Monday, July 13, 2009

နွမ်းလျရင်အို

တိမ်မိုးချေစို ညရိပ်အိုနှင့်
သစ်ငုတ်ပျိုထက်
ဆက်ကာမှိုင်တွေး ထိုင်ကာဆွေးလျက်
ပျက်ပြယ်မုတ်သုန် လီအစုန်မှာ
ဆင်သူကင်းလှ မွမ်းကျပ်ခြင်းက
ပန်းသို့အသွင် သက်ပြင်းနှင်၍
ရင်ဝယ်စိတ်ခြွီ တစ်ပွင့်ချင်းကြွီ။

မှီတွယ်ရာမဲ့ နွယ်မျှင်သို့လေ
လီဟာနယ်မှာ ဆက်ရန်မျှော်မှန်း
အမြင်းကန်းကာ တစာစာအော်
အခါခါခေါ် မပျော်သည့်ဖြစ်
ရင်မြစ်ငြိတွယ် မလွယ်ပုစ္ဆာ
အသူကလာ အဖြေရှာမယ်
ဖြေသာမစွန်း ရင်မှာပြည့်မွမ်း
တစ်ကိုယ်တည်းလွမ်း။

ရက်သစ်မဆန်း
သို့လေဆောင်းယွန်း
မြောက်ပြန်လီလမ်း လီရူးအနမ်း
သစ်ရွက်ရို့ကြွီ လွမ်းရက်ရှည်စီ
ရောက်လီနွီလည်း
မပျောက်ပြယ်နိုင်
နွမ်းလျက်ကယ်မှိုင် ရင်ချိုင်သောကြိုး
တိုက်ဆိုင်တိုင်းတိုး
မရိုးဆယ်သက် လွမ်းရက်ဆက်မည်။


အားလုံးကျေးဇူးတင်ပါသည်။
ညီစု(၁၃၊၀၇၊၀၉)

No comments:

Post a Comment

 
ဝထ္တုမိတ်ဆက်

အမှောင်ကို အရောင်သုတ်ထားရေ အလင်း
“မောင်နီသာ နက်ဖန်ခါ မင်းမျက်လုံးတိအားလုံးကောင်းလားပြီး ကမ္ဘာကြီးကို မင်းမြင်တွိရဖို့ဗျယ်။”
ဆရာဝန်ပြောရေ စကားကိုနားထောင်ယင်း သူကောင်းဝမ်းသာလားသည်။
အဂေါင့်နဂေါင့်ပင် နက်ဖန်ခါသည်သူ့ အတွက်ရင်ခုန်ဖို့ကောင်းနီဗျယ်။နက်ဖန်အယင်ရောက်ပါဖိ…။

ဆက်လက်ရှုစားရန်

ငါရို့သဘာဝပတ်ဝန်းကျင်

ကမ္ဘာကြီး၏ အနာဂတ်တစ်စိတ်တစ်ပိုင်းသည် မိတ်ဆွေ၏ လက်ထဲတွင်ဟိသည်။


ဝထ္တုမိတ်ဆက်

လှည်းကျိုးနရီ
“အပြစ်မကင်းရေ လူကြီးတိကြောင့် အပြစ်ဖြစ်ခဲ့ရရေအချေ၊ သူ့ဝဋ်ကြွီးတိ ပိသထက် ပိုပိမလာအောင် ကိုယ်သယ်ယူလို့ရယင့်သားနဲ့ မျက်စိမှိတ် နောက်မခိုင်းပါကဲ့ သားချေ…”




ဝထ္တုပြခန်းထဲသို့ ကြွပါ
ကဗျာမိတ်ဆက်

ရင်နင့်ရွက်ကြွီ
နောင်တဆိုစွာ ကြိုတလို့မရပိုင်
ဘဝဆိုစွာလေ့ ကိုယ်ချင်ပိုင် ဆွဲလို့ရရေ
မျှဉ်းတစ်ကြောင်းကမဟုတ်။
ရလာရေ သင်္ခါန်းစာတိ
ချိတ်ဆွဲလို့ကြည့် ပြန်လေ့
မြိုးလုံးကျွတ်ထွန်းထားရေ
ဝါကျွတ်မီးပုံးတိရာ ဖြစ်လားရေ။

ကဗျာပြခန်းထဲသို့ကြွပါ

ပြတိုက် ဆောင်ပုဒ်

ဘဝရှင်သန်ခြင်း၏ တစ်ခုတည်းသော အဓိပ္ပါယ်သည် စိတ်ကျေနပ်ခြင်းပင်ဖြစ်သည်။


သင်၏ ဖြေသိမ့်နိုင်စွမ်းမှရာ
ထိုစိတ်ကျေနပ်ခြင်းကို ရှာဖွေပါ.....

ညီစု.....






ပြတိုက်အဝင်ဝသို့