တစ်ဘက်ထရံမှ လူနှစ်ယောက်စကားပြောသံသေ့သေ့ကြားရသည်။
“ယင်းကိစ္စမှာ ကြိုးကိုင်နီရေ လူက ကောင်းတော်ရေ…
ကောင်းပိပိရိရိ ဟိရေ..”
စားလက်စ မုန့်ကိုပင် ဆက်မဝါးဖြစ် သူ ထရံနှင့် နားကို တသားတည်း အပ်လိုက်သည်။
“တော်ဖို့နန်းရာ တစ်သက်လုံး ရုပ်သီးဆွဲစားလာစွာ အေလောက်တော့ ဟိဖို့ပ”
သူ ဇာဆက်လုပ်ရမှန်းမသိ...မပွင့်တပွင့် တချက်ရယ်လိုက်ပြီး တခြားလူမမြင်ခင် ခပ်တည်တည်နှင့် ထွက်လာလိုက်ရသည်။
နဂိုကပင် မာနကြီးရေ ဘရဏီသာဒိုးတစ်ယောက် ကျောင်းက အတန်းဖော် မိုးခြူဆိုရေ ကောင်ချေကို ရည်းစားစာလိုက်ပီးရကောင်းလား ဆိုပြီး ဆတ်ဆတ်နာပြီးပြောရေ
“နင့်ပိုင်လူမျိုးမြင်ရစွာတောင် မျက်စိသနရေ ။ဈီးဖောင်သာပိုင် မြင်လိုက်စွာနန့် အန်ချင်ပါယင့်။… ဖယ်ပါဟေ နင်နန့်ဆို ရွံလို့ နတ်ပြည်လိုက်ပို့တောင် မလိုက်…ဖယ်ဟေး”
ဘရဏီသာဒိုး သူတောင်စားချေတစ်ယောက်က လားရေလမ်းမှာပိတ်ရပ်ပြီးတောင်းရေ ။စိတ်တိုစွာ အရှိန်မပြေသိ ရေ ဘရဏီသာဒိုးကလေ့ ဒေါသလက်ကျန်တိကို သွန်ချပစ်လိုက်တေ…
“လာပန်ဗျယ် ဒေမှာက တစ်မျိုး…ထိုမှာ နင့်အကိုကို အလုပ်လုပ်ခိုင်း ဖေ့သာမတောင်းပဲရအောင်..နင့်ခွက်ချေ လှုပ်နီရုံဗျယ်ယေ..ဖယ် …ဖယ်” ဆိုပြီးထွက်လားရေ။
မိုးခြူဆိုရေကောင်ချေကလည်း မာန်မပါပဲ သူတောင်းစားချေကို ပြုံးပြပြီး ထွက်လားခရေ။
…..။…….။……….
“တစ်ခါတလီ ဘဝက လက်ရာထက်ရေ ဒါရိုက်တာတစ်ယောက် ရိုက်တေကားပိုင် ကြိုမှန်းဆလို့ မရစွာတိ ဖြစ်ပျက်တတ်တေလတ်”
လက်ဖက်ရည်ဆိုင်ကနီ စကားတစ်ခွန်းစိုင်ကျလာရေ…။
လက်ဖက်ရည်ဆိုင် ဘေးမှာ ဖေသာတောင်းမကောင်းလို့ စိတ်ညစ်နီရေ သူတောင်းစားတစ်ယောက် ခွက်ကိုကြည့်ပြီးမှိုင်နီရေ…။
……။……။……….
ကောင်းမကြာလိုက် သူတောင်းစားကခွက်ကို အားရပါးရခေါက်တေ..
သူ့ရှိကဖြတ်လားရေ အသုဘ ကားကိုတွိလို့ လဒ်တက်အောင်သဘောမျိုး ခေါက်စွာ။
“ဘရဏီသာဒိုး ၂၄ နှစ်” လို့ရီးထားစွာကိုတော့ စာမတတ်လို့ သူမဖတ်တတ်လိုက်။ အသုဘကားမောင်းရေ လူကလေ့ သူတနားချေ အကိုတော်ခရရေ ဆယ်တန်းရှုလို့ အသုဘကားမောင်းနီရေ မိုးခြူဆိုရေ လူတစ်ယောက်မှန်းသူမသိလိုက်။
ခေါက်လက်စ ခွက်ကိုနားညီလို့နန့်တူရေ လမ်းလားတစ်ယောက်က မတ်စိ တစ်စိ ပစ်ချလိုက်တေ။
အင်…..သူ့အတွက် တစ်ဘက်ကမ်းက အိမ်ကိုပြန်ဖို့ ကူးတို့ခ ရလားလို့တော်သိယင့်။
လင်မယားနှစ်ယောက် စကားပြောနီလာ စကားများနီလာမသေချာ..
မြင်ကွင်းက ခပ်လှမ်းလှမ်းချေ…
ယောင်္ကျားကစပြောရေ။ ယေလေ့ ကြားရတစ်ချက် မကြားရတစ်ချက်….အနီးကိုတော့ ရောက်လာရေ။
“ဒုက္ခကို မီးထွန်းရှာနီစွာမဟုတ် လမ်းမီးတိုင်အောက်ကိုရောက်လာရေ ဒုက္ခကို ငါကလားတွိစွာရာ”
ညကကြည့်လက်စ ဇတ်လမ်းတွဲထဲက ကိုးရီးယားမင်းသား လူဆိုးဘားမှာ ခံလိုက်ရစွာ တွေးပြီး မယားကကိုယ်ချင်းစာရေ သနားရေမျက်လုံးနန့် လင်ကို လှန်းကြည့်ရေ ….။
“အဝင်းကျောင်းနီခရေ ကျောင်းဝင်းထဲမှာ နွားတစ်ကောင်မြင်ခရေ
ကျောင်းသူတစ်ယောက်ကတော့ သူကျောင်းရေနွားမဟုတ်လတ်..
အဓိကက အဂဓိ လိုက်စားလို့ ကျောင်းထဲကို နွားရောက်လာရေနိမိတ်ရာ…
မိုးတွင်းအတွက်ထားရေ ရီတွင်းမိုးရေ အလျှာလေ့ မမြင်ခမြင်ယင့်…
အယူသီးပြီး အသီးယူစွာလေ့ ကျောင်းက သရက်ပင်မှာ အသီးအညှောက်တောင်မကျန်
ဆရာကြီးက အကြီးရာ ဖြစ်နီစွာ
လဒ်စားပြီး စားလဒ်တောင်မရရေ အချေတိလေ့ စာမီးပွဲ ပီးအောင်ရေ”
ဆှိုဗျယ် အလာပသလာပ အခြင်းပြောရေ။
ညစက ဘောလုံးပွဲမှာ ဒိုင်လူကြီးခေါက်ဆွဲစားစွာ သတိရပြီး မယားဘက်က နာရေပုံစံမျိုးနန့်
မယားပြောရေအခြင်းကို လင်သည်က နားထောင်ပြီး ခေါင်းညိတ်တေ။
ယပိုင်နန့် လင်ပခုံးမှာ မယားမှီပြီး မြင်ကွင်းထဲက ညနီခင်းနန့်တတူ တရွိရွိပျောက်ကွယ်လားခရေ။
တစ်ခါလေ့ တစ်ယောက်နန့်တစ်ယောက် အမြင်ကို ညှိမရရေ အငြင်းသန်ရေ လူတစ်အုပ်ဘားကို အချေတစ်ယောက်ရောက်လာလတ်သည်။
“အိုး အခင်ရို့ အေချင့်စွာ ဇာပုံစံလို့ခေါ်ပါလေ..သားကို ယှင်းပြပါ..။”
အချေယူလာစွာက တစ်ရုတ်လုပ် ကမ္ဘာလုံးချေ…။
အကြီးတိလေ့ တစ်ယောက်လက်ကနီ တစ်ယောက် လက်လွှဲယူပြီး ကြည့်ကတ်သည်။
အေတခါတော့ တိုက်တိုက်ဆိုင်ဆိုင် အဖြေကလားတူနီသည်။
“အလုံး”
တစ်သံတည်း ထွက်လာသည်။
အချေက ဝမ်းသာအားရ ယုံလိုက်ပြီး ကမ္ဘာလုံးကို အားရပါးရမြောက်လိုက်မိပြီး ဖြတ်ခနန့်လွတ်ကျကာ သံမံတလင်းထက်တွင် ကမ္ဘာလုံးကွဲလားလီသည်။
ကွဲလားရေ ကမ္ဘာလုံး နှစ်ပိုင်းကွဲလားရေ အကွဲချေကို အချေကကိုင်ပြီး စကားတစ်ခွန်း စိတ်တိုင်းမကျ ဆိုသည်။
“အခင်ရို့ အားလုံးလိမ်ရေ အေမှာ ကမ္ဘာက ရီခွက်ပုံ”
“ထိုကောင်ချေ လမ်းထဲက ဝါဂျီးကိုခေါ်လားခရေဆို…”
“ဟုတ်တေ သီလားရေ ယင်းသူ့ အဖက မှာပခရေလတ် ခေါင်းလေးလုံးဟိရေလူကို ဆည်းပူးပါဆိုလို့ ခေါ်လားရေလို့ပြောယင့်”
“ဟေ….ဇာပိုင် ခေါင်းလေးခေါင်းဟိဖို့လေး ”
“လူခေါင်း ၊ ဒူးခေါင်းနှစ်ခေါင်း ၊ ယပြီးကေ လိပ်ခေါင်းပါ ဟိလို့လတ်”
“……….ဝှီး……….”
“ယား………………….ချွှိ….”
မျက်မမြင် သိုင်းသမားတစ်ယောက်က ဟန်ပါပါနှင့် မျှားကို လမ်းလွှဲ ပစ်လိုက်ပြီး ဝင်ကယ်လိုက်သည်။
“ဖောက်”
မျှားက ဗူဖေါင်းတစ်လုံးမှာ လားစိုက်သည်။
“ဟင့် ….အီးဟီး……..အီဟီး”
“ယာ…ဇာလို့ ငိုနီလေ ဗူဖေါင်းပိုင် ပေါက်လားပြီး ဘဝ ပျက်ချင်လို့လား.. မဟုတ်ကေ ဗူဖေါင်းက မင်းရည်းစားလား”
“ဇာက ဟုတ်ဖိုလေး ငါက မျှားလာစိုက်ဖို့ မျှော်နီရေ ပစ်မှတ်”
No comments:
Post a Comment