ငါ့ အသက် ဆယ်ခါလွှတ်က
စလိုက်တေ ဇာတ်လမ်းစွာ
အောက်ဆီဂျင်နန့် ပေါက်ကွဲရေ ဗုံးပိုင်
တဖြည်းဖြည်းကြီးလို့ရာလာရေ...။
နာမ်စားချေတစ်ခုရာ
ယေလေ့
ကမ္ဘာက အခါခါ လဲပြိုခရဗျယ်။
အရောင်ဟိပြီးသား မြီကို
အနီရောင်သုတ်ဖို့
ယင်းနာမ်စားကပင်
ယပတ်ယပတ် ကြိုးစားတတ်တေ။
တစ်သက်လုံး ပိုးမွီးပိုင် မွီးလာလေ့
သခင်ကိုတောင် ပြန်ကိုက်တတ်တေ
ယင်းပိုင် သဆီတစ်ကောင်ကို
နွီးနွီးထွီးထွီး ရင်ခွင်မှာ ပိုက်လို့
သြော်...ရီးချိုး၊ထမင်းစား၊အိပ်ချိန်တောင်
မလွှတ်ချနိုင်ကတ်...။
မြင်မြင်သမျှ သူကပေါက်ရောက်လို့
ကုန်းကောက်ဖို့ မဟိရေ
ဆင်းရဲသားမှာတောင် ရီတွက်မရအောင်ပိုင်ရေ..
ပတ်ဝန်းကျင်ကို တစ်ချက်ချေလောက်
ဝှေ့ကြည့်လိုက်ကေလေ့
ထောပတ်သုတ်ထားရေ
ပေါင်မုန့် အသိုးကိုထုတ်ကျွေးတတ်တေ ဆရာတော်၊
အပေါစား ရောင်သုတ်ထားရေ
သက်တန်းအတုကို ဆောင်ခိုင်းတတ်ရေ ဆရာ၊
ရီမွှီးဆွတ်ထားရေ ငပိအိုးကို လက်ဆောင်ပီးတတ်ရေ သူငယ်ချင်း၊
မျက်နှာဖုံးကောင်းကြိုက်တေ ရည်းစား၊
ကိုယ့်ကိုယ်ကို မျက်လှည့်ပြ ကစတ်တေ
ငါ့ကိုယ်ငါ၊
အားလုံး အားလုံး နောက်ကုန်းမှာ
အချိန်က
တယုတယ ထိုးပီးထားရေ...မှင်ဟိရေ။
အနီးဆုံးမှာထားပနာ
အသေအချာမြင်ဖို့ မကြိုးစားခရေ
ယင်းမှင်ရုပ်ကို...
”အတ္တ”လို့ ခေါ်မှန်း..
ငါဇာခါ တိတိကျကျ
သဘောပေါက်နားလည်ဖို့လည်းဂု.....။
အားလုံးကိုကျေးဇူးတင်ပါရေ..
ညီစု
(၀၄၊၀၅၊၂၀၀၉)
No comments:
Post a Comment