ပစ်စလက်ခတ် သင်းကွဲနီရေကောင်
ပရိဒေဝ မှန်ကွဲပြတ်ထားလို့
အဝါရောင်ဧပြီအပျိုမ ပီးရေ
ပိတောက်လက်ဆောင်ကိုတောင် ငြင်းမိရေ။
ညချေ…
မင်းလက်ညှိုးတစ်ထောက်စာရာ
ယကေလည်း
ပြုတ်ကျလားရေ စိတ်ဖန်အိမ်ချေအတွက်
ချောက်စွန်မှာ ရပ်မိရေ ဒေလူမှာရာ အပြစ်…
အချစ်လို့ ရိုးရိုးချေပြောမေ။
သစ်ရွက်လှုပ်တိုင်း စာမစီတတ်တေ
အတ္တရင့် ဗဟုသုတတိက
ညချေဖတ်နီကျ
ပန်းနုရောင် ဘာသာဗေဒကိုဖတ်ဖို့
မျက်မှန်တပ်ရဖို့ဗျယ် ထင်ယင့်။
တတားချေရာဟိရေ ဆက်သွယ်မှုတိ
သင်္ခါရရီစီးထဲ
မျောပါမလားဖို့ ဆုတောင်းရာ
ဘယ်သန်ရင်ဘတ်ထဲမှာ
အမြတ်ကျန်ခရေ။
ဝိုင်းပြီး စောင်းတီး နားချနီကတ်တေကြားက
ညချေထုတ်ဝတ်ဖို့ အနီရောင်အောက်မှာ
ဝတ်တွားခယဖို့ ကျွှဲတစ်ကောင်ရာ…။
အခုတော့ခါ
တိမ်ဖဲကြိုးတပ်ထားရေ
အိမ်မွီးညနီခင်းချေတိလည်း မလှ…။
သက်တန်းကလကာချထားရေ
မိုးစဲနာရီချေတိလည်း မလှ…။
နတ်သမီးဖျော်တိုက်တေ
ကော်ဖီလည်းမကောင်း…။
နီမင်းကိုယ်တိုင် ထကြိုရေ
မိုးထက်သားတောင် မှိုစော်နံလို့…
ပတ်ဝန်းကျင်တစ်ခုလုံး ဖုန်တက်လို့…
Vista window တစ်ခုလုံး မွဲခြောက်လို့…။
လူတိကျပ်သိပ်နီရေကြားက
နိခင်းဓာတ်မီးတိုင်ချေ ငါ့ကို
အခုမှ ရင်းနှီးလာရေ သက်ပြင်းတိက
အနီးကတ်အားပီးယင်း
စက္ကန့်တိက တငွေ့ငွေ့
အသက်ငင်နီရေအချိန်
လတ်လတ်ဆတ်ဆတ် ကျကွဲထားရေ
စိတ်ဖန်အိမ်ကွဲချေတိပိုင်ဗျယ်…
ဒေလူ…
ဒေလူလေ့…
တစ်မှုန့်ချင်း ကြွီဆင်းနီရေ..ညချေ။
အားလုံးကိုကျေးဇူးတင်ပါရေ...
ညီစု
(၂၇၊၃၊၂၀၀၉)
No comments:
Post a Comment