Saturday, June 6, 2009

မှန်မာ ထောင်ဗျယ် ဖတ်ဖို့ အိပ်ရာထ၀တ္ထု (၁)

တခါကခါ ရခိုင်ပြည်မှာ မိုးဂျောက်လို့ခေါ်ရေ ကလေချေတစ်ယောက်ရှိပါရေလတ်။ မိုးဂျောက်ဆိုစွာ သူ့နာမေ အရင်းတော့ခါမဟုတ်ပါ၊ ဖြစ်စွာကအေပိုင် သူက လူများက အရဆှို၊ သူကတောင်၊ သူများကမြောက်ဆိုကေ သူက အနောက်၊ သူများက ထိုင်ကေ သူကပြီးရေ သူများကပြီးကေ သူက လဲနီရေ။ သူက လူများနဲ့ ဆန့်ကျင်နီစွာတော့ခါမဟုတ် ကန့်လန့်တိုက်လွန်းပိုင်ဖြစ်အားကြီးလို့ မိုးဂျောက်ဆိုပြီး ခေါ်ခံရစွာ။
တစ်နေ့သူစွာ ဗမာပြည်ကို အလည်လားပါရေလတ်။ အလုပ်ရှာယင်း ရှာယင်းနန့် ဖေ့သာတိ ပါသမျှ အားလုံးကုန်လားခါ ဗမာပြည်က စကားတောင်စား အလုပ်လုပ်ခရေ သူဌေးပါ့မာလားပြီး အမှုထမ်း ဝင်လုပ်ဖို့ ဆိုပနာ ၀င်လုပ်ပါရေ။ ယင်းသူဌေးအိမ်မှာ ကောင်းကောင်းကြိုးစား အလုပ်လုပ်ခါ သူဌေးက ကောင်းသဘောကျရေ။
တစ်နိန့် မိုးဂျောက်လေ့ညီးငွေ့ပြီး အလုပ်ထွက်ချင်ခါ ပီးမထွက်ဗျယ်။ ကြိုးစားရေ မိုးဂျောက်ကို အလုပ်မထွက်စီချင်ခါ သူဌေးစွာ ညစ်ဖို့ကြိုးစားပါဗျယ်။ အယင်စာရေးနောက်လိုက် စကားတောင်စားက သူအလုပ်မထွက်ချင်ရေခါက ပြောခရေအတိုင်းအလုပ်ရဖို့ဆိုပြီး အကြံရရေဗျယ် ချက်ချင်းမိုးဂျောက်ကို ခေါ်ပြီးပြောပါရေလတ်။
``ဝေး လူမောင်… အာကာမှာ လနှစ်စင်း တွိမှ မင်းကို အလုပ်ထွက်ခွင့်ပီးဖို့…´´
သူကပင်ဆက်ပြီးကေပြောရေ
``ယကေလေ့ စကားတောင်စားကို ငါပြခရေပိုင် ရီခွက်ထဲက လကို ပြလို့မရနန်း´´ဆိုပနာ ကောင်းကျေနပ်ဗျယ် အားရပါးရပြောရေ။ သူ့အကြံမှာ မိုးဂျောက်မကြံနိုင်ဗျယ် သူ့ပါ့မှာ အလုပ်ဆက်လို့ လုပ်ကိုလုပ်ရဖို့ဗျယ်ဆိုပြီး သူ့ကိုသူကောင်းကျေနပ်နီပါရေ။
ယေခါ မိုးဂျောက်က မတုန်လှုပ်ပဲ ပြောပါရေ
``သူဌေး ယကေ ညခါဖက်လာလတ်မေ…´´
အခုလား လားအိပ်လိုက်ပါဦးမေပြောဗျယ် တွက်ထားခရေ။
ညဖက်ခါ ရောက်ခါ သူ့ကိုယ်သူကောင်းကျေနပ်နီရေ သူဌေးစွာ ကွပ်ပျစ်မှာ ထိုင်ပနာ ရီနွိးသောက်နီရေ။ ယင်းအချိန် မိုးဂျောက် ရောက်လာခါရေ။ အထုပ်တိပါ တပါတည်းပါလတ်တေ။ သူဌေးက အံသြတကြီးနန့်
``သူဌေး ကျွန်တော်လားဖို့ဗျယ်…´´
``ဇာမှာလေ လနှစ်စင်းဝါ…´´
မိုးဂျောက်က မသိမသာချေ ပြုံးဗျယ် သူ့လက်ညှိုးကို သူဌေးနှစ်ခေါင်းရှိတည့်တည့် မျက်စိနှစ်လုံးကြားမှ ထားပြီး
``သူဌေး လက်ညှိုးကို ကြည့်ပါ။ လက်ညှိုးမှာ မျက်စိထားပြီး သာနီရေ လ ကိုမသိမသာကြည့် ဇာတွေလေ…´´
သူဌေးလေ့ ဂျီဝိဂျီဝါဖြစ်ဗျယ်လုက်ကြည့်ရေ မိုးဂျောက်ပြောရေအတိုင်းလုပ်မှ အာကာမှာ လနှစ်စင်းသာနီစွာ သူတွေ့လားရေ။
သူဌေးလေ့ မိုင်လားပြီး ခါးပိုက်အိတ်ထဲက ဒင်္ဂါးတိထုတ်ဗျယ် မိုးဂျောက်ကို ပီးလိုက်ရေလတ်။ မိုးဂျောက်လေ့ သူဌေးပီးစွာကိုယူ၊ သူဌေးကို နှုတ်ဆက်ဗျယ် ယင်းမှာက ထွက်လာခရေလတ်။
အားလုံးကို ကျေးဇူးတင်ပါရေ
ညီစု
(၁၊၃၊၂၀၀၉)

No comments:

Post a Comment

 
ဝထ္တုမိတ်ဆက်

အမှောင်ကို အရောင်သုတ်ထားရေ အလင်း
“မောင်နီသာ နက်ဖန်ခါ မင်းမျက်လုံးတိအားလုံးကောင်းလားပြီး ကမ္ဘာကြီးကို မင်းမြင်တွိရဖို့ဗျယ်။”
ဆရာဝန်ပြောရေ စကားကိုနားထောင်ယင်း သူကောင်းဝမ်းသာလားသည်။
အဂေါင့်နဂေါင့်ပင် နက်ဖန်ခါသည်သူ့ အတွက်ရင်ခုန်ဖို့ကောင်းနီဗျယ်။နက်ဖန်အယင်ရောက်ပါဖိ…။

ဆက်လက်ရှုစားရန်

ငါရို့သဘာဝပတ်ဝန်းကျင်

ကမ္ဘာကြီး၏ အနာဂတ်တစ်စိတ်တစ်ပိုင်းသည် မိတ်ဆွေ၏ လက်ထဲတွင်ဟိသည်။


ဝထ္တုမိတ်ဆက်

လှည်းကျိုးနရီ
“အပြစ်မကင်းရေ လူကြီးတိကြောင့် အပြစ်ဖြစ်ခဲ့ရရေအချေ၊ သူ့ဝဋ်ကြွီးတိ ပိသထက် ပိုပိမလာအောင် ကိုယ်သယ်ယူလို့ရယင့်သားနဲ့ မျက်စိမှိတ် နောက်မခိုင်းပါကဲ့ သားချေ…”




ဝထ္တုပြခန်းထဲသို့ ကြွပါ
ကဗျာမိတ်ဆက်

ရင်နင့်ရွက်ကြွီ
နောင်တဆိုစွာ ကြိုတလို့မရပိုင်
ဘဝဆိုစွာလေ့ ကိုယ်ချင်ပိုင် ဆွဲလို့ရရေ
မျှဉ်းတစ်ကြောင်းကမဟုတ်။
ရလာရေ သင်္ခါန်းစာတိ
ချိတ်ဆွဲလို့ကြည့် ပြန်လေ့
မြိုးလုံးကျွတ်ထွန်းထားရေ
ဝါကျွတ်မီးပုံးတိရာ ဖြစ်လားရေ။

ကဗျာပြခန်းထဲသို့ကြွပါ

ပြတိုက် ဆောင်ပုဒ်

ဘဝရှင်သန်ခြင်း၏ တစ်ခုတည်းသော အဓိပ္ပါယ်သည် စိတ်ကျေနပ်ခြင်းပင်ဖြစ်သည်။


သင်၏ ဖြေသိမ့်နိုင်စွမ်းမှရာ
ထိုစိတ်ကျေနပ်ခြင်းကို ရှာဖွေပါ.....

ညီစု.....






ပြတိုက်အဝင်ဝသို့