင်းမကောင်းလို့ စိတ်ညစ်နီရေ သူတောင်းစားတစ်ယောက် ခွက်ကိုကြည့်ပြီးမှိုင်နီရေ…။

……။……။……….

ကောင်းမကြာလိုက် သူတောင်းစားကခွက်ကို အားရပါးရခေါက်တေ..

သူ့ရှိကဖြတ်လားရေ အသုဘ ကားကိုတွိလို့ လဒ်တက်အောင်သဘောမျိုး ခေါက်စွာ။

“ဘရဏီသာဒိုး ၂၄ နှစ်” လို့ရီးထားစွာကိုတော့ စာမတတ်လို့ သူမဖတ်တတ်လိုက်။ အသုဘကားမောင်းရေ လူကလေ့ သူတနားချေ အကိုတော်ခရရေ ဆယ်တန်းရှုလို့ အသုဘကားမောင်းနီရေ မိုးခြူဆိုရေ လူတစ်ယောက်မှန်းသူမသိလိုက်။

ခေါက်လက်စ ခွက်ကိုနားညီလို့နန့်တူရေ လမ်းလားတစ်ယောက်က မတ်စိ တစ်စိ ပစ်ချလိုက်တေ။

အင်…..သူ့အတွက် တစ်ဘက်ကမ်းက အိမ်ကိုပြန်ဖို့ ကူးတို့ခ ရလားလို့တော်သိယင့်။


နှစ်ကိုယ်စာဘာသာဗေဒ

လင်မယားနှစ်ယောက် စကားပြောနီလာ စကားများနီလာမသေချာ..

မြင်ကွင်းက ခပ်လှမ်းလှမ်းချေ…

ယောင်္ကျားကစပြောရေ။ ယေလေ့ ကြားရတစ်ချက် မကြားရတစ်ချက်….အနီးကိုတော့ ရောက်လာရေ။

“ဒုက္ခကို မီးထွန်းရှာနီစွာမဟုတ် လမ်းမီးတိုင်အောက်ကိုရောက်လာရေ ဒုက္ခကို ငါကလားတွိစွာရာ”

ညကကြည့်လက်စ ဇတ်လမ်းတွဲထဲက ကိုးရီးယားမင်းသား လူဆိုးဘားမှာ ခံလိုက်ရစွာ တွေးပြီး မယားကကိုယ်ချင်းစာရေ သနားရေမျက်လုံးနန့် လင်ကို လှန်းကြည့်ရေ ….။

“အဝင်းကျောင်းနီခရေ ကျောင်းဝင်းထဲမှာ နွားတစ်ကောင်မြင်ခရေ

ကျောင်းသူတစ်ယောက်ကတော့ သူကျောင်းရေနွားမဟုတ်လတ်..

အဓိကက အဂဓိ လိုက်စားလို့ ကျောင်းထဲကို နွားရောက်လာရေနိမိတ်ရာ…

မိုးတွင်းအတွက်ထားရေ ရီတွင်းမိုးရေ အလျှာလေ့ မမြင်ခမြင်ယင့်…

အယူသီးပြီး အသီးယူစွာလေ့ ကျောင်းက သရက်ပင်မှာ အသီးအညှောက်တောင်မကျန်

ဆရာကြီးက အကြီးရာ ဖြစ်နီစွာ

လဒ်စားပြီး စားလဒ်တောင်မရရေ အချေတိလေ့ စာမီးပွဲ ပီးအောင်ရေ”

ဆှိုဗျယ် အလာပသလာပ အခြင်းပြောရေ။

ညစက ဘောလုံးပွဲမှာ ဒိုင်လူကြီးခေါက်ဆွဲစားစွာ သတိရပြီး မယားဘက်က နာရေပုံစံမျိုးနန့်

မယားပြောရေအခြင်းကို လင်သည်က နားထောင်ပြီး ခေါင်းညိတ်တေ။

ယပိုင်နန့် လင်ပခုံးမှာ မယားမှီပြီး မြင်ကွင်းထဲက ညနီခင်းနန့်တတူ တရွိရွိပျောက်ကွယ်လားခရေ။

အမြင်နိယာမ

တစ်ခါလေ့ တစ်ယောက်နန့်တစ်ယောက် အမြင်ကို ညှိမရရေ အငြင်းသန်ရေ လူတစ်အုပ်ဘားကို အချေတစ်ယောက်ရောက်လာလတ်သည်။

“အိုး အခင်ရို့ အေချင့်စွာ ဇာပုံစံလို့ခေါ်ပါလေ..သားကို ယှင်းပြပါ..။”

အချေယူလာစွာက တစ်ရုတ်လုပ် ကမ္ဘာလုံးချေ…။

အကြီးတိလေ့ တစ်ယောက်လက်ကနီ တစ်ယောက် လက်လွှဲယူပြီး ကြည့်ကတ်သည်။

အေတခါတော့ တိုက်တိုက်ဆိုင်ဆိုင် အဖြေကလားတူနီသည်။

“အလုံး”

တစ်သံတည်း ထွက်လာသည်။

အချေက ဝမ်းသာအားရ ယုံလိုက်ပြီး ကမ္ဘာလုံးကို အားရပါးရမြောက်လိုက်မိပြီး ဖြတ်ခနန့်လွတ်ကျကာ သံမံတလင်းထက်တွင် ကမ္ဘာလုံးကွဲလားလီသည်။

ကွဲလားရေ ကမ္ဘာလုံး နှစ်ပိုင်းကွဲလားရေ အကွဲချေကို အချေကကိုင်ပြီး စကားတစ်ခွန်း စိတ်တိုင်းမကျ ဆိုသည်။

“အခင်ရို့ အားလုံးလိမ်ရေ အေမှာ ကမ္ဘာက ရီခွက်ပုံ”

ပကတိ ညီမျှခြင်း

“ထိုကောင်ချေ လမ်းထဲက ဝါဂျီးကိုခေါ်လားခရေဆို…”

“ဟုတ်တေ သီလားရေ ယင်းသူ့ အဖက မှာပခရေလတ် ခေါင်းလေးလုံးဟိရေလူကို ဆည်းပူးပါဆိုလို့ ခေါ်လားရေလို့ပြောယင့်”

“ဟေ….ဇာပိုင် ခေါင်းလေးခေါင်းဟိဖို့လေး ”

“လူခေါင်း ၊ ဒူးခေါင်းနှစ်ခေါင်း ၊ ယပြီးကေ လိပ်ခေါင်းပါ ဟိလို့လတ်”

ဆီးဖက်ဝင်ခြင်း

“……….ဝှီး……….”

“ယား………………….ချွှိ….”

မျက်မမြင် သိုင်းသမားတစ်ယောက်က ဟန်ပါပါနှင့် မျှားကို လမ်းလွှဲ ပစ်လိုက်ပြီး ဝင်ကယ်လိုက်သည်။

“ဖောက်”

မျှားက ဗူဖေါင်းတစ်လုံးမှာ လားစိုက်သည်။

“ဟင့် ….အီးဟီး……..အီဟီး”

“ယာ…ဇာလို့ ငိုနီလေ ဗူဖေါင်းပိုင် ပေါက်လားပြီး ဘဝ ပျက်ချင်လို့လား.. မဟုတ်ကေ ဗူဖေါင်းက မင်းရည်းစားလား”

“ဇာက ဟုတ်ဖိုလေး ငါက မျှားလာစိုက်ဖို့ မျှော်နီရေ ပစ်မှတ်”

လှည်းကျိုးနရီ


နွီဦးမှာတိုက်သော လီပြေချေတိကလွဲပြီး အခြားအနှောက်အယှက် မရှိခါ “ကန်တော်ကြီး”ဆိုရေ အေကန်ချေက ငြိမ်ငြိမ်သက်သက။်နိုင်ငံခြားမှာ စာသင်နီသည့် ကာလ ၅ နှစ်လုံး လူချင်းမတွိဘဲ ခွဲခွာနေကတ်ရသည့် ချစ်ဦးသူ ငယ်သူငယ်ချင်းမချေကို စောင့်နီသော ကျွန်တော်ကလည်း ခုံတန်းချေထက် ငြိမ်ငြိမ် သက်သက်။ ယင်းကန်ဘောင်ထက်က အပင်အောက်မှာ ကျွန်တော် မိုးထစောစောကပင် လာပြီးထိုင်နီဖြစ်သည်။ အချေခါရီကူးပြီးတိုင်း အကိုက်ခံထားရသမျှ ငါးဒဏ်ရာများကို ဒေအပင်က အရွက်ကိုချိုးပြီး ထွက်လာသော အစီးများကို အနာထက်တွင်လိမ်းယင်း အနာကုနီကျ။ နွီလေပြည်များ၏ အချော့အမြူမှာ ငယ်ဖြစ်များကိုတွေးယင်း ကျွန်တော်မှေးစင်းလားပြီး အပင်အောက်မှာ ကျွန်တော်ကိုယ်တိုင်လည်း ငြိမ်သက်လျက်။

“ဟေး အသစ်”

နွီလီပြေထက်ချိုမြိန်သော ငါးနှစ်တာမျှ တောင့်တမွတ်သိပ်ခဲ့ရသော ဒေအသံကို ကြားမှ ကျွန်တော် မျက်စိနှစ်ဖက်ကို ဖွင့်ဖြစ်သည်။ လီပြေပြင်းချေတစ်ချက် ရုတ်တရက်ဝှေ့ သည်။ထိုလီပြေက ကန်ဘောင်ထက်မှ သစ်ရွက်ခြောက်ကြွီကို ဆွဲယူမွှီ့ယမ်းလျက် ကန်ရီပြင်ထက်သို့ ဆွဲယူလားခသည်။ အခုနကမှ ငြိမ်သက်နီသော ကန်ရီပြင်လည်း သစ်ရွက်ခြောက်ကြွီ အကျတွင် ၀ဲဂယက်များထကာ လှုပ်ယှားအသက်ဝင်လာသည်။

ချစ်လှစွာသော ချစ်ဦးသူကောင်မချေက အမိပီးထားသောနာမေ “လူသစ်”ကို အဖျားဆွတ်ကာ “အသစ်”ဟုခေါ်လေ့ဟိသည်။သူ့ခေါ်သံမကြားဆိုရေ အထင်နှင့် သူမက ထပ်ခေါ်သည်။

“ဟေး အသစ်”

ကျွန်တော်ကန်ရီပြင်ထက်ကို လှည့်ထားသောမျက်နှာကို သူမဟိရာ လှည့်လျက်

“ငါကြားပါရယ်ဟေ”…ကျွန်တော်ကပင်ဆက်ပြီး

“ခိုင် လီဆိပ်ကို ဇာဖြစ်လို့လာမကြိုစွာလဲ..”

ခိုင်က တစ်ခုလေ့ ပြန်မဖြေ..။ကျွန်တော်ပြုံးလိုက်ပြီး

“နင် ကောင်းလှလားရေ ခိုင် ..လွန်ခရေ ငါးနှစ်ကထက် အများကြီးလှလားရေ ခိုင်..”

အမှန်မှာ ခိုင်မျက်နှာက တဆိချေ ညှိုးနွမ်းလျှက်ရှိသည်။ သို့သော်ခွဲခွာပြီး ပြန်တွေ့ကြရသော ချစ်ရသူမမချေ တစ်ယောက်ကို စကားများများစားစား ပြောနီဖို့ ကျွန်တော်က စကားမကြွယ်။ လှလာရေဆိုစွာလောက်ပဲ ပြောတတ်သည်။

သူမက ပြုံးရေဆိုရုံလောက် ပြန်ပြုံးပြယင်း ကျွန်တော်ဟိရာ လျှောက်လာပြီး ဘေး၌ ဝင်လာထိုင်သည်။ ကန်ရေပြင်ဟိရာကို ခိုင်မျက်နှာမူလိုက်ပြီး စကားစပြောသည်။

”နင် ငါ့ကိုထားရေ သဘောထားတိ ပြောင်းလဲလားဗျယ်လာ အသစ်”

ခိုင် ကျွန်တော့်မျက်နှာကို မကြည့်ဖြစ်သည့် အကြောင်းအရင်းကို မစဉ်းစားမိပဲ

“နင့်ကိုချစ်စွာကအစ မပြောင်းလဲသိမ့်ဟေ…” လို့ ကျွန်တော်ရယ်စပ်စပ် ပြန်ဖြေမိသည်။ သူမ တဆိချေငြိမ်လားပြီး ယောင်ယမ်း၍ပင် မမျှော်လင့်ခဖူးသောစကားကို သူမကကျွန်တော့်ကို ပြောပြသည်။

“ငါ့မှာ ကိုယ်ဝန် ၂ လဟိနီဗျယ် အသစ်။ ငါနန့်ဖြစ်ခရေ ငါရည်းစားကမိသားစုနန့်တတူ အမေရိကကို ထွက်လားဗျယ်…သူတာဝန်မယူနိုင်လတ်…”

ခိုင်ကမျက်ရည်များစွာ ၀ဲလျက် မယုံ၍မရသော ပုံပြင်တစ်ပုဒ်ကို ဆက်လက်ပြောပြနီသည်။ ကန္တာရထဲ မိုင်ပေါင်းများစွာ လျှောက်လိုက်ရသကဲ့သို့ ရင်ဘတ်တစ်ခုလုံး ခြောက်ကပ်လျက် သူမပါးမှ စကားများကို ဆက်နားထောင်ရန် အင်အားမဟိချင်။ သူမ၏ အီးစက်နီသော လက်နှစ်ဘက်ကို ဆုပ်ကိုင်လျက် သူမကို ကျွန်တော်မီးသည်။

“ဒေကိစ္စကို အခင်နန့်အရီးဝါ သိပြီးဗျယ်လာ .. ခိုင်”

အသံမထွက်ဘဲ ခေါင်းခါသည်။ပြီးမှ

“သူရို့ သိက်ေရှက်ပြီး သီလားလိမ့်မေ အသစ်.. ငါဇာလုပ်သင့်လေ ငါ့မှာသတ်သီစရာ လမ်းရာ ကျန်ဗျယ်နန့် တူပါရေဟေ…”

စကားဝိုင်းသည် အင်တန်ချေတိတ်ဆိတ်လားခသည်။

အချစ်ဆိုစွာကို စတင်ခံစားမိကတည်းက ချစ်လာခရသော ချစ်ရသူအတွက် နာရီဝက်အတွင်းမှာပင် ကျွန်တော် ဆုံးဖြတ်ချက် ချလိုက်မိသည်။ ခိုင်က အတင်းငြင်းနီသည့် ကြားမှပင် တရားရုံးသို့လား၍ နှစ်ယောက်သဘောတူ လက်မှတ်ထိုးဖြစ်ခသည်။

ယနိအချိန်အထိ ကျွန်တော့်ကို “ချစ်တယ်” လို့ တစ်ခါလေ့ မပြောခဖူးသော ခိုင်က တရားရုံးမှ အထွက် ကျွန်တော့်ကို စကားတစ်ခွန်းဆိုသည်။

“အရာအားလုံးအတွက် ငါ့ဘ၀လက်ကျန်တစ်ခုလုံး နင့်ကို ကျေးဇူးဆပ်ပါရစီ..အသစ်” လတ်။

ကျွန်တော်ပြုံးပြဗျယ် ခိုင့်လက်ကို တင်းတင်းချေ ဆုပ်ကိုင်ပြီး လမ်းလျှောက်ထွက်လာလတ်သည်။

ယင်းအချိန်က ကျွန်တော့် ရင်ဘတ်ထဲမှာ ၀မ်းနည်းခြင်း၊ ၀မ်းသာခြင်း သို့မဟုတ် တစ်စုံတစ်ရာသော ခံစားချက်တစ်ခုခု မဟိခသည်ကတော့ သေချာသည်။

မိဘများစီစဉ်ကျင်းပပီးရေ မင်္ဂလာပွဲက လူများအမြင်မှာ ပျော်ပျော်ရွှင်ရွင် ပြီးလားခသည်။ ကျွန်တော့်အမိ နှင့် အေးမများက ၀မ်းသာမဆုံးကတ်။ အချေခါကပင် ကျွန်တော် ခိုင့်ကို အသည်းအသန် ချစ်လာသမျှ အိမ်ကလူများက နားနှင့် မဆံ့အောင်ကြားနီခရသဖြင့် အခုလက်ထပ်ဖြစ်သည်ကို ကျေနပ်ဝမ်းသာကြသည်။သြစတေးလျမှာ ကျောင်းသွားမတက်ခင် အဖြေတောင်းထားပြီးမှန်းလည်း သူရို့သိကတ်၍ ယခုလက်ထပ်ဖြစ်ခြင်းမှာ မနီနိုင်၍အိမ်မှ လူများမတားခင် လက်ထပ်ခြင်းဖြစ်မည်ဟု အမိရို့ယူဆထားဟန်ဟိသည်။

နှစ်ယောက်စလုံး အထူးမပျော်ရွှင်ကတ်ပိုင် ၀မ်းနည်းခြင်းလည်း ကိုယ်စီမဟိခကတ်။ လူအများ ရှိ့တွင်ပြုံးပြရန် အားယူစရာလည်းမလိုအောင် ပြုံးနိုင်ရယ်နိုင်ခသည်။ မင်္ဂလာဦးညမှစ၍ တစ်ယောက်နှင့်တစ်ယောက် အထိအတွိမဟိ အပူအပင်ကင်းကင်း အိပ်စက်ခကတ်သည်။ မယားဝတ္တရားကို ခိုင့်ဘက်မှ ကျီပွန်ခသလောက် ကျွန်တော့်ဘက်ကလည်း လင်ယောက်ျား တာဝန်ကျီအောင် အတတ်နိုင်ဆုံးနီထိုင်ဖြစ်ခသည်။ သို့သော်လည်း တကယ်တမ်း သူများသွီးသားအား မိမိသွီးသားဟုတာဝန်ယူရသည်မှာ အချစ်တစ်ခုတည်းနှင့် မလုံလောက်မှန်း တဖြည်းဖြည်းသိလာ ရသည်။ ခိုင့် ကို လက်ထပ်ရန်ဆုံးဖြတ်စဉ်က အေလောက်ထိ မတွေးမိနိုင်ခ ။ တနိတခြားပီပြင်လာသော သူများသွီးသားကို ချစ်နိုင်ရန်အင်အားမဟိခ။ ဒေကိုယ်ဝန်ကိစ္စ အတွက် ခိုင့် ကို တစ်ခါလေ့ စကားစရှာ အပြစ်မဆိုခဲ့ပိုင် ခိုင်အားရှိစီဖို့်လည်း အားမပေးဖြစ်ခ။

မမချေးတစ်ယောက်ဖြစလို့ တစ်ခါမှားဖူးသော အမှားအတွက်သူမပီးဆပ်ခပြီး ကျွှန်တော်ပြောစရာ မဟိရလီအောင် ခိုင်က နီထိုင်ပီးခသည်။ ဆီးခန်းလားချိန်များမှ လွဲ၍ ခိုင့် ကိုယ်ဝန်ကိစ္စကို ကျွန်တော်နှင့် ခိုင်က စကားထဲ ထည့်မပြောဖြစ်ခကတ်။ အလွန်ကောင်းကတ်သည့် သူမ၏မိဘများနှင့် ကျွန်တော့်မိဘဆွေမျိုးများကို ခိုင်တဖြည်းဖြည်းကြောက်လာကာ ခိုင်အနီအစား ပျက်လာသည်။ အစားအသောက်အား တာဝန်ဝတ္တရားအရ ခိုင်စားသောက်သည်ကလွဲ၍ အဟာရအထူးတလည် တောင့်တခြင်းမဟိခ။ ကျွန်တော်ဂရုမစိုက်ခမှုများအကြား မိခင်၏စိုးရိမ်စိတ် အားငယ်စိတ်များကြားတွင် ခိုင့်သမီးချေ လူ့လောကသို့ ရောက်ဟိလာလတ်သည်။

မိုးသားများကြည်လင်လျက်ရှိသော ထိုနိက အပြစ်မဲ့သော ခချေတစ်ယောက် လူ့လောကသို့ ချည်းနင်းဝင်ရောက်လာလတ်သည်။ မွီးခန်းပြင်ပမှ စိတ်လှုပ်ယှားလျက်ရှိကတ်သော နှစ်ဖက်မိဘများက အချေကိုရွက်လာသော ဆရာဝန်၏ ခွင့်ပြုချက်ကိုပင်မစောင့်ပဲ အလုအယက် ၀ိုင်းဗျယ်ရွက်ကတ်သည်။ ထိုင်နီရာ ခုံထက်ကမထပဘဲ စိတ်တည်ငြိမ်လွန်းလှသော ကျွန်တော့်ကြောင့်ဘဲလားမသိ အသံဆူညံစွာ ဟိရေ ဆွေမျိုးများစကားသံတဖြည်းဖြည်း တိတ်သွားသည်။ မထူးဆန်းပိုင် စိတ်ထဲအားတင်းပြီး ကျွန်တော်… အချေကိုထကြည့်မိ သည်။

“ဘုရား ဘုရား”

ခိုင်မွေးသော ခိုင့်သမီးချေသည် လူမဆန်စွာပစ်ထားခသည့် သူ့အဖနှင့် ရုပ်ချင်းမှာ အင်တန်ပင်တူလွန်းလှသည်။ငြင်းမရအောင်တူလွန်းသော ခိုင့်သမီးချေကို မြင်လျှင် ခိုင်အကြောင်းကို ကြားဖူးသူတိုင်း အေအချေသည် ကျွန်တော့်အချေ မဟုတ်မှန်း မကြော်ငြာဘဲ သိကြလိမ့်မည်။ ယိုင်းထဲတွင် ထည့်ထားသော ခိုင့်သမီးချေက စူးစူးရဲရဲကြည့်ဗျယ် “ခစ်” ခနဲ မြည်လားအောင်ရယ်သည်။

“သမီးချေက ချစ်စရာချေ ရယ်တောင်နီဗျယ် သားချေ ” ဘေးကနှီ ရပ်ကြည့်နီသော အမိပြောမှ အချေက ကျွန်တော့်ကို လှောင်များရယ်နီလာလို့ တွေးမိဗျယ် ယိုင်းနားမှ ကော်ရစ်တာ ဟိရာသို့ထွက်လာပြီး လမ်းမထက် ကြည့်ငေးနီမိသည်။

ဇာလောက်အချိန်ကြာကြာတွေးနေမိရေမသိ၊ ပုခုံးထက်ကို လက်တစ်ဖက်က နွီးနွီးထွီးထွီးလာဖက်မှ အသိဝင်လာပြီး လှည့်ကြည့်မိရာ တစ်ခြားလူမဟုတ် ကျွန်တော့်အမိ

“လှည်းကျိုးထမ်းဖို့ဆို အသံမမြည်အောင် ထမ်းရရေသားချေ… အသံတကျွီကျွီ မြည်ရေ လှည်းကိုထမ်းမှတော့ ပတ်ဝန်းကျင်က ကြားရေနန်းရာ သား…” လတ်

အမိက အပြစ်လည်းမဆိုဘဲ ခနဲ့ရေ သဘောမဟုတ်ပဲ ပြောမှန်း ကျွန်တော်သဘောပေါက်ပြီး အမိကို စကားတစ်ခွန်းလေ့မပြောဘဲ ပြုံးပြမိသည်။

ကျွန်တော်ပြုံးပြယင်း အမိကို တောင်းပန်ကြည့် ကြည့်နီမိသည်။ သားတစ်ယောက်ရာ မြစ်ဖြစ်ခဖို့ ဆိုလျှင် ထိုမြစ်၏ သဘောသဘာဝ၊ ဖြစ်တည်ရာ၊ ချိုးကွေ့စီးစင်းရာ၊ နောက်ဆုံးပျော်ဝင်ပျောက်ကွယ်ရာ ပင်လယ်အထိ မြေပုံမကြည့်ပဲ အလိုလိုသိနီမည်ဖြစ်သော မိခင်တို့၏သဘောကြောင့်ဘဲလားမသိ။ အမိက ကျွန်တော့်အား နှစ်လိုအားတက်စဖွယ်ပြုံးပြပြီး

“သားမမှားပါကာ သားချေ…အေချင့်စွာ ၀ဋ်ကြွီးလည်းမဟုတ်.. နောက်ဘ၀တိအတွက် ဒေဘ၀မှာ ဖြည့်ပီးရဖို့ ပါရမီကုသိုလ်ရာ ဖြစ်ဖို့ သား…”လတ်

ကျွန်တော်မျက်ရည်များဝိုင်းဗျယ် ကျေးဇူးတင်စကား အသံမထွက်အောင်ပြောမိသည်။ အသံမထွက်သော်ငြားလည်း အမိကြားနိုင်လိမ့်မည်ဟု ကျွန်တော်ယုံကြည်သည်။

ကျွန်တော်နှင့်ပတ်သက်လာလျှင် ဆတ်ဆတ်ထိမခံဖြစ်ခကတ်သော အေးမများအားလုံး နှုတ်ဆိတ်လျက်၊ ခိုင်နှင့်ပတ်သက်ခဖူးသူ အကြောင်းကို သူရို့က ပိုသိနီကတ်သော်လည်း အရာရာကို ထောက်ချင့်ကာ နှုတ်ဆိတ်စွာဖြင့် အိမ်ပြန်လားကတ်သည်။

သတိမိနီရာမှ ပြန်နိုးလာသည့် ခိုင့်လက်ချေကို မင်္ဂလာပွဲအပြီးနောက်ပိုင်း ဒုတိယအကြိမ်မြောက်ဆုပ်ကိုင်ဗျယ် ကျွန်တော်အပီပြင်ဆုံး ပြုံးလျက် အားပီးဖြစ်သည်။

“အားလုံး အီးအီးဆီးဆီးရာ ခိုင်…”

ဒေလောကထဲမရောက်လာခင်ကတည်းက ကံဆိုးခရသော ခိုင့်သမီး ဒေလောကထဲ ရောက်လာပြနကေလည်း ကံမကောင်းနိုင်ဘဲ အကြားအာရုံချို့ယွင်းကာဉာဏ်ရည်မမီ၊ နားမကြားသော အချေတစ်ဦးအဖြစ်ကြီးပြင်းခရသည်။ အချေမမွီးခင် စိတ်ဓါတ်ကျဗျယ် ကိုယ့်ကိုယ်ကိုပါ အချေကိုပါ ဂရုမစိုက်မိပဲ ပေနီခသော ခိုင်တစ်ယောက် အချေမွီးပြီးမှ ပိုရင့်ကျက်လာပြီး တည်ငြိမ်လာသည်။ မမုန်းသော်လည်း မေတ္တာမပီးနိုင်ခသော ကျွန်တော့်ကိုလည်း အပြစ်မဆိုပါပဲ သူ့သမီးကို သူသာလျှင် ပြုစုစောင့်ယှောက်ခရသည်။

နှစ်အချို့ အလိုလိုဟောင်းခသော်လည်း ခိုင့်သမီးချေ မျက်နှာပေါက်သည် ပိုပို၍သာသစ်လာကာ သူ့အဖရင်းနှင့် တူတူလာသည်။ ထို့ကြောင့်ဟု မဆိုစီကာမူ ခိုင်နှင့်ကျွန်တော်သည် လင်မယားအဖြစ် အတူဟိနီကြသော်လည်း သွီးသားချင်း မရင်းနှီးကြသည်မှာ အေနိထက်တိုင်။ လူပျိုဘ၀ကပင် မထိရက်မတို့ရက်ခဲ့သော ခိုင်တစ်ယောက် သွီးသားဆန္ဒမလွန်ဆန်နိုင်၍ ကိုယ်ဝန်ဟိနီသည်ကို သိရပြီးကတည်းက ခိုင်ကို ရင်းနှီးလိုစိတ်မရှိဗျယ်။ မသတီ ဟူသော စကားသုံးရန်အထိလည်း မလို၊ သို့ရာတွင် စိတ်ထဲ၌ ခိုင့်ချစ်သူမျက်နှာကို မိဖျောက်မရ။ အနီနီးသည့်အခါ အတိတ်ကို နောက်ပြန်ရစ်ပိုင် ပြန်မြင်လာမိသည်။ အစွဲအလမ်းကြီးတတ်သော ကျွန်တော့်အပြစ်ပဲဆိုဖိ။ အိမ်ထောင်ကျပြီးကပင် မိန်းမကောင်းဂုဏ်ရည်နှင့်အညီ နီထိုင်ခသည့် ခိုင့်ကို ချစ်သော်လည်း အနီနီးစပ်၍ မရနိုင်။ အချိန်ကြာလာသည်နှင့်အမျှ မောင်နှမသားချင်းပိုင်ရာ ချစ်ခင်ရင်းနှီးလာကြသည်။

သိုနှင့် ခိုင့်သမီးမွီးပြီး နှစ်နှစ်ခန့်အကြာတွင် ကျွန်တော်ကပျင်းသည်ဟုအကြောင်းပြကာ မိဘမဲ့ဂေဟာမှ အမြွှာအချေနှစ်ယောက်ကို မွီးစတ်ခကတ်သည်။ ယောက်ျားချေနှင့် မိန်းကချေဖြစ်၍ “ရွှေမှုန်” နှင့် “ရွှေသား” ဟု ကင်ပွန်းတပ်ခါ ခိုင့်မျက်နှာ မကောင်း။ ခိုင့်သမီးနှင့် တန်းတူပင် ရွှေမှုန် နှင့် ရွှေသား ကို ခိုင် ချစ်သော်လည်း နီရာမရခသည့် ခိုင့်သမီးချေ အတွက်တော့ ခိုင်စိတ်ကောင်းမည် မဟုတ်မှန့်း ရိပ်မိသည်။

ဒေနောက်ပိုင်းမှာတော့ ကျွန်တော့်အိမ်ထောင်ရေး စိုပြေလာသည်ဟု ဆိုရမည်။ ခိုင့်သမီးချေကို ဂရုတစိုက်မရှိသော်လည်း ရွှေမှုန်နှင့် ရွှေသားကို အကြောင်းပြုကာ ခိုင်နှင့်ကျွန်တော် တစစ ပို၍ရင်းနှီးလာသည်။ အလုပ်အားလပ်ရပ်များတွင် အမွှာနှစ်ယောက်နှင့် ကစတ်ကွင်းလားကတ်သည်။ စားသောက်ဆိုင်လားကတ်သည်။ သို့ရာတွင် ခိုင်က သူ့သမီးပါလျှင်တော့ အဘိုး၊အဘောင်မနှင့်သာ သွားတတ်သည်။ အလိုက်သိတတ်သည်ဟု ဆိုရမည်။ ခိုင့်သမီးကျန်းမာရေးကိစ္စမှလွဲ၍ အခြားကိစ္စတွင် ကျွန်တော့်ကို ခေါ်သည်မှာ အလွန်ယှားလှသည်။

ကျွန်တော်ကိုယ်တိုင်လည်း ခိုင့်သမီးကို ချစ်နိုင်ရန် ကြိုးစားခဖူးသည်။သို့သော်လည်း ကျွန်တော့်မိဘ အသိုင်းအ၀ိုင်းတွင် ခိုင့်သမီးကိုလက်မခံနိုင်ကြ။ တစ်ခါကလည်း ညစာပိုင်း အမြွှာနှစ်ယောက်နှင့် လမ်းလျှောက်ထွက်ခါ လမ်းထဲမှ မိတ်ဆွေတစ်ယောက်က လှမ်းပြောသည်။ ရိုးသားစွာပြောခြင်းလား။ ဆန်းပြားစွာပြောခြင်းလားတော့ သူကိုယ်တိုင်ပဲသိလိမ့်မည်။ ကလေးများနှင့် ကျွန်တော့်ကို တွိသောအခါ သူပြောသည့်

“ကိုလူသစ်က သူများအချေ ချစ်တတ်တယ်နန်း ...” ဟူသည့် စကားက အရှိုက်ကိုရာ ခပြင်းပြင်းချေ ရိုက်ထည့်ပိုင် ပြန်တွေးမိတိုင်း ကျဉ်ကနန့် နီအောင်ခံစားရသည်။

ဒေပိုင်နှင့် ပတ်ဝန်းကျင်ကို ဂရုမစိုက်ဗျယ်ဟု ဆိုသည့်ကြားမှ ထိုဒဏ်ကိုလျော့တိလျော့ရဲ ဟန်ဆောင်၍သာ ကျွန်တော်ခံနိုင်တော့သည်။ ပတ်ဝန်းကျင်လီပြည် ဝေ့၀ိုက်ကစားမှုမှာ ကျွန်တော်နှင့် ခိုင့်သမီး ၀ီးသထက်ဝီးလာသည်။ အတ္တကြီးစွာပင် လူမြင်ကွင်းမှာ ပြောစရာမဖြစ်အောင် နီထိုင်ခသလောက် အိမ်တွင်းတွင်လည်း ခိုင့်သမီး လဲကျနီလျှင်တောင် လှည့်မကြည့်နိုင်လောက်အောင် စိမ်းလာခသည်။

ဒုက္ခိတ ခိုင့်သမီးကို ကျွန်တော့်အမိကသနား၍ အိမ်ကိုလာပြီး ကျွန်တော့်အား ယပြတ်ယပြတ် ဆိုပိုင်ဖျောင်းဖျသည်။ နောက်ပိုင်းတွင် အမိကလည်း ကျွန်တော့်အဖြစ်အား အချေတစ်ယောက်ကို ဆီးခါးတစ်ခွက်သောက်ခိုင်ပိုင် မျက်စိစုံမှိတ် သောက်ခိုင်း၍မရသော ကိစ္စမျိုးဖြစ်မှန်း သဘောပေါက်၍လားမသိ လက်လျှော့လိုက်သည်။ ကျွန်တော်ကိုယ်တိုင်လည်း ဒေကိစ္စကို ဆီးခါးတစ်ခွက်ပိုင် မျိုသိပ်သောက်ချ၍မရမှန်း ကျွန်တော့်ကိုယ်ကျွန်တော်ရာ သိသည်။

ဉာဏ်ရည်မမီရသည့်ကြားထဲ နားမကြားသော ခိုင့်သမီးမှာ အသက် ၇ နှစ်ရောက်သည် အထိ စကားမယ်မယ်ရရ တစ်လုံးမှ မတတ်သိမ့်။ ထိုအဖြစ်ကို ကြည့်ပနာ သနား၍ ယပြတ်ယပြတ် ရောက်လာတတ်သော ကျွန်တော့်မိက မှတ်မှတ်ရရ စကားဆိုသည်။

“အပြစ်မကင်းရေ လူကြီးတိကြောင့် အပြစ်ဖြစ်ခဲ့ရရေအချေ၊ သူ့ဝဋ်ကြွီးတိ ပိသထက် ပိုပိမလာအောင် ကိုယ်သယ်ယူလို့ရယင့်သားနဲ့ မျက်စိမှိတ် နောက်မခိုင်းပါကဲ့ သားချေ…”

အချေကို မကြင်နာမှန်း ပတ်ဝန်းကျင်မှ သိမည်စိုးရိမ်၍ အငှားသမတောင် ပီးမငှားခသော ကျွန်တော်ကလည်း ခိုင့်သမီးကိုမြင်လျှင် “အမာရွတ်မြင်လျှင် မင်းမဟော်သတိရ“ ဆိုပိုင် ခိုင့်ရည်းစားကို မိမရနိုင်။ ပတ်ဝန်းကျင်အား ဂရုမစိုက်ဟု နှုတ်မှဆိုနိုင်ခသော်လည်း ပတ်ဝန်းကျင်မှ ရိုက်ခတ်လာသော ဒဏ်ကို မသိစိတ်နှင့် သိစိတ်တစ်ဝက်တွင် ကြာရှည်မခံနိုင်။ “ဆရာအသတ်ခံရသည်ကို တောင့်ခံနီရသော်လည်း ငါအသတ်ခံရစွာ သူ့အတွက်နန့်” ဟူသော အတွေးမျိုးဝင်ကာ မမုန်းသော်လည်း ချစ်ဖို့ရာမဖြစ်နိုင်ခ။

ဒေနိ ရုံးမှ စောစောဆင်းဖြစ်သည်။ ဇာလို့မဟုတ် လမ်းထိပ်တွင် မိုးပျံပူဖေါင်းသည်ကိုတွိ၍ ရွှေမှုန် နှင့် ရွှေသား ကို သတိရပြီး ၀ယ်ယူမိသည်။ ကျွန်တော်ငယ်စဉ်အငယ်ခါကပင် မိုးပျံပူဖေါင်းကို အလွန်သဘောကျ၍ လူပျိုဖြစ်သည်အထိ ၀ယ်ကစတ်တုန်း။ အခု အိမ်ထောင်ကျပြီးဆိုတော့ သားသမီးအတွက်ပေါ့။

ခိုင် ဈီးလားနေသည်ထင့်။ ရွှေမှုန် နှင် ရွှေသားက သူ့အေးမ ခိုင့်သမီးနှင့် ကစတ်နီရင်း ပြီးလာပြီး ပူဖေါင်းကို အပြိုင်အဆိုင် တီတီတာတာနှင့် လုတောင်းကတ်တည်။ ကျွန်တော်ကိုယ်တိုင်ကလည်း ယုံးမှအပြန် စိတ်အပန်းဖြေချင်သည်ဖြစ်ရာ သားနှင့်သမီးကို ချက်ချင်းမပီးပဲ ပတ်ယှောင်နီမိသည်။

“ပါပါ သားကိုပီး ပါပါ ”

“ပါပါ သမီးကိုပီး”

“ပါပါ … ပါပါ...သားကိုအယင်ပီး…”

“ပါပါ သမီးကို အယင်ပီးနန်း… ပါပါ …”

ခါတိုင်းခါပိုင်ထက် အေနိတွင် “ပါပါ.. ပါပါ…”ဟူသော အသံများ ဆူညံလျက် ပျော်စရာကောင်းလွန်းလှသည်။

ကျွန်တော်ယှောင်နီရင်းတန်းလန်းက ရုတ်တရက် တုံ့ဆိုင်းရပ်လားသည်။ ခိုင့်သမီးချေက လက်ချေနှစ်ဖက်မြှောက်ပျယ် ရှိမှ ပိတ်ရပ်နီသည်။ ကျွန်တော့်အားကြည့်နီသော ထိုအချေ၏ မျက်လုံးများကို ကျွန်တော်မျက်နှာလွှဲရန် ကြိုးစားကြည့်သည်။ မရ။ ကျွန်တော်ကိုယ်တိုင်သာမက အားလုံးပင် အံ့သြကြရမည့် အဖြစ်မျိုး

“ပါပါ …”

လက်ချေနှစ်ဖက်က မြှောက်လျက်သား၊ မျက်လုံးချေတိမှ ဖော်ပြနီသော မျှော်လင့်ချက်ချေတိက မြင်ရသူနောက်ခိုင်းလား၍ မရလောက်အောင် ဂရုဏာသက်စရာ ကောင်းလှသည်။ အေသူချေဇာလောက်တောင် ဖခင်မေတ္တာငတ်နီပါလေ။ နားမကြား၍ စကားမပြောတတ်ခသော ခိုင့်သမီးက ရွှေမှုန် နှင့် ရွှေသား နိစဉ်ခေါ်နီသော ပါးစလှုပ်ပုံကို ဇာအချိန်ကပင် ကြည့်ဗျယ် သင်ယူထားသည်မသိ။ ပီပီသသပင် “ပါပါ” ဟု သူခေါ်တတ်ခ၏။ ခိုင့် ကိုပင် “မာမာ” ဟု ပီသအောင် မခေါ်တတ်ခသည့် ခိုင့်သမီးချေသည် စကားလုံးဝ မတတ်သည့်ကြားမှ “ပါပါ” ဟုခေါ်တတ်ခဲ့၏။ ရွှေမှုန် နှင့် ရွှေသားကို အားကျကာ ဖခင်မေတ္တာ ငံ့လင့်ခံယူနီသည်။

ကျွန်တော်ကိုယ်တိုင်လည်း ခိုင့်သမီးမျက်လုံးမှပြောသော စကားများကို ရင်ဘတ်နှင့် ဖတ်မိတတ်လာသည်။ကျွန်တော် ဒူးထောက်ထိုင်ချလိုက်ပျယ် ခိုင့်သမီးချေကို ဖက်ကာ အားရကျေနပ်စွာ

“အေးလေ … သမီးချေအတွက် ပါပါ ၀ယ်လာစွာ ယာ…”

ကျွန်တော် ဒေအသက်အရွယ်အထိ တစ်ခါလေ့ မမြင်ဖူးခသည့် အချေတစ်ယောက်၏ ပျော်ရွှင်ပီတိဖြစ်မှုများစွာနှင့် ခိုင့်သမီးချေက ပူဖေါင်းကိုချိုင်ထားသောကြိုးကို အားရ၀မ်းသာစွာ ဆုပ်ပျယ် အနားကပ်မခံခဖူးသော ကျွန်တော့်အား အတင်းဖက်ထားလေသည်။

“ပါပါ… သားသားဝါ”

“မီးမီးဝါ ပါပါ…”

ရွှေမှုန် နှင့် ရွှေသားက ထပ်တောင်းမှ လက်ထဲက ပူဖေါင်းကို ကြည့်မိခါ နှစ်လုံးကျန်နီသိမ့်သည်။ သြော…ကျွန်တော်ဝယ်လာခါကပင် ပူဖေါင်းသုံးလုံး သတိမထားမိပဲ ၀ယ်လာမိသည်ကိုး ။ အမှန်တကယ်မှာလည်း ကျွန်တော့်မသိစိတ်က ခိုင့်သမီးချေအား မိထားနိုင်ခလိမ့်မည်မဟုတ်။

ပူဖေါင်းချေကိုယ်စီနှင့် ရွှေမှုန်နှင့် ရွှေသားက ပျော်လို့။ ပူဖေါင်းချေကို ကိုင်လျက် ကျွန်တော့်အား တင်းနီအောင်ဖက်ထားသော ခိုင့်သမီးချေကလည်း ပျော်လို့။ ကျွန်တော်လည်း ခိုင့်သမီးကို ပထမဆုံး နွီးနွီးထွီးထွီးဖက်ကာ

“ကျေးဇူးတင်ပါရေ သမီး…သမီးချေ မျှော်လင့်ချက်အပြည့်နှင့် မေတ္တာကို ဆာလောင်နီခတရေ မျက်ဝန်းချေတိနန့် ကမ်းလင့်နီရေလက်နှစ်ဖက်က ပါပါ့ကို လူအမှန်ဖြစ်အောင် သင်ပီးခဗျယ် သမီး…ပတ်ဝန်းကျင်က ပြောခကတ်ပိုင် သမီးစွာ သူများသွီးဖြစ်ခကေလည်း… အပြစ်မဲ့ပြီး မိဘမိခရေ ရွှေမှုန်နန့် ရွှေသားပိုင် အဖမိခရေ မေတ္တာကိုငတ်နီရရေ အချေရာ…ပါပါ့ကို ခွင်လွှတ်ပါသမီး…ဒေနိကစဗျယ် ပါပါစွာ သမီးပါပါရာနန်းရာ…”ဆိုပြီး တစ်ယောက်တည်းတွေးနီမိသည်။

ဈီးမှပြန်လာသော ခိုင်က အဖြစ်အပျက်များတွိ့ကာ အံ့သြလျက်။ အိမ်ထောင်ကျပြီးကပင် သူငယ်ချင်းပိုင်ရာ နီလာခသော ခိုင့်ကိုပုခုံးချေလားခါ ခိုင်က ခေါင်းချေငုံ့လျက်။ ဈီးခြင်းတောင်းချပြီးရေ ခိုင့်ကို ပုခုံးချေဖက်ပြီး အဝတ်လှဲရန် အိပ်ခန်းထဲသို့ လျှောက်လာစဉ် ခိုင့်ကို အခုနက အကြောင်းအရာများ တရစပ်ရှင်းပြမှ ခိုင်က မျက်ရည်စများနှင့် ပြုံးသည်။

အိမ်ပြတင်းပေါက်တွင် ဘယ်ညာချထားသော ကလာကာ နှစ်စ လီတိုက်၍ လှုပ်ခတ်လားပုံက အချင်းချင်ကျီစယ် နီကတ်သည့် လိပ်ပြာနှစ်ကောင်နှင့် တူသည်။ အဖြူရောင်ပန်း ဖေါက်ထားသည့် ပန်းနုရောင်အိပ်ယာ ခင်းထားသော ကုတင်ချေထက် နှစ်ယောက်သားထိုင်ဗျယ် ခိုင့်နားရွက် နားချေကို ကပ်ပြီး ကိုက်မိမတတ် ကျွန်တော်က တိုးတိုးချေပြောသည်။

“အိမ်မှာ ဟိရေ ဆည်းလည်းချေတိ နည်းနီလို့ နောက်ထပ် ဆည်းလည်းချေတိ ထပ်ရှာကတ်မေ…ခိုင်…”

ခိုင်က စကားပြန်မပြော ကျွန်တော့်ရင်ခွင်ထဲသို့ တိုးကပ်ကာ ဆိတ်ငြိမ်လျက်။ ဆုပ်ထားသော ကျွန်တော့်လက်ကိုရာ ပို၍အားတင်းအောင် ဆုပ်ကိုင်ထားလီသည်။ အခုမှ တဖြည်းဖြည်း ချိုမြိန်လာသည့် လှည်းကျိုးနရီချေသည် ခိုင်နှင့် ကျွန်တော့်ကို တသားတည်းဖြစ်သွားအောင် ယနိမှစ၍ ညှို့ယူပျံ့လွင့်နေလီလိမ့်မည်။

တိမ်ခြီရာကောက်သူ

ညခါက ကျကွဲလားရေ ဖန်ခွက်ထဲမှာ
ဝိညာဉ်တစ်ကောင် အပိုပါလားရေ
ဝါကျစသိ ပုဒ်မချခံလိုက်ရဗျယ်
နောက်ဆုံးဆိုရေ ဝေါဟာရကို အမုန်းဆုံး…
လက်ပြနုတ်ဆက်ခြင်းကို မနှစ်သက်ပါ…
ယေလေ့ ပွင့်ရေပန်းတိုင်းဇာမွှီးဖို့လဲ
ပန်းတိုင်းမွှီးဖို့ မျှော်လင့်မိရေအတွက်
ဆန္ဒက ပရုပ်လုံးပိုင် တဖြည်းဖြည်းအငွေ့ပျံ
နက်ဖန်တိုင်းမှာ တတူတူဟိနီချင်ယင့်
ဦးတည်ရာမတူကေ မီးပွိုင့်ရောက်လာမှ
လမ်းခွဲရဖို့ဗျယ်နန်းရာ။
ဖန်ခွက်ချင်းတိုက်လို့
ရယ်သံတိသွန်ကျခရေ နိရက်တိုင်းအတွက်
ကျေးဇူးတင်ပါရေ။
နာရီသံလေးနာ၇ီတီးဗျယ်…
ရထား ဥသြလေ့ဆွဲဗျယ်…
လားရဖို့ဗျယ်ထော…
ဆက်မလိုက်ချင်လို့ ကျန်နီခရေ တိမ်တစ်စင်း
မတူညီရေ လမ်းထက်မှာဖြစ်နီကေလေ့…
ကောင်ကင်တစ်ခုတည်းအောက်မှာဟိနီမှန်းသိကေ
နောက်တစ်ခါ အရောင်မတူလို့ လှမ်းမကိုက်ပါကေ့။
အရောင်ပြောင်းထားရေ ဝိညာဉ်အနံ့ကို ခံလို့
ဘုံကျခရေ အတ္တကိုမှတ်မိကေ
မနွီးထွီးကေတောင် အီးစက်မနီရေလက်ကို
နူတ်ဆက်ချင်ပါရေ။
အချပ်ချပ်လန်နီရေ ပြက္ခဒိန်ထက်မှာ
ကွဲကွာလားရေတိမ်ခြီရာတိ လိုက်ကောက်ဖို့စွာရာ…
စိတ်ကူးယဉ် အိမ်မက်တစ်ခု ဖြစ်ကောင်းဖြစ်ဖို့
မလွယ်ကူရေအရာတိမှာရာ အိမ်မက်ဆိုစွာ ရှင်သန်တတ်လို့
အိမ်မက်ထဲမှာလွင့်မျောပြီး
တိမ်ခြီရာကောက်ဖို့
လမ်းကွဲကျန်ခရေ လူအတွက်
အပြုံးတစ်ခုရာ အမှတ်သား ချန်ပီးခပါ။


အားလုံးကိုကျေးဇူးတင်ပါရေ….
ညီစု
(၁၈၊၀၅၊၂၀၀၉)

ရင်နင့်ရွက်ကြွီ

ဖြုတ်ခနန့် ကြွီကျလားရေ
သစ်ရွက်ကြွီချေ...
နွီကိုရာ အပြစ်တင်ရဖို့လား
လီကိုရာအပြစ်တင်ရဖို့လား
ဆွဲငင်မထားခရေ သစ်ပင်ကိုရာလား
လွဲစင်လားရေ ဇာတ်ညွှန်းကို
ပျင်ဆင်ချိန်မရ
လှိုင်းသတ်လားရေ သဲမြို့ပိုင်
ဘဝက ရရောင်းခတ်ကျန်ခရေ။
နိုင်းမပြတတ်တောင်
ပျဉ်ဖိုးနားမလည်တတ်လို့
နောက်တစ်ခါဆိုလည်း
ဝပ်ဆင်းခယချင်ပါယင့်။

အာကာကိုထောင်ပစ်ရေ
မျှားတစ်စင်းအဖြစ်က
စိုက်ဖို့ ပစ်မှတ်မဟိမှန်းသိချိန်
အရာရာနောက်ကျလို့
မြီပြင်ကို အလဲလဲပြိုဆင်းခရလည်း
တခါက ဆိုစွာ တစ်ခါက ရာ
ဖြစ်လားမနားယေ။

သစ္စာခြောက်ခမ်းနီရေ သူ့ရင်မှာ
မြီသြဇာမဟိဘဲ ပေါက်လာရေ
ကတိ တိ အသီးမအောင်ခါမှ
ရွှေယုန်နန့်ရွှေကျား ဝတ္ထုထဲက
ရွှေကျားကို အထင်သေးမိရေအတွက်
နောင်တရမိပါယင့်။

နောင်တဆိုစွာ ကြိုတလို့မရပိုင်
ဘဝဆိုစွာလေ့ ကိုယ်ချင်ပိုင် ဆွဲလို့ရရေ
မျှဉ်းတစ်ကြောင်းကမဟုတ်။
ရလာရေ သင်္ခါန်းစာတိ
ချိတ်ဆွဲလို့ကြည့် ပြန်လေ့
မြိုးလုံးကျွတ်ထွန်းထားရေ
ဝါကျွတ်မီးပုံးတိရာ ဖြစ်လားရေ။

အင်...
တစ်ယောက်တည်း လှန်ပြီးထောင်းပလိုက်စွာ
ကိုယ့်ပေါင်တောင် အမှုန့်မှုန့် ကြွီပါလားဗျယ်။

ယေတောင်..
ခြွင်းချက်အတွက်
အရောင်မစွန်းခရေ စိတ်က
ညစာက နူတ်ဆက်လားရေ နီကို
ပြန်ထွက်လာနိုးနိုးနန့် မျှော်လင့်ယင်း
နီဝင်လားရေ အနောက်ဖက်ကိုရာ
စောင့်မျှော် ကြည့်ငေးနီမိရေ...။






အားလုံးကိုကျေးဇူးတင်ပါရေ
ညီစု (၀၅၊၀၅၊၂၀၀၉)

နောက်ကုန်းမှာဟိရေ...မှင်

မင်းအသက် တစ်ခါလွှတ်
ငါ့ အသက် ဆယ်ခါလွှတ်က
စလိုက်တေ ဇာတ်လမ်းစွာ
အောက်ဆီဂျင်နန့် ပေါက်ကွဲရေ ဗုံးပိုင်
တဖြည်းဖြည်းကြီးလို့ရာလာရေ...။

နာမ်စားချေတစ်ခုရာ
ယေလေ့
ကမ္ဘာက အခါခါ လဲပြိုခရဗျယ်။
အရောင်ဟိပြီးသား မြီကို
အနီရောင်သုတ်ဖို့
ယင်းနာမ်စားကပင်
ယပတ်ယပတ် ကြိုးစားတတ်တေ။

တစ်သက်လုံး ပိုးမွီးပိုင် မွီးလာလေ့
သခင်ကိုတောင် ပြန်ကိုက်တတ်တေ
ယင်းပိုင် သဆီတစ်ကောင်ကို
နွီးနွီးထွီးထွီး ရင်ခွင်မှာ ပိုက်လို့
သြော်...ရီးချိုး၊ထမင်းစား၊အိပ်ချိန်တောင်
မလွှတ်ချနိုင်ကတ်...။

မြင်မြင်သမျှ သူကပေါက်ရောက်လို့
ကုန်းကောက်ဖို့ မဟိရေ
ဆင်းရဲသားမှာတောင် ရီတွက်မရအောင်ပိုင်ရေ..

ပတ်ဝန်းကျင်ကို တစ်ချက်ချေလောက်
ဝှေ့ကြည့်လိုက်ကေလေ့
ထောပတ်သုတ်ထားရေ
ပေါင်မုန့် အသိုးကိုထုတ်ကျွေးတတ်တေ ဆရာတော်၊
အပေါစား ရောင်သုတ်ထားရေ
သက်တန်းအတုကို ဆောင်ခိုင်းတတ်ရေ ဆရာ၊
ရီမွှီးဆွတ်ထားရေ ငပိအိုးကို လက်ဆောင်ပီးတတ်ရေ သူငယ်ချင်း၊
မျက်နှာဖုံးကောင်းကြိုက်တေ ရည်းစား၊
ကိုယ့်ကိုယ်ကို မျက်လှည့်ပြ ကစတ်တေ
ငါ့ကိုယ်ငါ၊
အားလုံး အားလုံး နောက်ကုန်းမှာ
အချိန်က
တယုတယ ထိုးပီးထားရေ...မှင်ဟိရေ။

အနီးဆုံးမှာထားပနာ
အသေအချာမြင်ဖို့ မကြိုးစားခရေ
ယင်းမှင်ရုပ်ကို...
”အတ္တ”လို့ ခေါ်မှန်း..
ငါဇာခါ တိတိကျကျ
သဘောပေါက်နားလည်ဖို့လည်းဂု.....။




အားလုံးကိုကျေးဇူးတင်ပါရေ..
ညီစု
(၀၄၊၀၅၊၂၀၀၉)

စိတ်ဖန်အိမ်

အမူအကျင့်မှာတော့
ပစ်စလက်ခတ် သင်းကွဲနီရေကောင်
ပရိဒေဝ မှန်ကွဲပြတ်ထားလို့
အဝါရောင်ဧပြီအပျိုမ ပီးရေ
ပိတောက်လက်ဆောင်ကိုတောင် ငြင်းမိရေ။

ညချေ…
မင်းလက်ညှိုးတစ်ထောက်စာရာ
ယကေလည်း
ပြုတ်ကျလားရေ စိတ်ဖန်အိမ်ချေအတွက်
ချောက်စွန်မှာ ရပ်မိရေ ဒေလူမှာရာ အပြစ်…
အချစ်လို့ ရိုးရိုးချေပြောမေ။

သစ်ရွက်လှုပ်တိုင်း စာမစီတတ်တေ
အတ္တရင့် ဗဟုသုတတိက
ညချေဖတ်နီကျ
ပန်းနုရောင် ဘာသာဗေဒကိုဖတ်ဖို့
မျက်မှန်တပ်ရဖို့ဗျယ် ထင်ယင့်။

တတားချေရာဟိရေ ဆက်သွယ်မှုတိ
သင်္ခါရရီစီးထဲ
မျောပါမလားဖို့ ဆုတောင်းရာ
ဘယ်သန်ရင်ဘတ်ထဲမှာ
အမြတ်ကျန်ခရေ။

ဝိုင်းပြီး စောင်းတီး နားချနီကတ်တေကြားက
ညချေထုတ်ဝတ်ဖို့ အနီရောင်အောက်မှာ
ဝတ်တွားခယဖို့ ကျွှဲတစ်ကောင်ရာ…။

အခုတော့ခါ
တိမ်ဖဲကြိုးတပ်ထားရေ
အိမ်မွီးညနီခင်းချေတိလည်း မလှ…။

သက်တန်းကလကာချထားရေ
မိုးစဲနာရီချေတိလည်း မလှ…။

နတ်သမီးဖျော်တိုက်တေ
ကော်ဖီလည်းမကောင်း…။

နီမင်းကိုယ်တိုင် ထကြိုရေ
မိုးထက်သားတောင် မှိုစော်နံလို့…
ပတ်ဝန်းကျင်တစ်ခုလုံး ဖုန်တက်လို့…
Vista window တစ်ခုလုံး မွဲခြောက်လို့…။

လူတိကျပ်သိပ်နီရေကြားက
နိခင်းဓာတ်မီးတိုင်ချေ ငါ့ကို
အခုမှ ရင်းနှီးလာရေ သက်ပြင်းတိက
အနီးကတ်အားပီးယင်း
စက္ကန့်တိက တငွေ့ငွေ့
အသက်ငင်နီရေအချိန်
လတ်လတ်ဆတ်ဆတ် ကျကွဲထားရေ
စိတ်ဖန်အိမ်ကွဲချေတိပိုင်ဗျယ်…
ဒေလူ…
ဒေလူလေ့…
တစ်မှုန့်ချင်း ကြွီဆင်းနီရေ..ညချေ။


အားလုံးကိုကျေးဇူးတင်ပါရေ...
ညီစု
(၂၇၊၃၊၂၀၀၉)
 
ဝထ္တုမိတ်ဆက်

အမှောင်ကို အရောင်သုတ်ထားရေ အလင်း
“မောင်နီသာ နက်ဖန်ခါ မင်းမျက်လုံးတိအားလုံးကောင်းလားပြီး ကမ္ဘာကြီးကို မင်းမြင်တွိရဖို့ဗျယ်။”
ဆရာဝန်ပြောရေ စကားကိုနားထောင်ယင်း သူကောင်းဝမ်းသာလားသည်။
အဂေါင့်နဂေါင့်ပင် နက်ဖန်ခါသည်သူ့ အတွက်ရင်ခုန်ဖို့ကောင်းနီဗျယ်။နက်ဖန်အယင်ရောက်ပါဖိ…။

ဆက်လက်ရှုစားရန်

ငါရို့သဘာဝပတ်ဝန်းကျင်

ကမ္ဘာကြီး၏ အနာဂတ်တစ်စိတ်တစ်ပိုင်းသည် မိတ်ဆွေ၏ လက်ထဲတွင်ဟိသည်။


ဝထ္တုမိတ်ဆက်

လှည်းကျိုးနရီ
“အပြစ်မကင်းရေ လူကြီးတိကြောင့် အပြစ်ဖြစ်ခဲ့ရရေအချေ၊ သူ့ဝဋ်ကြွီးတိ ပိသထက် ပိုပိမလာအောင် ကိုယ်သယ်ယူလို့ရယင့်သားနဲ့ မျက်စိမှိတ် နောက်မခိုင်းပါကဲ့ သားချေ…”




ဝထ္တုပြခန်းထဲသို့ ကြွပါ
ကဗျာမိတ်ဆက်

ရင်နင့်ရွက်ကြွီ
နောင်တဆိုစွာ ကြိုတလို့မရပိုင်
ဘဝဆိုစွာလေ့ ကိုယ်ချင်ပိုင် ဆွဲလို့ရရေ
မျှဉ်းတစ်ကြောင်းကမဟုတ်။
ရလာရေ သင်္ခါန်းစာတိ
ချိတ်ဆွဲလို့ကြည့် ပြန်လေ့
မြိုးလုံးကျွတ်ထွန်းထားရေ
ဝါကျွတ်မီးပုံးတိရာ ဖြစ်လားရေ။

ကဗျာပြခန်းထဲသို့ကြွပါ

ပြတိုက် ဆောင်ပုဒ်

ဘဝရှင်သန်ခြင်း၏ တစ်ခုတည်းသော အဓိပ္ပါယ်သည် စိတ်ကျေနပ်ခြင်းပင်ဖြစ်သည်။


သင်၏ ဖြေသိမ့်နိုင်စွမ်းမှရာ
ထိုစိတ်ကျေနပ်ခြင်းကို ရှာဖွေပါ.....

ညီစု.....






ပြတိုက်အဝင်ဝသို့